ထင္မွတ္မထားတဲ့လုပ္ရပ္တစ္ခုေၾကာင့္သရဲနီဖန္ေတြရဲ႕အားေပးမႈကိုတစ္ခဲနက္ရရွိခဲ့တဲ့ ကာဗာနီ

ထင္မွတ္မထားတဲ့လုပ္ရပ္တစ္ခုေၾကာင့္သရဲနီဖန္ေတြရဲ႕အားေပးမႈကိုတစ္ခဲနက္ရရွိခဲ့တဲ့ ကာဗာနီ

ယမန္ေန႔ညကယူႏိုက္တတ္အသင္းရဲ႕ဝက္ဟမ္းအသင္းကိုအိမ္ကြင္းမွာေနာက္အႏိုင္ဂိုးနဲ႔အႏိုင္ယူခဲ့ၿပီးပရီးမီးယားလိဂ္ရဲ႕အဆင့္ေလးေနရာကိုယာယီသိမ္းပိုက္ထားႏိုင္ခဲ့ပါၿပီ။အဆိုပါပြဲစဥ္မွာယူႏိုက္တတ္တို႔ခက္ခက္ခဲခဲကစားခဲ့ရၿပီးဝက္ဟမ္းအသင္းရဲ႕ဂိုေပါက္ကိုပြဲခ်ိန္မိနစ္၉၀လုံးမွ‌ာထိေရာက္တဲ့ၿခိမ္းေျခာက္မႈေလးႀကိမ္ခန႔္သာျပဳလုပ္ႏိုင္ခဲ့ပါတယ္။ဝက္ဟမ္းအသင္းဟာလတ္ေလာပုံစံေကာင္းရရွိေနတဲ့အသင္းပီပီယူႏိုက္တတ္ဘက္ကိုအေကာင္းဆုံးတုန႔္ျပန္ႏိုင္ခဲ့ၿပီးတန္ျပန္တိုက္စစ္ေတြကေနတဆင့္ၿခိမ္းေျခာက္မႈေတြျပဳလုပ္ခဲ့ပါတယ္။ယူႏိုက္တတ္အတြက္အလွည့္အေျပာင္းကေတာ့ပြဲခ်ိန္၈၂မိနစ္မွာျပဳလုပ္ခဲ့တဲ့ရန္းနစ္ရဲ႕လူစားလဲမႈဘဲျဖစ္ပါတယ္။

 

ဂိုးေပါက္မပြင့္လို႔တိုင္ပါတ္ေနတဲ့ယူႏိုက္တတ္တိုက္စစ္ကို၈၂မိနစ္မွာရန္းနစ္ဟာလူစားလဲၿပီးအသင္းရဲ႕ကစားပုံပါေျပာင္းလဲပစ္ခဲ့ပါတယ္ကာဗာနီနဲ႔မာရွယ္တို႔ကိုလူစားဝင္ကစားေစခဲ့ၿပီဂရင္းဝုဒ္နဲ႔ဖရက္ကိုထုတ္ခဲ့တာပါ။ထိုလူစားဝင္လာတဲ့အတြဲအဖက္ကေနဘဲယူႏိုက္တတ္ရဲ႕အႏိုင္ဂိုးကိုဖန္တီးေပးခဲ့တာပါ၊ပြဲခ်ိန္၉၂မိနစ္မွာတဲလက္ကန္တင္ေပးလိုက္တဲ့ေဘာလုံးကိုေရာ္နယ္ဒိုကတခ်က္ထိမ္းၿပီးမာရွယ္ကိုေပးခဲ့ကာမာရွယ္ကဝက္ဟမ္းေနာက္ခံလူေတြနဲ႔တတန္းထဲေလာက္မွာရွိေနတဲ့ကာဗာနီစီကိုေပးခဲ့ကာကာဗာနီကလူကြၽံေဘာမျဖစ္ေအာင္ပါးပါးနပ္နပ္နဲ႔ေဖါက္ထြက္ခဲ့ၿပီး ေနာက္မွာေတာ့ဂိုးသမားနဲ႔တစ္ဦးျခင္းအေတြ႕ အခြင့္အေရးပိုေကာင္းတဲ့ရက္ဖိုစ့္ထိုးေပးခဲ့ၿပီးတခါထဲတန္းၿပီးေအာင္ပြဲခံခဲ့တာပါကာဗာနီဟာဂိုးရဲ႕ညာဘက္ေတာင္ပံနားကိုတစ္ဦးထဲေျပးသြားၿပီးအားပါးတရေအာင္ပြဲခံခဲ့တာကိုပရိတ္သတ္ေတြကအထူးသေဘာက်ေနခဲ့တာပါ။

