



crd

unicode

တန်ဟဂ်နှင့်အတူပျံတက်ဖို့ယူနိုက်တက်တို့အဓိကထားစောင့်ကြည့်နေတဲ့ တိုက်စစ်ကစားသမားသုံးဦး

ဝက်စ်ဟမ်းကို ၁-၀ဂိုးနဲ့အနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ ယူနိုက်တက်တာဝန်ရှိသူတွေဟာ နည်းပြတန်ဟတ်အတွက်စပါယ်ရှယ်တိုက်စစ်မှူးတစ်ဦး ခေါ်ယူပေးဖို့ရှိနေတယ်လို့ သတင်းထွက်လာပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ ယူနိုက်တက်ကစားသမားဘ၀ သွင်းဂိုး ၁၀၀ ပြည့်နဲ့အတူ ဝက်စ်ဟမ်းကိုအနိုင်ရခဲ့ပေမဲ့ ရော်နယ်ဒိုခြေစွမ်းကျနေလာပြီး မာရှယ်ကဒဏ်ရာတွေနဲ့သာလုံးပန်းနေရတာဖြစ်တယ်။

တန်ဟတ်နဲ့အတူအမြင့်ဆုံးရောက်ဖို့ ယုံကြည်ချက်ရှိတဲ့ သရဲနီတွေဟာ လာမယ့်နွေရာသီနောက်ဆုံးထားပြီး တိုက်စစ်မှူးသစ်ခေါ်ယူဖို့ရှိသလို မြို့ခံပြိုင်ဘက် မန်စီးတီးရဲ့ ဟာလန်းနဲ့အလားတူ ကစားသမားကိုခေါ်ယူပေးဖို့ရှိနေတာဖြစ်တယ်။ ဒီလိုအနေအထားမှာ အက်သလက်တိုက်စစ်မှူးဂျာအိုဖိလစ်ဟာ အိုးလ်ထရက်ဖို့ဒ်ရောက်ဖို့ အလားအလာ အကောင်းဆုံးဖြစ်နေတယ်လို့ မီဒီယာတွေ ကဖော်ပြနေပါတယ်။

ဒါ့အပြင် ဆိုးလ်ရှားလက်ထက်ကတည်းက ပစ်မှတ်ထားတဲ့ နာပိုလီတိုက်စစ်မှူးအိုဆင်ဟမ်ဟာ သရဲနီပစ်မှတ်ထဲရှိနေသူပါ။ အခြားတစ်ဖက်မှာလည်း အင်တာမီလန်ဟာ ငွေကြေးပိုင်ဆိုင်ရာအကျပ်အတည်းနဲ့ ရင်ဆိုင်ရနေတယ်လို့ သတင်းထွက်ခဲ့ပြီးတဲ့နောက် ယူနိုက်တက်ဟာ လော်တာရိုမာတီနက်ဇ်ကိုလည်း စောင့်ကြည့်နေပါတယ်။

ဂျာအိုဖိလစ်ဟာ ဒီရာသီ အက်သလက်တီကိုမှာ ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရပေမဲ့ အိုဆင်ဟမ်နဲ့ လော်တာရိုမာတီနက်ဇ်တို့ကတော့ သက်ဆိုင်ရာအသင်းတွေမှာ ခြေစွမ်းပြထားနိုင်ပါတယ်။ သေချာတာကတော့ မန်ယူရဲ့အနာဂါတ်တိုက်စစ်ပိုင်းကို ဦးဆောင်မယ့် ကစားသမားတစ်ယောက်မဖြစ်မနေ လိုအပ်နေပြီး ဂျာအိုဖိလစ်၊ အိုဆင်ဟမ်နဲ့ လော်တာရိုတို့ထဲက ဘယ်သူ အိုးလ်ထရက်ဖို့ဒ်ရောက်လာမလဲဆိုတာကတော့..

Add a Comment

Your email address will not be published. Required fields are marked *