တုံးတိုက္တိုက္က်ားကိုက္ကိုက္ကစားဟန္ႏွင့္အတူ ၿပိဳင္ဘက္တိုက္စစ္မႉးေတြအတြက္သာမက ၁၉ သင္းဖန္ေတြအတြက္ပါနတ္ဆိုးတစ္ပါးျဖစ္လာေနတဲ့ မာတီနက္ဇ္

ဝက္စ္ဟမ္းကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ မန္ယူအတြက္ ရင္ဘတ္ႀကီးနဲ႔ ရင္းၿပီး ေပးဆပ္ကစားသြားခဲ့တဲ့ ေနာက္ခံလူ လီဆန္ဒ႐ို မာတီနက္ဇ္ကေတာ့ သရဲနီ ပရိသတ္တိုင္းရဲ႕ ႏွလုံးသားကို သိမ္းပိုက္သြားခဲ့ပါၿပီ။ ပထမပိုင္းမွာ သြင္းယူခဲ့ တဲ့ တိုက္စစ္မႉးရက္ရွ္ဖို႔ရဲ႕ အႏိုင္ဂိုးေၾကာင့္ မန္ယူဟာ ၈ ပြဲဆက္တိုက္ ရႈံးပြဲမရွိ ရလဒ္ကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ဟမ္းမားေတြနဲ႔ပြဲစဥ္က အိုးလ္ထ ရက္ဖို႔ကလပ္အတြက္ေတာ့ မလြယ္ကူခဲ့ပါဘူး။ ဧည့္သည္အသင္းဟာ ဒီပြဲမွာ မန္ယူကို ေျခရာတိုင္းဖို႔ အစြမ္းကုန္ ႀကိဳးစားခဲ့တာျဖစ္ၿပီး မန္ယူရဲ႕ တိုက္စစ္ကိုေရာ ခံစစ္ကိုပါ ေျမလွန္ပစ္ဖို႔ ႀကိဳးစားခဲ့တာပါ။

ဒါေပမဲ့ နည္း ျပ ေဒးဗစ္မြိဳက္စ္ရဲ႕ အသင္းဟာ သရဲနီ တပ္သားတစ္ေယာက္ေၾကာင့္ ေမွ်ာ္လင့္ခ်က္ေတြ အရာမထင္ခဲ့ပါဘူး။ ေအဂ်က္ဇ္ကေနၿပီး ေရာက္လာကတည္းက ပုံမွန္ပြဲထြက္ခြင့္ရေနတဲ့ မာတီနက္ဇ္ဟာ အေကာင္ေသးေပမဲ့ အဆိပ္ျပင္းတယ္ဆိုတာကို ဝက္စ္ဟမ္းနဲ႔ပြဲမွာ ျပခဲ့ၿပီး သူ႔ထက္ လူေကာင္းႀကီးတဲ့ ဆကာမာကာ၊ အန္တိုနီယိုတို႔လို ကစားသမားေတြကို ပခုံးခ်င္းယွဥ္ခဲ့တယ္။ ဒါ့အျပင္ ၿပိဳင္ဘက္ကစားသမား ဆကာမာကာရဲ႕ ကြန္ဖူးကစ္နဲ႔ ေနာက္ေစ့ကို ကန္တာေတာင္ ခံလိုက္ရပါေသးတယ္။ ဒါေပမဲ့ အသည္းေကာင္းလို႔ ပြဲေတာင္းတဲ့ အာဂ်င္တီးနားသားဟာ ဝက္စ္ဟမ္းနဲ႔ပြဲမွာ အမွားအယြင္းမရွိတဲ့ ေပးပို႔မႈ ၅၈ ႀကိမ္ လုပ္ႏိုင္ခဲ့ၿပီး ေဘာလုံးကို ၇၉ ႀကိမ္ ထိခဲ့တယ္။

