တန္ဟက္ဂ်္အတြက္ အဖိုးတန္ျဖစ္လာေစမယ့္ အလြတ္နဲ႔ရမယ့္ ကမာၻ႔အဆင့္ကြင့္လယ္လူႏွစ္ဦး
|တန္ဟက္ဂ်္အတြက္ အဖိုးတန္ျဖစ္လာေစမယ့္ အလြတ္နဲ႔ရမယ့္ ကမာၻ႔အဆင့္ကြင့္လယ္လူႏွစ္ဦး
မန္ယူႏိုက္တဒ္အသင္းဟာ လာမယ့္ေႏြမွာ ကစားသမားသစ္ေတြ ျဖည့္တင္းႏိုင္ရန္အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ေနၿပီး အသင္းပိုင္ရွင္အေျပာင္းလဲေၾကာင့္ တန္ေၾကးျမင့္ေပးေခ်ရမႈေတြကို ေရွာင္လႊဲႏိုင္ဖို႔ ကစားသမားတခ်ိဳ႕ကို ယခုထဲက ေခၚယူႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။
အထူးသျဖင့္ ကြင္းလယ္မွာ လိုအပ္ခ်က္မ်ားေနတဲ့အသင္းအတြက္ တန္ဟဂ္ က ကြင္းလယ္လူေတြ ေခၚယူေရးကို ဦးစားေပးသတ္မွတ္ထားၿပီး အသင္းပိုင္ရွင္အေျပာင္းလဲခဲ့ရင္ေတာင္ မူဝါဒအတိုင္း FFP ကို အသင္းကိုယ္ပိုင္ေငြေၾကးျဖင့္သာ ေက်ာ္လႊားရန္ႀကံစည္ထားတဲ့ အတြက္ အရည္အေသြးျမင့္မားၿပီး ေျပာင္းေ႐ႊ႕ေၾကးလည္း ကုန္က်မႈမရွိမယ့္ ကစားသမား (၂)ဦးကို အျခားေသာၿပိဳင္ဘက္ေတြထက္ လက္ဦးမႈရယူကာ ေခၚယူႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။
လူကာမိုဒရစ္ / မက္ဒရစ္ နဲ႔ စာခ်ဳပ္သက္တမ္း တိုးျမႇင့္မႈေတြ ရပ္ဆိုင္းေနၿပီး လာမယ့္ေႏြမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ဘာေနျဗဴး ကို ထြက္ခြာႏိုင္ေခ် ျမင့္မားတဲ့ မိုဒရစ္ ကို မန္ယူႏိုက္တဒ္ က မ်က္စိက်ေနသလို PSG နဲ႔ ေရာ္နယ္ဒိုကိုပိုင္ဆိုင္ထားတဲ့ အလ္နာဆာ အသင္းကလည္း စိတ္ဝင္စားလ်က္ရွိပါတယ္။ မိုဒရစ္ က ဥေရာပမွာ ကစားႏိုင္တဲ့ စြမ္းေဆာင္ရည္မ်ိဳးရွိေနဆဲ ျဖစ္ၿပီး မန္ယူႏိုက္တဒ္ အတြက္ ကြင္းတြင္း/ကြင္းျပင္ ဦးေဆာင္ႏိုင္စြမ္းသာမက သူ႔ရဲ႕ျမင့္မားတဲ့ေျခစြမ္း နဲ႔အတူ အသင္းကို ကူညီႏိုင္စြမ္းအျပည့္ ရွိေနပါေသးတယ္။
တလိုင္းမန္းစ္ / လက္စတာကြင္းလယ္လူဟာလည္း စာခ်ဳပ္ျပည့္ေတာ့မွာျဖစ္လို႔ အလြတ္ေျပာင္းေ႐ႊ႕ေၾကး နဲ႔ ေျပာင္းေ႐ႊ႕မယ့္ ကစားသမားျဖစ္ပါတယ္။ တန္ဟဂ္ က တလိုင္းမန္းစ္ ကို အေတာ္ေလးသေဘာက်သူျဖစ္ၿပီး ဖရန္ကီဒီေဂ်ာင္ ကို မရခဲ့ရင္ အစားထိုးေခၚယူဖို႔ စီစဥ္ထားတဲ့ ကစားသမားေတြထဲမွာ ထည့္သြင္းထားေၾကာင္း မီဒီယာေတြက ဆိုပါတယ္။ ဘလ္ဂ်ီယံကြင္းလယ္လူ ဟာ ခံစစ္ပိုင္းစြမ္းေဆာင္ရည္ညံဖ်င္းတယ္လို႔ ေဝဖန္ခံေနရေပမယ့္ ယူႏိုက္တဒ္ ရဲ႕ အဲရခ္ဆင္ ေနရာကိုေတာ့ အေကာင္းဆုံးအစားထိုးႏိုင္သူျဖစ္သလို ေျပာင္းေ႐ႊ႕ေၾကးလည္းကုန္က်မႈမရွိပဲ အလြတ္ေခၚယူႏိုင္မွာျဖစ္လို႔ ေသခ်ာေပါက္ ေခၚယူႏိုင္ဖို႔ ႀကိဳးစားသြားပါလိမ့္မယ္။
