တန္ဟဂ္ရဲ႕ မဟာဗ်ဴဟာေျမာက္ ကြင္းလယ္ပိုင္းတည္ေဆာက္ပုံနဲ႔ ေရရွည္အတြက္ ယူႏိုက္တက္တို႔ ခ်ိန္႐ြယ္ေနတဲ့ ၾကယ္ပြင့္ကြင္းလယ္ကစားသမား ၂ဦး
|တန္ဟဂ္ရဲ႕ မဟာဗ်ဴဟာေျမာက္ ကြင္းလယ္ပိုင္းတည္ေဆာက္ပုံနဲ႔ ေရရွည္အတြက္ ယူႏိုက္တက္တို႔ ခ်ိန္႐ြယ္ေနတဲ့ ၾကယ္ပြင့္ကြင္းလယ္ကစားသမား ၂ဦး
တန္ဟဂ္ကစားခ်င္တဲ့ ကစားကြက္အတြက္ အဓိကပဲ့ကိုင္ဖန္တီးေပးဖို႔ ယူႏိုက္တက္တို႔ ခ်ိန္႐ြယ္ေနတဲ့ ကြင္းလယ္ေမွာ္ဆရာ၂ ဦး
တန္ဟဂ္ အတြက္ မဟာဗ်ဴဟာေျမာက္နည္းစနစ္ခ်မွတ္မႈေတြ ျပဳလုပ္ႏိုင္ဖို႔ဆိုရင္ ကြင္းလယ္ပိုင္းတည္ေဆာက္ပုံ စည္းစနစ္က်မႈ အတြက္ လိုအပ္ခ်က္ရွိေနပါေသးတယ္။
ယေန႔ေခတ္ကြင္းလယ္ (၃)ေယာက္ အတြဲဟာ အဖ်တ္တစ္ဦး၊ဆြဲေျပးႏိုင္တဲ့ကစားသမားတစ္ဦး နဲ႔ ျဖန႔္ေဝႏိုင္စြမ္းရွိတဲ့ ကြင္းလယ္လူတစ္ဦး လိုအပ္ၿပီး မန္ယူႏိုက္တဒ္မွာေတာ့ DM ေနရာအတြက္ ကတ္စမဲ႐ိုး နဲ႔ ျဖန႔္ေဝႏိုင္တဲ့ေနရာအတြက္ ဘ႐ူႏို/အဲရခ္ဆင္ တို႔ ရွိေနသည့္တိုင္ ကြင္းလယ္ကေန ဆြဲေျပးယူႏိုင္တဲ့ ကစားသမားကေတာ့လိုအပ္ေနပါေသးတယ္။ေပါဂ့္ဘာ ရွိစဥ္က မသိသာေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ယူႏိုက္တဒ္ကြင္းလယ္မွာ ၿပိဳင္ဘက္ခံစစ္ကို ထိုးေဖာက္ႏိုင္တဲ့ ကစားသမား မရွိတာေၾကာင့္ low block ေတြကိုထိုးေဖာက္ရာမွာအခက္ခဲႀကဳံေနရပါေသးတယ္။
တန္ဟဂ္ အတြက္ အဆိုပါျပသနာကို ေျဖညႇိဖို႔တစ္ခုတည္းေသာ ေျဖရွင္းခ်က္က ကစားသမားသစ္ ဝယ္ယူရန္ျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ သူ႔ရဲ႕မၿပီးျပတ္ေသးတဲ့ ဇာတ္လမ္းေဟာင္း တျဖစ္လည္း ဖရန္ကီဒီေဂ်ာင္ နဲ႔ ဥေရာပအသင္းႀကီးတိုင္းအတြက္ ပ်ိဳတိုင္းႀကိဳက္တဲ့ႏွင္းဆီခိုင္ျဖစ္ေနတဲ့ အဂၤလန္စတား ဂ်ဴဒ့္ဘယ္လင္ဟမ္ တို႔ပဲ ျဖစ္ပါတယ္။ ဒီေဂ်ာင္ ကို ေခၚယူရန္ တန္ဟဂ္ က စိတ္အားထက္သန္ေနဆဲ ျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြမွာထဲက အေျပာင္းေ႐ႊ႕ထပ္မံျပဳလုပ္ရန္ ႏွစ္ဦးၾကား ကတိစကားထားခဲ့ေၾကာင္း MEN ရဲ႕ ဆင္ျမဴရယ္လုခ္ေရွာင္ က ေဖာ္ျပခဲ့ပါတယ္။
ယူႏိုက္တဒ္ ဖက္ကလည္း ဒီေဂ်ာင္ အတြက္ ယူ႐ို(၈၅)သန္းအထိ ေပးေခ်ရန္ သေဘာတူညီထားၿပီး လာမယ့္ေႏြမွာ ထပ္မံႀကိဳးစားဖြယ္ရွိပါတယ္။ဂ်ဳဒ့္ဘယ္လင္ဟမ္ ကို ေတာ့ ေဒါ့မြန္အသင္းက လြယ္လင့္တကူေရာင္းခ်မွာ မဟုတ္သလို အၿပိဳင္ဆိုင္အလိုရွိတဲ့အသင္းႀကီးမ်ားတာေၾကာင့္ ယူႏိုက္တဒ္အတြက္ လြယ္ကူတဲ့ပစ္မွတ္ေတာ့ မဟုတ္တာေသခ်ာပါတယ္။
ေဒါ့မြန္အသင္းက သူတို႔ရဲ႕ ေငြၾကယ္ပြင့္အတြက္ ယူ႐ိုသန္း(၁၃၀)အထိ ေတာင္းဆိုႏိုင္ၿပီး ဘယ္လင္ဟမ္မိသားစု ကလည္း မ်ားျပားလြန္းတဲ့ ေငြေၾကးပမာဏ ကို ေတာင္းဆိုဖြယ္ရွိပါတယ္။
ရီးရဲလ္မက္ဒရစ္ အသင္းက ဘယ္လင္ဟမ္ ကို အနာဂတ္နံပတ္(၁၀)အျဖစ္ သတ္မွတ္ထားေၾကာင္း MARCA က ဆိုထားတာေၾကာင့္လည္း ယူႏိုက္တဒ္ အတြက္ေတာ့ ယခုတစ္ႀကိမ္မွာ ဘယ္လင္ဟမ္အိမ္မက္ဟာ အေငြပ်ံေပ်ာက္ကြယ္သြားႏိုင္ေခ်ရွိပါတယ္။သို႔ေသာ္လည္း ဒီေဂ်ာင္အေျပာင္းေ႐ႊ႕ကေတာ့ တန္ဟဂ္ ရဲ႕အလိုရွိမႈ နဲ႔အတူ ျဖစ္ေပၚလာဖြယ္ရွိၿပီး ဘာစီလိုနာ နဲ႔ စာခ်ဳပ္အေျပာင္းလဲမရွိခဲ့ရင္ လာမယ့္ေႏြမွာ နယ္သာလန္ကြင္းလယ္လူကို ယူႏိုက္တဒ္တို႔ အမိအရေခၚယူဖို႔ႀကိဳးပမ္းလာပါလိမ့္မယ္။
crd
Unicode
တန်ဟဂ်ရဲ့ မဟာဗျူဟာမြောက် ကွင်းလယ်ပိုင်းတည်ဆောက်ပုံနဲ့ ရေရှည်အတွက် ယူနိုက်တက်တို့ ချိန်ရွယ်နေတဲ့ ကြယ်ပွင့်ကွင်းလယ်ကစားသမား ၂ဦး
တန်ဟဂ်ကစားချင်တဲ့ ကစားကွက်အတွက် အဓိကပဲ့ကိုင်ဖန်တီးပေးဖို့ ယူနိုက်တက်တို့ ချိန်ရွယ်နေတဲ့ ကွင်းလယ်မှော်ဆရာ၂ ဦး
တန်ဟဂ် အတွက် မဟာဗျူဟာမြောက်နည်းစနစ်ချမှတ်မှုတွေ ပြုလုပ်နိုင်ဖို့ဆိုရင် ကွင်းလယ်ပိုင်းတည်ဆောက်ပုံ စည်းစနစ်ကျမှု အတွက် လိုအပ်ချက်ရှိနေပါသေးတယ်။
ယနေ့ခေတ်ကွင်းလယ် (၃)ယောက် အတွဲဟာ အဖျတ်တစ်ဦး၊ဆွဲပြေးနိုင်တဲ့ကစားသမားတစ်ဦး နဲ့ ဖြန့်ဝေနိုင်စွမ်းရှိတဲ့ ကွင်းလယ်လူတစ်ဦး လိုအပ်ပြီး မန်ယူနိုက်တဒ်မှာတော့ DM နေရာအတွက် ကတ်စမဲရိုး နဲ့ ဖြန့်ဝေနိုင်တဲ့နေရာအတွက် ဘရူနို/အဲရခ်ဆင် တို့ ရှိနေသည့်တိုင် ကွင်းလယ်ကနေ ဆွဲပြေးယူနိုင်တဲ့ ကစားသမားကတော့လိုအပ်နေပါသေးတယ်။ပေါဂ့်ဘာ ရှိစဉ်က မသိသာပေမယ့် လက်ရှိအချိန်မှာတော့ ယူနိုက်တဒ်ကွင်းလယ်မှာ ပြိုင်ဘက်ခံစစ်ကို ထိုးဖောက်နိုင်တဲ့ ကစားသမား မရှိတာကြောင့် low block တွေကိုထိုးဖောက်ရာမှာအခက်ခဲကြုံနေရပါသေးတယ်။