ဒီလို အံ့မခန္း စြမ္းေဆာင္ရည္ေတြေၾကာင့္ ပြဲအၿပီးမွာေတာ့ ပရိသတ္ေတြဟာ အႏိုင္ဂိုးရွင္ ရက္ရွ္ဖို႔ဒ္ကို ခ်ီးမြမ္းခဲ့သလို မာတီနက္ဇ္ကိုလည္း ဂုဏ္ျပဳခဲ့ၾကပါတယ္။ ‘’မာတီနက္ဇ္အေၾကာင္း ေျပာစရာေတာင္ မလိုေလာက္ေတာ့ပါဘူး။ အခုဆို ရင္ သူက ကမာၻေပၚမွာ အေကာင္းဆုံး ကစားသမားဆိုတာ အားလုံးသိသင့္ ေနၾကပါၿပီ’’ လို႔ ပရိသတ္တစ္ေယာက္က တြစ္တာမွာ ေရးသားခဲ့ပါတယ္။ ဒုတိ ယတစ္ေယာက္ကေတာ့ ‘’မာတီနက္ဇ္အေၾကာင္းကို သူတို႔ေတြ ထပ္ၿပီး မေျပာၾကတာ တကယ့္ကို ဟာသပဲ။ သူက ပုံမွန္အတိုင္း ကစားတာျဖစ္ေပမဲ့ ခံစစ္တစ္ခုလုံးကို လုံေနေအာင္ ပိတ္သြားတယ္’’ လို႔ တြစ္တာမွာ ေရးသားခဲ့ ပါတယ္။ ေနာက္ထပ္ တစ္ေယာက္ကေတာ့ ‘’အရပ္ကေလးပုေနလို႔ လူေတြ က ေလွာင္ခဲ့ၾကတယ္ေပါ့။ အခုေတာ့ သူတို႔ ဘယ္ေလာက္အထိ ပိန္းသလဲဆို တာ သိကုန္ၾကၿပီ’’ လို႔ ေရးသားခဲ့ပါတယ္။

West Ham နဲ႔ပြဲစဥ္က Lichaရဲ႕ စြမ္းေဆာင္ရည္ – ေဘာလုံးေပးပို႔တိက်မႈ–92% / ေဘာလုံးထိခ်က္–၇၉ႀကိမ္ / ေဘာလုံးေပးပို႔ေအာင္ျမင္မႈ–၅၈ႀကိမ္ / အနိမ့္ေဘာရယူမႈ–၄ႀကိမ္ / ပိတ္ဆို႔ကာကြယ္မႈ–၄ႀကိမ္ / ေဘာလုံးဆယ္ယူမႈ–၃ႀကိမ္ / အျမင့္ေဘာရယူမႈ–၃ႀကိမ္ / ေဘာလုံးရွင္းထုတ္မႈ–၃ႀကိမ္ / ေလွ်ာ‌ထိုးျဖတ္ထုတ္မႈ–၂ႀကိမ္
crd

unicode

တုံးတိုက်တိုက်ကျားကိုက်ကိုက်ကစားဟန်နှင့်အတူ ပြိုင်ဘက်တိုက်စစ်မှူးတွေအတွက်သာမက ၁၉ သင်းဖန်တွေအတွက်ပါနတ်ဆိုးတစ်ပါးဖြစ်လာနေတဲ့ မာတီနက်ဇ်

ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မန်ယူအတွက် ရင်ဘတ်ကြီးနဲ့ ရင်းပြီး ပေးဆပ်ကစားသွားခဲ့တဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကတော့ သရဲနီ ပရိသတ်တိုင်းရဲ့ နှလုံးသားကို သိမ်းပိုက်သွားခဲ့ပါပြီ။ ပထမပိုင်းမှာ သွင်းယူခဲ့ တဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ရဲ့ အနိုင်ဂိုးကြောင့် မန်ယူဟာ ၈ ပွဲဆက်တိုက် ရှုံးပွဲမရှိ ရလဒ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဟမ်းမားတွေနဲ့ပွဲစဉ်က အိုးလ်ထ ရက်ဖို့ကလပ်အတွက်တော့ မလွယ်ကူခဲ့ပါဘူး။ ဧည့်သည်အသင်းဟာ ဒီပွဲမှာ မန်ယူကို ခြေရာတိုင်းဖို့ အစွမ်းကုန် ကြိုးစားခဲ့တာဖြစ်ပြီး မန်ယူရဲ့ တိုက်စစ်ကိုရော ခံစစ်ကိုပါ မြေလှန်ပစ်ဖို့ ကြိုးစားခဲ့တာပါ။

