crd
unicode
တန်ဟဂ်လက်ထက်မှာယူနိုက်တက်အသင်းရဲ့ပျောက်ဆုံးနေတဲ့စရိုက်လက္ခဏာတွေကိုပြန်မြင်လာရပြီလို့ဆိုလိုက်တဲ့ သရဲနီဂန္တဝင်ကြီး ဝိန်းရွန်းနီ
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ဝိန်းရွန်းနီက ယခုနှစ် နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိလာပြီးနောက် အသင်းမှာ သူ့ရဲ့ လုပ်ပိုင်ခွင့် အာဏာ ပြသခဲ့တဲ့ နည်းပြ အဲရစ်တန်ဟဂ်ရဲ့ လုပ်ရပ်အပေါ် ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။ အထူးသဖြင့် ရော်နယ်လ်ဒိုရဲ့ ပြဿနာကို ပြတ်ပြတ်သားသား ကိုင်တွယ်ခဲ့တဲ့ တန်ဟဂ်ရဲ့ လုပ်ရပ်အပေါ် သရဲနီတို့ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားကြီး ဝိန်းရွန်းနီက ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၇နှစ်အရွယ် ပေါ်တူဂီ စူပါစတား ရော်နယ်လ်ဒိုဟာ တော့တင်ဟမ် ဟော့စပါး အသင်းနဲ့ပွဲမှ အပြုအမူရဲ့ ရလဒ်အနေနဲ့ အသင်းရဲ့ လူစာရင်းကနေ တပွဲ ချန်လှပ်ခံခဲ့ရပြီး၊ အချိန် အတိုင်းအတာ တခုအထိ တဦးတည်း လေ့ကျင့်ခန်းဆင်းဖို့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
လက်ရှိ အနေအထားတွေအရ တန်ဟဂ်ဟာ သရဲနီတို့ရဲ့ နည်းပြအဖြစ် အောင်မြင်စွာ စတင်ထားနိုင်ပြီလို့ ဆိုနိုင်ပြီး၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်၅နေရာ ရပ်တည်နေတဲ့အပြင် ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း ရှုံးထွက်အဆင့်ကို တက်ရောက် ထားနိုင်ပါတယ်။ နည်းပြ အဲရစ် တန်ဟဂ်ဟာ အသင်းမှာ ပျောက်ဆုံးနေတဲ့ စရိုက် လက္ခဏာတွေကို ပြန်လည်ယူဆောင် ပေးနိုင်ခဲ့ပြီး၊ နယ်သာလန်သား နည်းပြကြီးဟာ ဆာအဲလက်စ် ဖာဂူဆန် နောက်ပိုင်း နည်းပြတွေ မလုပ်နိုင်တဲ့အရာတွေကို စတင် လုပ်ဆောင်ပြနေတာကြောင့် ဝိန်းရွန်းနီက အခုလို ချီးကျူးသွားခဲ့ပါတယ်။
“အဲရစ် တန်ဟဂ်က မန်ချက်စတာ ယူနိုက်တက် အသင်းမှာ တကယ်ကို ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပြီလို့ ကျွန်တော် ထင်ပါတယ်။ သူဟာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာပြီးနောက် နည်းပြ တယောက်ရဲ့ လုပ်ပိုင်ခွင့် အာဏာနဲ့ အသင်းကို အုပ်ချုပ်နိုင်ပြီလို့ ယူဆမိပါတယ်။” “မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပျောက်ဆုံးနေတဲ့ စရိုက် လက္ခဏာတွေကို နောက်ဆုံး နှစ်နှစ် သုံးနှစ်အတွင်း ပြန်မြင်တွေ့လာခဲ့တာ အခုက ပထမဆုံးပါပဲ။ အိုးလ်ထရက်ဖို့ဒ်မှာ အခုလို ပုံစံမျိုး မတွေ့ခဲ့ရတာ နှစ်နှစ် သုံးနှစ်လောက် ရှိနေပါပြီ။” “တန်ဟဂ်ဟာ အသင်းမှာ နည်းပြ တယောက်ရဲ့ လုပ်ပိုင်ခွင့်ကို ပြသခဲ့ပြီး၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုလို ကစားသမားရဲ့ ပြဿနာကို ကိုင်တွယ်ရတဲ့ တချို့ အခြေအနေတွေမှာ သူ့ရဲ့ ပါဝါကို ထုတ်ပြခဲ့ပါတယ်။