တန်ဟဂ် အတွက် အဆိုပါပြသနာကို ဖြေညှိဖို့တစ်ခုတည်းသော ဖြေရှင်းချက်က ကစားသမားသစ် ဝယ်ယူရန်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူ့ရဲ့မပြီးပြတ်သေးတဲ့ ဇာတ်လမ်းဟောင်း တဖြစ်လည်း ဖရန်ကီဒီဂျောင် နဲ့ ဥရောပအသင်းကြီးတိုင်းအတွက် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေတဲ့ အင်္ဂလန်စတား ဂျူဒ့်ဘယ်လင်ဟမ် တို့ပဲ ဖြစ်ပါတယ်။ ဒီဂျောင် ကို ခေါ်ယူရန် တန်ဟဂ် က စိတ်အားထက်သန်နေဆဲ ဖြစ်ပြီး ပြီးခဲ့တဲ့နွေမှာထဲက အပြောင်းရွှေ့ထပ်မံပြုလုပ်ရန် နှစ်ဦးကြား ကတိစကားထားခဲ့ကြောင်း MEN ရဲ့ ဆင်မြူရယ်လုခ်ရှောင် က ဖော်ပြခဲ့ပါတယ်။
ယူနိုက်တဒ် ဖက်ကလည်း ဒီဂျောင် အတွက် ယူရို(၈၅)သန်းအထိ ပေးချေရန် သဘောတူညီထားပြီး လာမယ့်နွေမှာ ထပ်မံကြိုးစားဖွယ်ရှိပါတယ်။ဂျုဒ့်ဘယ်လင်ဟမ် ကို တော့ ဒေါ့မွန်အသင်းက လွယ်လင့်တကူရောင်းချမှာ မဟုတ်သလို အပြိုင်ဆိုင်အလိုရှိတဲ့အသင်းကြီးများတာကြောင့် ယူနိုက်တဒ်အတွက် လွယ်ကူတဲ့ပစ်မှတ်တော့ မဟုတ်တာသေချာပါတယ်။
ဒေါ့မွန်အသင်းက သူတို့ရဲ့ ငွေကြယ်ပွင့်အတွက် ယူရိုသန်း(၁၃၀)အထိ တောင်းဆိုနိုင်ပြီး ဘယ်လင်ဟမ်မိသားစု ကလည်း များပြားလွန်းတဲ့ ငွေကြေးပမာဏ ကို တောင်းဆိုဖွယ်ရှိပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းက ဘယ်လင်ဟမ် ကို အနာဂတ်နံပတ်(၁၀)အဖြစ် သတ်မှတ်ထားကြောင်း MARCA က ဆိုထားတာကြောင့်လည်း ယူနိုက်တဒ် အတွက်တော့ ယခုတစ်ကြိမ်မှာ ဘယ်လင်ဟမ်အိမ်မက်ဟာ အငွေပျံပျောက်ကွယ်သွားနိုင်ချေရှိပါတယ်။သို့သော်လည်း ဒီဂျောင်အပြောင်းရွှေ့ကတော့ တန်ဟဂ် ရဲ့အလိုရှိမှု နဲ့အတူ ဖြစ်ပေါ်လာဖွယ်ရှိပြီး ဘာစီလိုနာ နဲ့ စာချုပ်အပြောင်းလဲမရှိခဲ့ရင် လာမယ့်နွေမှာ နယ်သာလန်ကွင်းလယ်လူကို ယူနိုက်တဒ်တို့ အမိအရခေါ်ယူဖို့ကြိုးပမ်းလာပါလိမ့်မယ်။
crd