ဒါပေမဲ့ နည်း ပြ ဒေးဗစ်မွိုက်စ်ရဲ့ အသင်းဟာ သရဲနီ တပ်သားတစ်ယောက်ကြောင့် မျှော်လင့်ချက်တွေ အရာမထင်ခဲ့ပါဘူး။ အေဂျက်ဇ်ကနေပြီး ရောက်လာကတည်းက ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ မာတီနက်ဇ်ဟာ အကောင်သေးပေမဲ့ အဆိပ်ပြင်းတယ်ဆိုတာကို ဝက်စ်ဟမ်းနဲ့ပွဲမှာ ပြခဲ့ပြီး သူ့ထက် လူကောင်းကြီးတဲ့ ဆကာမာကာ၊ အန်တိုနီယိုတို့လို ကစားသမားတွေကို ပခုံးချင်းယှဉ်ခဲ့တယ်။ ဒါ့အပြင် ပြိုင်ဘက်ကစားသမား ဆကာမာကာရဲ့ ကွန်ဖူးကစ်နဲ့ နောက်စေ့ကို ကန်တာတောင် ခံလိုက်ရပါသေးတယ်။ ဒါပေမဲ့ အသည်းကောင်းလို့ ပွဲတောင်းတဲ့ အာဂျင်တီးနားသားဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ အမှားအယွင်းမရှိတဲ့ ပေးပို့မှု ၅၈ ကြိမ် လုပ်နိုင်ခဲ့ပြီး ဘောလုံးကို ၇၉ ကြိမ် ထိခဲ့တယ်။

ဒီလို အံ့မခန်း စွမ်းဆောင်ရည်တွေကြောင့် ပွဲအပြီးမှာတော့ ပရိသတ်တွေဟာ အနိုင်ဂိုးရှင် ရက်ရှ်ဖို့ဒ်ကို ချီးမွမ်းခဲ့သလို မာတီနက်ဇ်ကိုလည်း ဂုဏ်ပြုခဲ့ကြပါတယ်။ ‘’မာတီနက်ဇ်အကြောင်း ပြောစရာတောင် မလိုလောက်တော့ပါဘူး။ အခုဆို ရင် သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားဆိုတာ အားလုံးသိသင့် နေကြပါပြီ’’ လို့ ပရိသတ်တစ်ယောက်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဒုတိ ယတစ်ယောက်ကတော့ ‘’မာတီနက်ဇ်အကြောင်းကို သူတို့တွေ ထပ်ပြီး မပြောကြတာ တကယ့်ကို ဟာသပဲ။ သူက ပုံမှန်အတိုင်း ကစားတာဖြစ်ပေမဲ့ ခံစစ်တစ်ခုလုံးကို လုံနေအောင် ပိတ်သွားတယ်’’ လို့ တွစ်တာမှာ ရေးသားခဲ့ ပါတယ်။ နောက်ထပ် တစ်ယောက်ကတော့ ‘’အရပ်ကလေးပုနေလို့ လူတွေ က လှောင်ခဲ့ကြတယ်ပေါ့။ အခုတော့ သူတို့ ဘယ်လောက်အထိ ပိန်းသလဲဆို တာ သိကုန်ကြပြီ’’ လို့ ရေးသားခဲ့ပါတယ်။

West Ham နဲ့ပွဲစဉ်က Lichaရဲ့ စွမ်းဆောင်ရည် – ဘောလုံးပေးပို့တိကျမှု–92% / ဘောလုံးထိချက်–၇၉ကြိမ် / ဘောလုံးပေးပို့အောင်မြင်မှု–၅၈ကြိမ် / အနိမ့်ဘောရယူမှု–၄ကြိမ် / ပိတ်ဆို့ကာကွယ်မှု–၄ကြိမ် / ဘောလုံးဆယ်ယူမှု–၃ကြိမ် / အမြင့်ဘောရယူမှု–၃ကြိမ် / ဘောလုံးရှင်းထုတ်မှု–၃ကြိမ် / လျှော‌ထိုးဖြတ်ထုတ်မှု–၂ကြိမ်

Add a Comment

Your email address will not be published. Required fields are marked *