ဒါက သူ့အလုပ်သူ လုပ်ခဲ့တာပါ။ သူ့ရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ ကျွန်တော် ထင်ပါတယ်။” “အဲရစ် တန်ဟဂ် အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အောင်မြင်ဖို့ အချိန်ယူရဦးမယ် ထင်ပါတယ်၊ ဒါပေမယ့် လမ်းကြောင်းမှန်ပေါ် အမှန်တကယ် ပြန်ရောက်ဖို့ဆိုရင် အသင်းအနေနဲ့ အဆင့်၄အတွင်း ရပ်တည်နိုင်ဖို့ လိုအပ်ပြီး၊ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်ယူနိုင်ရပါလိမ့်မယ်။” ဆက်လက်ပြီး ရွန်းနီက သူ့ရဲ့ အသင်းဖော်ဟောင်း ရော်နယ်လ်ဒို အနေနဲ့ အသင်းမှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်နိုင်ဖို့ အတွက် ကြိုးစားမယ်ဆိုရင် ဒီရာသီမှာ ယူနိုက်တက် အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာနိုင်တယ်လို့ အခုလို ထပ်ပြောပြ သွားခဲ့ပါတယ်။
“အမှန်အတိုင်း ပြောရရင် ရာသီအစက ရော်နယ်လ်ဒိုရဲ့ လုပ်ရပ်တွေဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြန်လည် တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ ဒီလိုအချိန်မှာ ရော်နယ်လ်ဒိုရဲ့ အပြုအမူက မလိုလားအပ်တဲ့ အနှောင့်အယှက် တခုပါပဲ။” “ခရစ္စတီယာနို ရော်နယ်လ်ဒို အနေနဲ့ နည်းပြ ခိုင်းတဲ့အတိုင်း ခေါင်းညိတ် နာခံသင့်ပါတယ်။ သူ့အနေနဲ့ အလုပ် ကြိုးစားပြီး နည်းပြက သူ့ကို လိုအပ်တဲ့အချိန်မှာ အသင်းအတွက် ကစားပေးဖို့ အဆင်သင့် ဖြစ်နေရမှာပါ။ အဲဒါဆိုရင် သူက ယူနိုက်တက် အတွက် အဖိုးတန်တဲ့ ကစားသမား ဖြစ်လာပါလိမ့်မယ်။” ဆိုပြီး ရွန်းနီက ထုတ်ပြော သွားခဲ့ပါတယ်။
crd
တန်ဟဂ်လက်ထက်မှာယူနိုက်တက်အသင်းရဲ့ပျောက်ဆုံးနေတဲ့စရိုက်လက္ခဏာတွေကိုပြန်မြင်လာရပြီလို့ဆိုလိုက်တဲ့ သရဲနီဂန္တဝင်ကြီး ဝိန်းရွန်းနီ
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ဝိန်းရွန်းနီက ယခုနှစ် နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိလာပြီးနောက် အသင်းမှာ သူ့ရဲ့ လုပ်ပိုင်ခွင့် အာဏာ ပြသခဲ့တဲ့ နည်းပြ အဲရစ်တန်ဟဂ်ရဲ့ လုပ်ရပ်အပေါ် ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။ အထူးသဖြင့် ရော်နယ်လ်ဒိုရဲ့ ပြဿနာကို ပြတ်ပြတ်သားသား ကိုင်တွယ်ခဲ့တဲ့ တန်ဟဂ်ရဲ့ လုပ်ရပ်အပေါ် သရဲနီတို့ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားကြီး ဝိန်းရွန်းနီက ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၇နှစ်အရွယ် ပေါ်တူဂီ စူပါစတား ရော်နယ်လ်ဒိုဟာ တော့တင်ဟမ် ဟော့စပါး အသင်းနဲ့ပွဲမှ အပြုအမူရဲ့ ရလဒ်အနေနဲ့ အသင်းရဲ့ လူစာရင်းကနေ တပွဲ ချန်လှပ်ခံခဲ့ရပြီး၊ အချိန် အတိုင်းအတာ တခုအထိ တဦးတည်း လေ့ကျင့်ခန်းဆင်းဖို့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