အထူးသျဖင့္ပရိတ္သတ္ေတြကကာဗာနီရဲ႕တကိုယ္ေကာင္းမဆန္လွဘဲအခြင့္အေရးပိုေကာင္းတဲံရကဖိုစ့္ကိုထိုးေပခဲ့တဲ့စိတ္ဓါတ္ကိုလည္းခ်ီးက်ဴးေနၾကသလို အသင္းအတြက္အႏိုင္ဂိုးရသြားခ်ိန္မွာလည္းတကယ္ကိုအားပါးတရေအာင္ပြဲခံသြားတာကိုလည္း သေဘာက်ေနႀကဲပီးလူမႈကြန္ယက္မွာကာဗာနီရဲ႕ေအာင္ပြဲခံဟန္႐ုပ္သံေလးကိုအထူးေရပန္းစားေနခဲ့တာပါ။ယူႏိုက္တက္ အသင္း ရဲ႕ ပရိတ္သတ္ ေတြကေတာ့ အသင္းရဲ႕ ဝါရင့္တိုက္စစ္ မႈး ႀကီး ျဖစ္သူ အင္ဒီစင္ ကာဗာနီ ဟာ အသင္း ႏိုင္ပြဲ ရဖို႔အစြမ္းကုန္ႀကိဳးစား အားထုတ္ ေပး တဲ့ အသင္း ရဲ႕ ႏိုင္လို စိတ္အျပင္းထန္ဆုံး ေသာ ကစားသမားျဖစ္တယ္လို႔ ခ်ီးက်ဴးေနၾကပါတယ္။ကာဗာနီ ရဲ႕ ပြဲ အၿပီး လုပ္ရပ္ ကလည္းဆိုလ္ရွယ္မီဒီယာ မွာ အေတာ္ေလးကို လူေျပာမ်ားစရာ ျဖစ္ခဲ့ပါတယ္။

 

ကာဗာနီ ဟာ ၀က္ဟမ္းကို ေနာက္က် အႏိုင္ဂိုးနဲ႔ အႏိုင္ ရခဲ့တဲ့ ပြဲ မွာ အသင္း အတြက္ အႏိုင္ဂိုး ကို ဖန္တီးေပး ႏိုင္ခဲ့ တဲ့ အျပင္ ပြဲ အၿပီး မွာ ကစားသမားမ်ား ဥမင္ထဲသို၀င္ေရာက္ ေနၾက ခ်ိန္မွာ လည္း ပရိတ္သတ္ေတြရဲ႕ ပြဲၾကည့္စဥ္ ဘက္သို႔ ေရာက္လာၿပီး လက္သီးလက္ ေမာင္း တန္းကာအျပင္း အထန္ ကေလးတစ္ေယာက္လို ေအာ္ဟစ္ခုန္ေပါက္ ေအာင္ပြဲ ခံေနခဲ့ၿပီး အဆိုပါပုံရိပ္ေတြဟာ ဆိုလ္ရွယ္ မီဒီယာမွာ ျပန႔္ႏွံ႔ခဲ့ၿပီးေနာက္မွာေတာ့ ပရိတ္သတ္ ေတြဟာ အသင္းသား အားလုံးကို ကာဗာနီလို စိတ္ဓါတ္မ်ိဳး ရွိေစျခင္တယ္လို႔ ဆိုကာ ကာဗာနီကိုခ်ီးက်ဴးခဲ့ၾကတာပဲ ျဖစ္ပါတယ္။
crd

unicode

ထင်မှတ်မထားတဲ့လုပ်ရပ်တစ်ခုကြောင့်သရဲနီဖန်တွေရဲ့အားပေးမှုကိုတစ်ခဲနက်ရရှိခဲ့တဲ့ ကာဗာနီ

ယမန်နေ့ညကယူနိုက်တတ်အသင်းရဲ့ဝက်ဟမ်းအသင်းကိုအိမ်ကွင်းမှာနောက်အနိုင်ဂိုးနဲ့အနိုင်ယူခဲ့ပြီးပရီးမီးယားလိဂ်ရဲ့အဆင့်လေးနေရာကိုယာယီသိမ်းပိုက်ထားနိုင်ခဲ့ပါပြီ။အဆိုပါပွဲစဉ်မှာယူနိုက်တတ်တို့ခက်ခက်ခဲခဲကစားခဲ့ရပြီးဝက်ဟမ်းအသင်းရဲ့ဂိုပေါက်ကိုပွဲချိန်မိနစ်၉၀လုံးမှ‌ာထိရောက်တဲ့ခြိမ်းခြောက်မှုလေးကြိမ်ခန့်သာပြုလုပ်နိုင်ခဲ့ပါတယ်။ဝက်ဟမ်းအသင်းဟာလတ်လောပုံစံကောင်းရရှိနေတဲ့အသင်းပီပီယူနိုက်တတ်ဘက်ကိုအကောင်းဆုံးတုန့်ပြန်နိုင်ခဲ့ပြီးတန်ပြန်တိုက်စစ်တွေကနေတဆင့်ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့ပါတယ်။ယူနိုက်တတ်အတွက်အလှည့်အပြောင်းကတော့ပွဲချိန်၈၂မိနစ်မှာပြုလုပ်ခဲ့တဲ့ရန်းနစ်ရဲ့လူစားလဲမှုဘဲဖြစ်ပါတယ်။

