တြဲဖက္ကစားရအေကာင္းဆုံး အသင္းေဖာ္ကို ေျပာျပလာတဲ့ သရဲနီခံစစ္မႉး မာတီနက္ဇ္

တြဲဖက္ကစားရအေကာင္းဆုံး အသင္းေဖာ္ကို ေျပာျပလာတဲ့ သရဲနီခံစစ္မႉး မာတီနက္ဇ္

လီဆန္ဒ႐ိုမာတီနက္ဇ္ က သူ႔ရဲ႕ မန္ယူႏိုက္တဒ္ ကစားသမား ပထမရာသီမွာ တြဲဖက္ကစားလို႔ အေကာင္းဆုံး တြဲဘက္က ရာေဖးလ္ဗာရန္း ျဖစ္တယ္လို႔ ဖြင့္ဟဝန္ခံလိုက္ပါတယ္။ မာတီနက္ဇ္ ရဲ႕ မန္ယူႏိုက္တဒ္အေျပာင္းေ႐ႊ႕က ျမင့္မားလြန္းတဲ့ ေျပာင္းေ႐ႊ႕ေၾကး နဲ႔ အဲရခ္တန္ဟဂ္ ရဲ႕ ဦးစားေပးေခၚယူမႈ ျဖစ္ခဲ့တဲ့ အခ်က္ေတြေၾကာင့္လည္း မီဒီယာေတြရဲ႕ အာ႐ုံစိုက္မႈကို ခံခဲ့ရၿပီး ေရာက္စအခ်ိန္ထဲက ေဝဖန္ေျပာဆိုမႈေတြ ခံခဲ့ရတာလည္းျဖစ္ပါတယ္။ သို႔ေသာ္လည္း ကမာၻ႔ဖလားခ်န္ပီယံေဟာင္းျဖစ္သူ ဗာရန္း က မာတီနက္ဇ္ ကို နယ္ပယ္သစ္မွာ ေနရာက်ေစဖို႔ ကူညီေပးခဲ့သလို ကြင္းတြင္းမွာလည္း ဦးေဆာင္မႈေပးခဲ့ၿပီး အၿမဲတေစ ကာကြယ္ေပးခဲ့တဲ့ေနာက္ ရီယို-ဗီဒစ္ အတြဲအလြန္ အသင္းရဲ႕ အေကာင္းဆုံး ခံစစ္အတြဲျဖစ္လာခဲ့ပါတယ္။

 

မာတီနက္ဇ္ က “ရာဖာ(ဗာရန္း)က တကယ့္ကို ထူးျခားေကာင္းမြန္တဲ့ ကစားသမားတစ္ေယာက္ပါ။ သူနဲ႔အတူတြဲဖက္ကစားရတဲ့အေပၚ အမွန္တကယ္ေပ်ာ္႐ႊင္မိပါတယ္။ ေလ့က်င့္ေရးမွာဆိုလည္း ကြၽန္ေတာ္တို႔ကအတူတကြအၿမဲရွိၾကပါတယ္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးရဲ႕ တူညီတဲ့အခ်က္က အလုပ္ကိုျပင္းျပင္းထန္ထန္လုပ္ၾကတာပါ။ ကြၽန္ေတာ္တို႔အတူတြဲၿပီး သိပ္ေကာင္းတဲ့အရာေတြျပဳလုပ္ႏိုင္ခဲ့ၾကပါတယ္။”

 

” ဒါေပမယ့္အသင္းမွာ ကြၽန္ေတာ္တို႔ပဲ ရွိတာမဟုတ္ပါဘူး ဗစ္တာလင္ဒီေလာဖ့္ နဲ႔ မက္ဂြိဳင္းယားတို႔လို ထိပ္တန္း ကစားသမားေတြ ရွိေနပါေသးတယ္။သူတို႔ကလည္း အၿမဲတမ္းအသင့္ရွိေနၾကသူေတြ ျဖစ္ၿပီး ကြၽန္ေတာ္တို႔အားလုံးၾကားမွာ ခ်ိတ္ဆက္မႈေကာင္းေကာင္းရွိေနတဲ့အခ်က္က သက္ေသာင့္သက္သာျဖစ္ေစပါတယ္”လို႔ဆိုပါတယ္။ ဆက္လက္ၿပီး မာတီနက္ဇ္က “ကြၽန္ေတာ္တို႔ၾကားက ခ်ိတ္ဆက္မႈေကာင္းေကာင္းရွိေနရင္ ဘယ္သူနဲ႔ တြဲဖက္ကစားသည္ျဖစ္ေစ ဂိုးမေပးရေအာင္စြမ္းေဆာင္ႏိုင္ၿပီး ခံစစ္မွာကစားတဲ့အခါ ယုံၾကည္မႈလည္းပိုေကာင္းေစပါတယ္”လို႔ဆိုပါတယ္။

 

မာတီနက္ဇ္က ပရိတ္သတ္ေတြရဲ႕ တခဲနက္အားေပးမႈအေပၚ”ေဘာလုံးမွာ ပရိတ္သတ္က အေရးအႀကီးဆုံးအစိတ္ပိုင္းပါ၊ေဘာလုံးအားကစားဟာ ႏွလုံးသားနဲ႔ကစားရၿပီး စိတ္ဓာတ္ကိုအေျခခံတဲ့ အားကစားနည္းတမ်ိဳးပါ။ဒါေၾကာင့္ ပရိတ္သတ္ေတြရဲ႕ တခဲနက္အားေပးမႈကအေရးႀကီးပါတယ္။ဒီအားေပးမႈေတြနဲ႔ပဲ ခ်ိတ္ဆက္ၿပီး ေရွ႕ဆက္သြားရမွာပါ”ပရိသတ္ေတြ ကြၽန္ေတာ့္နာမည္ နဲ႔ ႏိုင္ငံနာမည္ေခၚၿပီး ဂုဏ္ျပဳေပးသံကို ၾကားရတာ က်ေနာ္အရမ္းေပ်ာ္လို႔ မ်က္ရည္ေတာင္ဝဲမိပါတယ္။ ပိုၿပီးသန္မာလာသလိုလည္း ခံစားရတယ္။ အဂၤလန္ႏိုင္ငံမွာ မန္ခ်က္စတာ ယူႏိုက္တက္အတြက္ ကစားေပးရတာက ကြၽန္ေတာ့္အတြက္ မက္ခဲ့တဲ့ အိမ္မက္ေတြျပည့္ပါၿပီ။ လို႔ဆိုသြားခဲ့ပါတယ္။
crd

unicode

တွဲဖက်ကစားရအကောင်းဆုံး အသင်းဖော်ကို ပြောပြလာတဲ့ သရဲနီခံစစ်မှူး မာတီနက်ဇ်

လီဆန်ဒရိုမာတီနက်ဇ် က သူ့ရဲ့ မန်ယူနိုက်တဒ် ကစားသမား ပထမရာသီမှာ တွဲဖက်ကစားလို့ အကောင်းဆုံး တွဲဘက်က ရာဖေးလ်ဗာရန်း ဖြစ်တယ်လို့ ဖွင့်ဟဝန်ခံလိုက်ပါတယ်။ မာတီနက်ဇ် ရဲ့ မန်ယူနိုက်တဒ်အပြောင်းရွှေ့က မြင့်မားလွန်းတဲ့ ပြောင်းရွှေ့ကြေး နဲ့ အဲရခ်တန်ဟဂ် ရဲ့ ဦးစားပေးခေါ်ယူမှု ဖြစ်ခဲ့တဲ့ အချက်တွေကြောင့်လည်း မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပြီး ရောက်စအချိန်ထဲက ဝေဖန်ပြောဆိုမှုတွေ ခံခဲ့ရတာလည်းဖြစ်ပါတယ်။ သို့သော်လည်း ကမ္ဘာ့ဖလားချန်ပီယံဟောင်းဖြစ်သူ ဗာရန်း က မာတီနက်ဇ် ကို နယ်ပယ်သစ်မှာ နေရာကျစေဖို့ ကူညီပေးခဲ့သလို ကွင်းတွင်းမှာလည်း ဦးဆောင်မှုပေးခဲ့ပြီး အမြဲတစေ ကာကွယ်ပေးခဲ့တဲ့နောက် ရီယို-ဗီဒစ် အတွဲအလွန် အသင်းရဲ့ အကောင်းဆုံး ခံစစ်အတွဲဖြစ်လာခဲ့ပါတယ်။

