crd
unicode
တန်ဟဂ်ရဲ့ဦးဆောင်မှုနှင့်အတူဆုဖလားတွေဆီအရောက်သွားဖို့ကြွေးကြော်လိုက်တဲ့ သရဲနီခံစစ်မှူး မာတီနက်ဇ်
ယခုရာသီအစမှ မန်ယူအသင်းကို ရောက်ရှိလာတဲ့ လက်ဇန်ဒရို မာတီးနက်ဟာ အသင်းသစ်မှာ အမြန်အထိုင်ကျခဲ့ပြီး အဲရစ်တန်ဟဂ် လက်ထက် ခြေစွမ်းပြနေတဲ့ ကစားသမား တယောက်ဖြစ်ပါတယ်။ ၅ပေ ၁၀လက်မသာရှိတဲ့ အရပ်ဟာ ဗဟိုနောက်ခံလူတယောက် အတွက် အိပ်မက်ဆိုး တခုဖြစ်ပြီး ဒီကစားသမားကီု မန်ယူနည်းပြသစ် တန်ဟဂ်က ခေါ်ယူခဲ့ပြီးနောက်မှာ ဝေဖန် လှောင်ပြောင်မှုတွေ အများပြား ရှိနေပါတယ်။ မန်ယူပရိတ်သတ်တွေ ကိုယ်တိုင်က မာတီးနက်ဇ်ကို အပြည့်အဝ ယုံကြည်ဖို့ ခက်ခဲခဲ့ပေမယ့် ကစားသမားရဲ့ ခြေစွမ်း၊ ကြိုးစား အားထုတ်မှုနဲ့ စိတ်ဓာတ်အပြည့်နဲ့ ကစားဟန်ကြောင့် ပရိတ်သတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်လာခဲ့ပါတယ်။
မန်ယူအသင်းဟာ ရာသီအစ ပွဲစဥ် ၂ ပွဲဖြစ်တဲ့ ဘရိုက်တန် ၊ ဘရန်းဖို့ဒ်တို့နှင့် ပွဲစဥ်တွေမှာ ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနော် အိပ်မက်ဆိုးမှလန့်နိုးသလို ခြေစွမ်းပိုင်းရော၊ ရလာဒ်ပိုင်းပါ တိုးတက်လာခဲ့ပါတယ်။ ၂၀၁၇ ကာရာဘောင် ဖလား ရရှိပြီးထဲက ဆုဖလားတွေနဲ့ ဝေးကွာနေတဲ့ မန်ယူအသင်းကို အိပ်မက် ပြဇာတ်ရုံနဲ့ ထိုက်တန်တဲ့ ဆုဖလားတွေ ယူဆောင်လာဖို့ အဲရစ်တန်ဟဂ်ရဲ့ ဦးဆောင်မှုနဲ့ အားလုံး ကြိုးစားနေတယ်လို့ မာတီးနက်ဇ်က ကတိပြုလိုက်ပါတယ်။ အသင်း အနေနဲ့ သေချာ ကောင်းမွန်တဲ့ လမ်းကြောင်းမှန် တခုပေါ်ကို ရောက်ရှိနေပြီး မဝေးတော့တဲ့အချိန် တခုမှာ ဆုဖလားတွေ ယူဆောင်လာမယ်လို့ မာတီးနက်ဇ်က ချဲဆီးနဲ့ ပွဲစဉ် အပြီး ထုတ်ပြောသွားခဲ့ပါတယ်။
” သိပ်ကို သေချာတာ တခုက ကျွန်တော်တို့ အားလုံး ဆုဖလားတွေဆီ သွားကြမယ် ဆိုတာ အဓိက ရည်မှန်းချက် တခုပဲ။ အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ထိုက်တန်တဲ့ အရာတွေ ရယူပေးဖို့ပေါ့။ ” ” ကျွန်တော့် အမြင် အရတော့ အခုဆိုရင် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ။ ဒါပေမယ့် အာရုံစိုက်ပြီး မြဲမြံတဲ့ စိတ်ဓာတ်နဲ့ ရှေ့ဆက် ချီတက် ရပါမယ်။ ဖြည်းဖြည်းချင်း တဆင့်ချင်းစီပေါ့။ ဆာလောင် မွတ်သိပ်မှု အပြည့်နဲ့ ခြေလှမ်း မှန်မှန် ချီတက်ရမယ်။ ” ” အမြဲတမ်း အဲရစ်က ကစားပုံကောင်းဖို့ ဆန္ဒရှိတဲ့ နည်းပြ တဦးပါ။ သူက နိုင်လိုစိတ် ပြင်းပြပြီး အချိန်တိုင်း တက်ကြွနေတဲ့ အသင်းကို အလိုရှိတာပါ။ ဒါဟာ အောင်မြင်မှုတွေဆီ သွားတဲ့ လမ်းကြောင်းမှာ သိပ်ကို အရေးကြီးတဲ့ အရာပေါ့။ ”
” အဲရစ်က ဒီစိတ်ဓာတ်ကို ယူဆောင် လာပေးတယ်။ ခင်ဗျားတို့ အားလုံးလည်း တော့တင်ဟမ်နဲ့ ပွဲမှာ တွေ့ခဲ့မှာပဲ။ အချိန်ပြည့် တက်ကြွနေတဲ့ မန်ယူအသင်းကိုလေ။ ” ” ကျွန်တော်တို့ အားလုံးက မရပ်မနား ဆက်တိုက် ဖိအားပေးဖို့ပဲ စဉ်းစားနေတယ်။ နည်းစနစ်ပိုင်း အရဆိုရင်လည်း သိပ်ကောင်းနေတယ်။ ဘောလုံး ခြေထဲ ရှိတဲ့ အချိန်ရော၊ မရှိတဲ့ အချိန်ရော ရွေ့လျားမှုတွေက အမိုက်စား ဖြစ်နေတယ်။ ” ” အချိန်လေးတော့ နည်းနည်း ထပ်ယူရမှာပေါ့။ ကျွန်တော်တို့ အားလုံး စိတ်နည်းနည်း ရှည်ဖို့ လိုပါတယ်။ သေချာတာ တခုက ဆုဖလားတွေဆီ သွားတဲ့ လမ်းကြောင်းပေါ်ကို ကျွန်တော်တို့ ရောက်နေပါပြီ။ ” ဆိုပြီး ပရိတ်သတ် အချစ်တော် မာတီးနက်ဇ်က ထုတ်ပြော သွားခဲ့ပါတယ်။