လက်ရှိ အနေအထားတွေအရ တန်ဟဂ်ဟာ သရဲနီတို့ရဲ့ နည်းပြအဖြစ် အောင်မြင်စွာ စတင်ထားနိုင်ပြီလို့ ဆိုနိုင်ပြီး၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်၅နေရာ ရပ်တည်နေတဲ့အပြင် ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း ရှုံးထွက်အဆင့်ကို တက်ရောက် ထားနိုင်ပါတယ်။ နည်းပြ အဲရစ် တန်ဟဂ်ဟာ အသင်းမှာ ပျောက်ဆုံးနေတဲ့ စရိုက် လက္ခဏာတွေကို ပြန်လည်ယူဆောင် ပေးနိုင်ခဲ့ပြီး၊ နယ်သာလန်သား နည်းပြကြီးဟာ ဆာအဲလက်စ် ဖာဂူဆန် နောက်ပိုင်း နည်းပြတွေ မလုပ်နိုင်တဲ့အရာတွေကို စတင် လုပ်ဆောင်ပြနေတာကြောင့် ဝိန်းရွန်းနီက အခုလို ချီးကျူးသွားခဲ့ပါတယ်။
“အဲရစ် တန်ဟဂ်က မန်ချက်စတာ ယူနိုက်တက် အသင်းမှာ တကယ်ကို ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပြီလို့ ကျွန်တော် ထင်ပါတယ်။ သူဟာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာပြီးနောက် နည်းပြ တယောက်ရဲ့ လုပ်ပိုင်ခွင့် အာဏာနဲ့ အသင်းကို အုပ်ချုပ်နိုင်ပြီလို့ ယူဆမိပါတယ်။” “မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပျောက်ဆုံးနေတဲ့ စရိုက် လက္ခဏာတွေကို နောက်ဆုံး နှစ်နှစ် သုံးနှစ်အတွင်း ပြန်မြင်တွေ့လာခဲ့တာ အခုက ပထမဆုံးပါပဲ။ အိုးလ်ထရက်ဖို့ဒ်မှာ အခုလို ပုံစံမျိုး မတွေ့ခဲ့ရတာ နှစ်နှစ် သုံးနှစ်လောက် ရှိနေပါပြီ။” “တန်ဟဂ်ဟာ အသင်းမှာ နည်းပြ တယောက်ရဲ့ လုပ်ပိုင်ခွင့်ကို ပြသခဲ့ပြီး၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုလို ကစားသမားရဲ့ ပြဿနာကို ကိုင်တွယ်ရတဲ့ တချို့ အခြေအနေတွေမှာ သူ့ရဲ့ ပါဝါကို ထုတ်ပြခဲ့ပါတယ်။
ဒါက သူ့အလုပ်သူ လုပ်ခဲ့တာပါ။ သူ့ရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ ကျွန်တော် ထင်ပါတယ်။”
“အဲရစ် တန်ဟဂ် အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အောင်မြင်ဖို့ အချိန်ယူရဦးမယ် ထင်ပါတယ်၊ ဒါပေမယ့် လမ်းကြောင်းမှန်ပေါ် အမှန်တကယ် ပြန်ရောက်ဖို့ဆိုရင် အသင်းအနေနဲ့ အဆင့်၄အတွင်း ရပ်တည်နိုင်ဖို့ လိုအပ်ပြီး၊ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်ယူနိုင်ရပါလိမ့်မယ်။” ဆက်လက်ပြီး ရွန်းနီက သူ့ရဲ့ အသင်းဖော်ဟောင်း ရော်နယ်လ်ဒို အနေနဲ့ အသင်းမှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်နိုင်ဖို့ အတွက် ကြိုးစားမယ်ဆိုရင် ဒီရာသီမှာ ယူနိုက်တက် အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာနိုင်တယ်လို့ အခုလို ထပ်ပြောပြ သွားခဲ့ပါတယ်။