ဂိုးပေါက်မပွင့်လို့တိုင်ပါတ်နေတဲ့ယူနိုက်တတ်တိုက်စစ်ကို၈၂မိနစ်မှာရန်းနစ်ဟာလူစားလဲပြီးအသင်းရဲ့ကစားပုံပါပြောင်းလဲပစ်ခဲ့ပါတယ်ကာဗာနီနဲ့မာရှယ်တို့ကိုလူစားဝင်ကစားစေခဲ့ပြီဂရင်းဝုဒ်နဲ့ဖရက်ကိုထုတ်ခဲ့တာပါ။ထိုလူစားဝင်လာတဲ့အတွဲအဖက်ကနေဘဲယူနိုက်တတ်ရဲ့အနိုင်ဂိုးကိုဖန်တီးပေးခဲ့တာပါ၊ပွဲချိန်၉၂မိနစ်မှာတဲလက်ကန်တင်ပေးလိုက်တဲ့ဘောလုံးကိုရော်နယ်ဒိုကတချက်ထိမ်းပြီးမာရှယ်ကိုပေးခဲ့ကာမာရှယ်ကဝက်ဟမ်းနောက်ခံလူတွေနဲ့တတန်းထဲလောက်မှာရှိနေတဲ့ကာဗာနီစီကိုပေးခဲ့ကာကာဗာနီကလူကျွံဘောမဖြစ်အောင်ပါးပါးနပ်နပ်နဲ့ဖေါက်ထွက်ခဲ့ပြီး နောက်မှာတော့ဂိုးသမားနဲ့တစ်ဦးခြင်းအတွေ့ အခွင့်အရေးပိုကောင်းတဲ့ရက်ဖိုစ့်ထိုးပေးခဲ့ပြီးတခါထဲတန်းပြီးအောင်ပွဲခံခဲ့တာပါကာဗာနီဟာဂိုးရဲ့ညာဘက်တောင်ပံနားကိုတစ်ဦးထဲပြေးသွားပြီးအားပါးတရအောင်ပွဲခံခဲ့တာကိုပရိတ်သတ်တွေကအထူးသဘောကျနေခဲ့တာပါ။

အထူးသဖြင့်ပရိတ်သတ်တွေကကာဗာနီရဲ့တကိုယ်ကောင်းမဆန်လှဘဲအခွင့်အရေးပိုကောင်းတဲံရကဖိုစ့်ကိုထိုးပေခဲ့တဲ့စိတ်ဓါတ်ကိုလည်းချီးကျူးနေကြသလို အသင်းအတွက်အနိုင်ဂိုးရသွားချိန်မှာလည်းတကယ်ကိုအားပါးတရအောင်ပွဲခံသွားတာကိုလည်း သဘောကျနေကြဲပီးလူမှုကွန်ယက်မှာကာဗာနီရဲ့အောင်ပွဲခံဟန်ရုပ်သံလေးကိုအထူးရေပန်းစားနေခဲ့တာပါ။ယူနိုက်တက် အသင်း ရဲ့ ပရိတ်သတ် တွေကတော့ အသင်းရဲ့ ဝါရင့်တိုက်စစ် မှုး ကြီး ဖြစ်သူ အင်ဒီစင် ကာဗာနီ ဟာ အသင်း နိုင်ပွဲ ရဖို့အစွမ်းကုန်ကြိုးစား အားထုတ် ပေး တဲ့ အသင်း ရဲ့ နိုင်လို စိတ်အပြင်းထန်ဆုံး သော ကစားသမားဖြစ်တယ်လို့ ချီးကျူးနေကြပါတယ်။ကာဗာနီ ရဲ့ ပွဲ အပြီး လုပ်ရပ် ကလည်းဆိုလ်ရှယ်မီဒီယာ မှာ အတော်လေးကို လူပြောများစရာ ဖြစ်ခဲ့ပါတယ်။

ကာဗာနီ ဟာ ၀က်ဟမ်းကို နောက်ကျ အနိုင်ဂိုးနဲ့ အနိုင် ရခဲ့တဲ့ ပွဲ မှာ အသင်း အတွက် အနိုင်ဂိုး ကို ဖန်တီးပေး နိုင်ခဲ့ တဲ့ အပြင် ပွဲ အပြီး မှာ ကစားသမားများ ဥမင်ထဲသို၀င်ရောက် နေကြ ချိန်မှာ လည်း ပရိတ်သတ်တွေရဲ့ ပွဲကြည့်စဉ် ဘက်သို့ ရောက်လာပြီး လက်သီးလက် မောင်း တန်းကာအပြင်း အထန် ကလေးတစ်ယောက်လို အော်ဟစ်ခုန်ပေါက် အောင်ပွဲ ခံနေခဲ့ပြီး အဆိုပါပုံရိပ်တွေဟာ ဆိုလ်ရှယ် မီဒီယာမှာ ပြန့်နှံ့ခဲ့ပြီးနောက်မှာတော့ ပရိတ်သတ် တွေဟာ အသင်းသား အားလုံးကို ကာဗာနီလို စိတ်ဓါတ်မျိုး ရှိစေခြင်တယ်လို့ ဆိုကာ ကာဗာနီကိုချီးကျူးခဲ့ကြတာပဲ ဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *