တိုက္စစ္ကစားသမားတစ္ဦးရွာပုံေတာ္ဖြင့္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ဖီးလစ္တို႔ၾကား အေျပာင္းအေ႐ႊ႕ကိစၥ ဇာတ္ရွိန္ျမင့္လာ

တိုက္စစ္ကစားသမားတစ္ဦးရွာပုံေတာ္ဖြင့္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ဖီးလစ္တို႔ၾကား အေျပာင္းအေ႐ႊ႕ကိစၥ ဇာတ္ရွိန္ျမင့္လာ
အက္သလက္တီကိုအသင္းမွ ထြက္ခြာခြင့္ရဖို႔ ႀကိဳးစားေနသည့္ ဂ်ာအိုဖီးလစ္ကို ေခၚယူဖို႔ အရွိန္ျမႇင့္ႀကိဳးပမ္းလာေနတဲ့ မန္ယူႏိုက္တက္အသင္း

တိုက္စစ္ကစားသမားတစ္ဦးရွာပုံေတာ္ဖြင့္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းႏွင့္ စပိန္ကလပ္ အက္သလက္တီကိုအသင္းမွ ထြက္ခြာခြင့္ရဖို႔ အသည္းအသန္ႀကိဳးစားေနသည့္ ေပၚတူဂီတိုက္စစ္ကစားသမား ဂ်ာအိုဖီးလစ္တို႔ၾကား အေျပာင္းအေ႐ႊ႕ကိစၥဟာ ယခုရက္ပိုင္းအတြင္းမွာဘဲ ဇာတ္ရွိန္ျမင့္လာခဲ့ၿပီျဖစ္ပါတယ္။

ေရာ္နယ္ဒိုထြက္ခြာသြားတဲ့တိုက္စစ္ပိုင္းအတြက္ ထိေရာက္အားျဖည့္မႈေတြ မျပဳလုပ္ႏိုင္ေသးတာေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြဟာ ဘုတ္အဖြဲ႕ရဲ႕လုပ္ေဆာင္ပုံေတြကို ျပစ္တင္ေဝဖန္မႈေတြ ျပဳလုပ္ေနၾကလ်က္ရွိသည္။ ယမန္ေန႔သတင္းေတြမွာေတာ့ ယူႏိုက္တက္ဟာ ဂတ္ပိုကို 2028 ခုႏွစ္အထိ သက္တမ္းရွိေစမည့္ 5 ႏွစ္စာခ်ဳပ္ျဖင့္ ေခၚယူႏိုင္ဖို႔ အနီးစပ္ဆုံးအေနအထားမ်ိဳးထိ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရွိရေသာ္လည္း ယေန႔မနက္သတင္းေတြမွာေတာ့ ဂတ္ပိုဟာ လီ‌ဗာပူးလ္အသင္းထံ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီဟု ေဖာ္ျပခဲ့ၾကပါတယ္။

ယခုအခါ ဂ်ာအိုဖီးလစ္ရဲ႕ေအးဂ်င့္ျဖစ္သူသည္ ၎ရဲ႕ကစားသမားကို ေဆာင္းရာသီေဈးကြက္အတြင္း အသင္းသစ္တစ္သင္းထံပို႔ေဆာင္ေပးဖို႔ အလြန္အမင္းႀကိဳးစားေနၿပီး အိုးထရက္ဖိုဒ့္ကလပ္ထံ ရာသီဝက္အဌားျဖင့္ လာေရာက္ကစားႏိုင္ေရး ႀကိဳးပမ္းေနၿပီး ယူႏိုက္တက္ဘက္ကလည္း ယင္းအေျပာင္းအေ႐ႊ႕အေပၚ စိတ္ဝင္စားမႈရွိေၾကာင္း သတင္းေတြ ထြက္ေပၚလ်က္ရွိသည္။

ဂ်ာအိုဖီးလစ္သည္ ယခုရာသီမွာ အက္သလက္တီကိုမက္ဒရစ္အသင္းအတြက္ လိဂ္ပြဲ 12 ပြဲတြင္ သြင္းဂိုး 3 ဂိုးႏွင့္ ဂိုးဖန္တီးမႈ 3 ႀကိမ္ျပဳလုပ္ထားႏိုင္ခဲ့သည္အထိ ေျခစြမ္းေကာင္းျပသထားႏိုင္ခဲ့ေသာ္လည္း နည္းျပရဲ႕နည္းစနစ္ပိုင္းႏွင့္ပတ္သတ္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ေနတာေၾကာင့္ ယခုလိုအသင္းေျပာင္းဖို႔ ဆုံးျဖတ္ထားေၾကာင္း ကစားသမားႏွင့္နီးစပ္သည့္သတင္းေတြက ေဖာ္ျပထားသည္။

ယူႏိုက္တက္ဟာ အဆိုပါေပၚတူဂီလူငယ္ေလးကို ဘင္ဖီကာအသင္းမွာရွိစဥ္ကတည္းက ေခၚယူရန္မ်က္စိက်ခဲ့ၿပီး အိုးထရက္ဖိုဒ့္ထံေခၚယူဖို႔ ႀကိဳးစားခဲ့ဖူးေသာ္လည္း ထိေရာက္တဲ့လုပ္ေဆာင္မႈအခ်ိဳ႕ မျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ မေခၚယူႏိုင္ခဲ့ေပ။ လက္ရွိအခ်ိန္မွာေတာ့ ယူႏိုက္တက္ႏွင့္ဖီးလစ္တို႔ၾကား အေျပာင္းအေ႐ႊ႕ကိစၥႏွင့္ပတ္သတ္ၿပီး ဆက္သြယ္မႈေတြရွိလာခဲ့ၿပီျဖစ္ကာ တစ္ခ်ိန္က ဇာတ္လမ္းကို ျပန္လည္အသက္သြင္းႏိုင္ေတာ့မည္ ျဖစ္သည္။
crd