မာတီနက်ဇ် က “ရာဖာ(ဗာရန်း)က တကယ့်ကို ထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ပါ။ သူနဲ့အတူတွဲဖက်ကစားရတဲ့အပေါ် အမှန်တကယ်ပျော်ရွှင်မိပါတယ်။ လေ့ကျင့်ရေးမှာဆိုလည်း ကျွန်တော်တို့ကအတူတကွအမြဲရှိကြပါတယ်။ ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ တူညီတဲ့အချက်က အလုပ်ကိုပြင်းပြင်းထန်ထန်လုပ်ကြတာပါ။ ကျွန်တော်တို့အတူတွဲပြီး သိပ်ကောင်းတဲ့အရာတွေပြုလုပ်နိုင်ခဲ့ကြပါတယ်။”

” ဒါပေမယ့်အသင်းမှာ ကျွန်တော်တို့ပဲ ရှိတာမဟုတ်ပါဘူး ဗစ်တာလင်ဒီလောဖ့် နဲ့ မက်ဂွိုင်းယားတို့လို ထိပ်တန်း ကစားသမားတွေ ရှိနေပါသေးတယ်။သူတို့ကလည်း အမြဲတမ်းအသင့်ရှိနေကြသူတွေ ဖြစ်ပြီး ကျွန်တော်တို့အားလုံးကြားမှာ ချိတ်ဆက်မှုကောင်းကောင်းရှိနေတဲ့အချက်က သက်သောင့်သက်သာဖြစ်စေပါတယ်”လို့ဆိုပါတယ်။ ဆက်လက်ပြီး မာတီနက်ဇ်က “ကျွန်တော်တို့ကြားက ချိတ်ဆက်မှုကောင်းကောင်းရှိနေရင် ဘယ်သူနဲ့ တွဲဖက်ကစားသည်ဖြစ်စေ ဂိုးမပေးရအောင်စွမ်းဆောင်နိုင်ပြီး ခံစစ်မှာကစားတဲ့အခါ ယုံကြည်မှုလည်းပိုကောင်းစေပါတယ်”လို့ဆိုပါတယ်။

မာတီနက်ဇ်က ပရိတ်သတ်တွေရဲ့ တခဲနက်အားပေးမှုအပေါ်”ဘောလုံးမှာ ပရိတ်သတ်က အရေးအကြီးဆုံးအစိတ်ပိုင်းပါ၊ဘောလုံးအားကစားဟာ နှလုံးသားနဲ့ကစားရပြီး စိတ်ဓာတ်ကိုအခြေခံတဲ့ အားကစားနည်းတမျိုးပါ။ဒါကြောင့် ပရိတ်သတ်တွေရဲ့ တခဲနက်အားပေးမှုကအရေးကြီးပါတယ်။ဒီအားပေးမှုတွေနဲ့ပဲ ချိတ်ဆက်ပြီး ရှေ့ဆက်သွားရမှာပါ”ပရိသတ်တွေ ကျွန်တော့်နာမည် နဲ့ နိုင်ငံနာမည်ခေါ်ပြီး ဂုဏ်ပြုပေးသံကို ကြားရတာ ကျနော်အရမ်းပျော်လို့ မျက်ရည်တောင်ဝဲမိပါတယ်။ ပိုပြီးသန်မာလာသလိုလည်း ခံစားရတယ်။ အင်္ဂလန်နိုင်ငံမှာ မန်ချက်စတာ ယူနိုက်တက်အတွက် ကစားပေးရတာက ကျွန်တော့်အတွက် မက်ခဲ့တဲ့ အိမ်မက်တွေပြည့်ပါပြီ။ လို့ဆိုသွားခဲ့ပါတယ်။
crd

 

Add a Comment

Your email address will not be published. Required fields are marked *