



crd

unicode

တိုက်စစ်အင်အားဖြည့်တင်းဖို့ ချန်ပီယံရှစ်မှာခြေစွာနေတဲ့ သရဲနီလူငယ် အာမက်ကို ပြန်လည်ခေါ်ယူသွားတော့မယ့် အဲရစ်တန်ဟက်

ယူနိုက်တဒ်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသင်းကနေ အငှါးချထားတဲ့ကစားသမားတချို့ကို ပြန်လည်ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ ယူနိုက်တဒ်ဟာ ရော်နယ်လ်ဒို ထွက်ခွါသွားတဲ့ တိုက်စစ်နေရာကို ပြန်လည်အားဖြည့်ရန်အတွက် တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ ပြင်ဆင်ထားပေမယ့် လာမယ့်ဇန်နဝါရီမှာ ရေရှည်အတွက် အဓိကခေါ်ယူမှုပြုလုပ်ရန်ခက်ခဲနိုင်တဲ့ အခြေအနေတွေကြောင့် ရေတိုကစားသမားခေါ်ယူမှုကိုသာ ပြုလုပ်သွားနိုင်ချေရှိတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုရဲ့ထွက်ခွါသွားမှုကြောင့် လက်ရှိကစားသမားနဲ့ သူတို့ရဲ့တိုက်စစ်ကို မြှင့်တင်လိုရန်အတွက် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ပီအက်စ်ဗွီတိုက်စစ်မှူးဂတ်ဘိုကို အဓိကပစ်မှတ်ထားနေပြီး Plan B အနေနဲ့ အငှါးချထားတဲ့ လူငယ်ကြယ်ပွင့် အာမက်ဒီယာလိုကို ပြန်လည်ခေါ်ယူရန် ပြင်ဆင်လာတာတာဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တဒ်ကချန်ပီယံရှစ်ကလပ်တွေကိုအငှါးချထားတဲ့ Ethan Lairdနဲ့ Hannibal Mejbri တို့ကိုပါ သူတို့ရဲ့ အငှါးစာချုပ်တွေမှာ ကစားသမားတွေကို ပြန်လည်ခေါ်ယူခွင့်အတွက် သဘောတူညီချက်တွေကို ထည့်သွင်းချုပ်ဆိုထားတာဖြစ်ပြီး အသင်းတွက်လိုအပ်ပါက ပြန်လည်ခေါ်ယူသွားရန်အတွက် စဉ်းစားနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းသည် ဒီယာလိုအငှားပြန်လာပြီး သည်နှင့် အသင်း၏လူစာရင်း၌ တိုက်ပွဲဝင်ဖို့မျှော်လင့်ထားသည်။ အသက် 20 နှစ်အရွယ် ဒီယာလိုဟာ ချန်ပီယံရှစ်ကလပ် ဆန်းဒါးလန်းအသင်းမှာ ခြေစွမ်းပြကစားနေပြီး ၎င်း၏နောက်ဆုံးငါးပွဲမှာ ၃ ဂိုး သွင်းယူထားပါတယ်။ဒီယာလိုဟာ ဆန်းဒါလန်းအသင်းမှရဲ့တိုက်စစ်ညာတောင်ပံမှာ အဓိက ကစားနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းသည် ဒီယာလိုအငှားပြန်လာပြီးသည်နှင့် အသင်း၏လူစာရင်း၌ တိုက်ပွဲဝင်ဖို့ မျှော်လင့်ထားသည်။ ယူနိုက်တက်အသင်းက ဒီယာလိုကို လက်ရှိပုံမှန်ပွဲထွက်ခွင့်ပေးမှုအပေါ် ကျေးဇူးတင်ရှိနေပြီး ယင်းသို့ နေရာပေးမှု​ကြောင့် ဒီယာလိုက ၎င်း၏အရည်အသွေးကို ပြသနိုင် သည်ဟု ယူနိုက်တက်ဘက်က ယုံကြည်ထားသည်ဟု သတင်းအရင်းအမြစ်မှ သိရပါတယ်။ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ် သည် ရာသီကြို ခြေစမ်းပွဲမှာ လေးကြိမ်အထိ အရန်တိုက်စစ်မှူးအဖြစ် ဒီယာလိုကို အသုံးပြုခဲ့ဖူးတာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *