crd
unicode
ထရိန်နင်ကို goatကြီးပြန်ရောက်လာလို့အပျော်ကြီးပျော်နေတဲ့ အန်တိုနီ
ခရစ္စတီယာနို ရော်နယ်ဒိုဟာ ချဲလ်ဆီးနဲ့ပွဲစဥ် လူစာရင်းကနေ ပယ်ထုတ်ခြင်း ခံရပြီးနောက် မနေ့တုန်းကစပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ပြန်လည် လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပါတယ်။အသက် ( ၃၇ ) နှစ်အရွယ် တိုက်စစ်မှူးဟာ အသင်းဖော်တွေနဲ့ ပြန်လည် ပူးပေါင်းခွင့်ရတဲ့အပေါ် ပြုံးပျော်လျက်ရှိပြီး အထူးသဖြင့် ကစားသမားတစ်ဦးက သူ ပြန်လာတဲ့အပေါ် အတော်လေး ပျော်နေတာ တွေ့ရပါတယ်။
အန်တိုနီဟာ ယူနိုက်တက်ကို ရောက်လာကတည်းက ရော်နယ်ဒိုကို လေးစားအားကျရကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။လက်ရှိမှာလည်း သူက အင်္ဂါနေ့ လေ့ကျင့်ရေးကွင်းမှာ ရော်နယ်ဒိုနဲ့အတူ ဘောလုံးကစားနေတဲ့ ပုံကို သူ့ရဲ့ အင်စတာ ဂရမ်စတိုရီကနေ စံပြပုဂ္ဂိုလ် (idol) လို့ အဓိပ္ပာယ်ရတဲ့ referencia လို့ ရေးသားကာ မျှဝေခဲ့ပါတယ်။
ဒါဟာ ရော်နယ်ဒိုအပေါ် အသင်းသားတွေက ဘယ်လောက် လေးစားတယ်ဆိုတာ ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ အပတ် အဖြစ်အပျက်က ဒီအချက်ကို ပြောင်းလဲ မပေးနိုင်ပါဘူး ။ ရော်နယ်ဒိုအနေနဲ့ ကြားရက် ရှရိဖ်နဲ့ ပွဲစဥ်မှာ ပြန်လည်ပါဝင်ခွင့်ရနိုင်ပါတယ်။
ရော်နယ်ဒို ပွဲထွက်လူစာရင်းထဲ ပြန်ပါလာချိန်တွင် အန်တိုနီအနေနဲ့ အရံခုံ ထိုင်ရနိုင်ပါတယ်။ ဘရာဇီးလ် တောင်ပံကစားသမားဟာ အေဂျက်ကနေ ယူနိုက်တက်ထံ ရောက်ရှိလာကတည်းက ပွဲတိုင်း ပုံမှန်ပွဲထွက်ခွင့်ရနေပြီး မကြာခဏ မိနစ် ( ၉၀ ) ပြည့် ကစားထားရပါတယ်။