crd
unicode
တိုက်စစ်ပံပိုးမှုအားကောင်းတဲ့ အသက် ၂၂ နှစ်အရွယ်နယ်သာလန်ညာနောက်ခံလူကိုခေါ်ယူရန်စိတ်ဝင်စားနေတဲ့ တန်ဟဂ်
Erik ten Hag သည် ဆောင်းရာသီစျေးကွက်တွင် အရည်အသွေးမြင့် ညာနောက်ခံလူတစ်ဦးအလိုရှိနေပါတယ်။ ယူနိုက်တဒ်စောင့်ကြည့်နေတဲ့ ကစားသမားစာရင်းထဲမှာ လေဗာကူဆင်အသင်းရဲ့ အသက်၂၂နှစ်အရွယ် ညာနောက်ခံကစားသမား Jeremie Frimpong လည်း ပါဝင်နေတယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာတော့ အဲရစ်တန်ဟတ်ဟာ ညာနောက်ခံနေရာအတွက် ဘစ်ဆာကာရှိနေပေးမယ့် တိုက်စစ်အားသန်တဲ့ ဒါလော့ဒ်ကိုသာရွေးချယ်ခဲ့ပါတယ်။ ဘစ်ဆာကာရဲ့ကစားဟန်ဟာ တန်ဟတ်ရဲ့ကစားကွက်နဲ့မကိုက်ညီတာကြောင့် သူ့ကို ရောင်းထုတ်သွားဖို့ရှိနေပြီး ညာနောက်ခံလူတစ်ဦးကို ရှာဖွေနေတာဖြစ်ပါတယ်။
ဒါလော့ဒ်ဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးကစားသမားတွေထဲမှာ 35.8 နဲ့ တတိယနေရာမှာရပ်တည်ထားနိုင်ခဲ့ပါတယ်။ ပထမနေရာမှာတော့ လီပါပူးတိုက်စစ်ကစားသမား ဒါဝင်နူးနက်ဇ်က 36.5 နဲ့ ဒုတိယနေရာမှာ အာဆင်နယ်တိုက်စစ်ကစားသမား မာတင်နလ်လီက 35.9 တို့ရှိနေပါတယ်။ အဲရစ်တန်ဟတ်အနေနဲ့ ညာနောက်တန်းကစားသမားများထံမှ တိုက်စစ်ပိုင်းကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်စွမ်းလည်း လိုအပ်နေပါတယ်။ အဆိုပါစွမ်းဆောင်ရည်ကို ဖရင်ပေါင်ထံမှ သေချာပေါက် ရရှိလိမ့်မည်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
နယ်သာလန်ညာနောက်ခံလူဟာ ညာနောက်ခံလူနေရာအပြင် ကွင်းလယ်ညာတောင်ပံနေရာနှင့် တိုက်စစ်ညာဘက်ခြမ်းတွင်ပါ ကစားနိုင်စွမ်းရှိပြီး အရည်သွေးမြင့်တဲ့ ညာနောက်ခံလူတစ်ဦးဖြစ်တာကြောင့် Eric Ten Hag ဟာ နွေရာသီမှာ သူ့ရဲ့ခေါ်ယူမဲ့ ကစားသမားသစ် ပစ်မှတ်စာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။
Frimpong သည် ယခုရာသီမှာ လေဗာကူဆင်အသင်းအတွက် လိဂ်ပွဲ ၁၀ ပွဲ ပါဝင်ကစားထားကာ သွင်းဂိုး ၄ ဂိုးသွင်းယူထားပြီး အသင်းကြီးအချို့အား သူ့ရဲ့စွမ်းဆောင်ရည်တွေဖြင့် ဆွဲဆောင်နေပါတယ်။သူဟာ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်း အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး 2019 ခုနှစ်တွင် ဆဲလ်တစ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ကာ 2021 ခုနှစ်မှာတော့ ဂျမန်ကလပ် လေဗာကူဆင်သို့ ထပ်မံပြောင်းရွှေ့လာခဲ့ပြီး သူ့ရဲ့အလားအလာကောင်းတွေကို ဆက်လက်ပြသနေဆဲ ဖြစ်သည်။