Unicode
တိုက်စစ်ကစားသမားတစ်ဦးရှာပုံတော်ဖွင့်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဖီးလစ်တို့ကြား အပြောင်းအရွှေ့ကိစ္စ ဇာတ်ရှိန်မြင့်လာ
အက်သလက်တီကိုအသင်းမှ ထွက်ခွာခွင့်ရဖို့ ကြိုးစားနေသည့် ဂျာအိုဖီးလစ်ကို ခေါ်ယူဖို့ အရှိန်မြှင့်ကြိုးပမ်းလာနေတဲ့ မန်ယူနိုက်တက်အသင်း

တိုက်စစ်ကစားသမားတစ်ဦးရှာပုံတော်ဖွင့်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနှင့် စပိန်ကလပ် အက်သလက်တီကိုအသင်းမှ ထွက်ခွာခွင့်ရဖို့ အသည်းအသန်ကြိုးစားနေသည့် ပေါ်တူဂီတိုက်စစ်ကစားသမား ဂျာအိုဖီးလစ်တို့ကြား အပြောင်းအရွှေ့ကိစ္စဟာ ယခုရက်ပိုင်းအတွင်းမှာဘဲ ဇာတ်ရှိန်မြင့်လာခဲ့ပြီဖြစ်ပါတယ်။

ရော်နယ်ဒိုထွက်ခွာသွားတဲ့တိုက်စစ်ပိုင်းအတွက် ထိရောက်အားဖြည့်မှုတွေ မပြုလုပ်နိုင်သေးတာကြောင့် ယူနိုက်တက်ပရိသတ်တွေဟာ ဘုတ်အဖွဲ့ရဲ့လုပ်ဆောင်ပုံတွေကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်နေကြလျက်ရှိသည်။ ယမန်နေ့သတင်းတွေမှာတော့ ယူနိုက်တက်ဟာ ဂတ်ပိုကို 2028 ခုနှစ်အထိ သက်တမ်းရှိစေမည့် 5 နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအနေအထားမျိုးထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသော်လည်း ယနေ့မနက်သတင်းတွေမှာတော့ ဂတ်ပိုဟာ လီ‌ဗာပူးလ်အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီဟု ဖော်ပြခဲ့ကြပါတယ်။

ယခုအခါ ဂျာအိုဖီးလစ်ရဲ့အေးဂျင့်ဖြစ်သူသည် ၎င်းရဲ့ကစားသမားကို ဆောင်းရာသီဈေးကွက်အတွင်း အသင်းသစ်တစ်သင်းထံပို့ဆောင်ပေးဖို့ အလွန်အမင်းကြိုးစားနေပြီး အိုးထရက်ဖိုဒ့်ကလပ်ထံ ရာသီဝက်အဌားဖြင့် လာရောက်ကစားနိုင်ရေး ကြိုးပမ်းနေပြီး ယူနိုက်တက်ဘက်ကလည်း ယင်းအပြောင်းအရွှေ့အပေါ် စိတ်ဝင်စားမှုရှိကြောင်း သတင်းတွေ ထွက်ပေါ်လျက်ရှိသည်။

ဂျာအိုဖီးလစ်သည် ယခုရာသီမှာ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် လိဂ်ပွဲ 12 ပွဲတွင် သွင်းဂိုး 3 ဂိုးနှင့် ဂိုးဖန်တီးမှု 3 ကြိမ်ပြုလုပ်ထားနိုင်ခဲ့သည်အထိ ခြေစွမ်းကောင်းပြသထားနိုင်ခဲ့သော်လည်း နည်းပြရဲ့နည်းစနစ်ပိုင်းနှင့်ပတ်သတ်ပြီး မပျော်မရွှင်ဖြစ်နေတာကြောင့် ယခုလိုအသင်းပြောင်းဖို့ ဆုံးဖြတ်ထားကြောင်း ကစားသမားနှင့်နီးစပ်သည့်သတင်းတွေက ဖော်ပြထားသည်။

ယူနိုက်တက်ဟာ အဆိုပါပေါ်တူဂီလူငယ်လေးကို ဘင်ဖီကာအသင်းမှာရှိစဉ်ကတည်းက ခေါ်ယူရန်မျက်စိကျခဲ့ပြီး အိုးထရက်ဖိုဒ့်ထံခေါ်ယူဖို့ ကြိုးစားခဲ့ဖူးသော်လည်း ထိရောက်တဲ့လုပ်ဆောင်မှုအချို့ မပြုလုပ်နိုင်ခဲ့တာကြောင့် မခေါ်ယူနိုင်ခဲ့ပေ။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်နှင့်ဖီးလစ်တို့ကြား အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သတ်ပြီး ဆက်သွယ်မှုတွေရှိလာခဲ့ပြီဖြစ်ကာ တစ်ချိန်က ဇာတ်လမ်းကို ပြန်လည်အသက်သွင်းနိုင်တော့မည် ဖြစ်သည်။
crd

Add a Comment

Your email address will not be published. Required fields are marked *