crd
unicode
တန်ဟက်ဂျ်အတွက် အဖိုးတန်ဖြစ်လာစေမယ့် အလွတ်နဲ့ရမယ့် ကမ္ဘာ့အဆင့်ကွင့်လယ်လူနှစ်ဦး
မန်ယူနိုက်တဒ်အသင်းဟာ လာမယ့်နွေမှာ ကစားသမားသစ်တွေ ဖြည့်တင်းနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး အသင်းပိုင်ရှင်အပြောင်းလဲကြောင့် တန်ကြေးမြင့်ပေးချေရမှုတွေကို ရှောင်လွှဲနိုင်ဖို့ ကစားသမားတချို့ကို ယခုထဲက ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။
အထူးသဖြင့် ကွင်းလယ်မှာ လိုအပ်ချက်များနေတဲ့အသင်းအတွက် တန်ဟဂ် က ကွင်းလယ်လူတွေ ခေါ်ယူရေးကို ဦးစားပေးသတ်မှတ်ထားပြီး အသင်းပိုင်ရှင်အပြောင်းလဲခဲ့ရင်တောင် မူဝါဒအတိုင်း FFP ကို အသင်းကိုယ်ပိုင်ငွေကြေးဖြင့်သာ ကျော်လွှားရန်ကြံစည်ထားတဲ့ အတွက် အရည်အသွေးမြင့်မားပြီး ပြောင်းရွှေ့ကြေးလည်း ကုန်ကျမှုမရှိမယ့် ကစားသမား (၂)ဦးကို အခြားသောပြိုင်ဘက်တွေထက် လက်ဦးမှုရယူကာ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။
လူကာမိုဒရစ် / မက်ဒရစ် နဲ့ စာချုပ်သက်တမ်း တိုးမြှင့်မှုတွေ ရပ်ဆိုင်းနေပြီး လာမယ့်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘာနေဗြူး ကို ထွက်ခွာနိုင်ချေ မြင့်မားတဲ့ မိုဒရစ် ကို မန်ယူနိုက်တဒ် က မျက်စိကျနေသလို PSG နဲ့ ရော်နယ်ဒိုကိုပိုင်ဆိုင်ထားတဲ့ အလ်နာဆာ အသင်းကလည်း စိတ်ဝင်စားလျက်ရှိပါတယ်။ မိုဒရစ် က ဥရောပမှာ ကစားနိုင်တဲ့ စွမ်းဆောင်ရည်မျိုးရှိနေဆဲ ဖြစ်ပြီး မန်ယူနိုက်တဒ် အတွက် ကွင်းတွင်း/ကွင်းပြင် ဦးဆောင်နိုင်စွမ်းသာမက သူ့ရဲ့မြင့်မားတဲ့ခြေစွမ်း နဲ့အတူ အသင်းကို ကူညီနိုင်စွမ်းအပြည့် ရှိနေပါသေးတယ်။
တလိုင်းမန်းစ် / လက်စတာကွင်းလယ်လူဟာလည်း စာချုပ်ပြည့်တော့မှာဖြစ်လို့ အလွတ်ပြောင်းရွှေ့ကြေး နဲ့ ပြောင်းရွှေ့မယ့် ကစားသမားဖြစ်ပါတယ်။ တန်ဟဂ် က တလိုင်းမန်းစ် ကို အတော်လေးသဘောကျသူဖြစ်ပြီး ဖရန်ကီဒီဂျောင် ကို မရခဲ့ရင် အစားထိုးခေါ်ယူဖို့ စီစဉ်ထားတဲ့ ကစားသမားတွေထဲမှာ ထည့်သွင်းထားကြောင်း မီဒီယာတွေက ဆိုပါတယ်။ ဘလ်ဂျီယံကွင်းလယ်လူ ဟာ ခံစစ်ပိုင်းစွမ်းဆောင်ရည်ညံဖျင်းတယ်လို့ ဝေဖန်ခံနေရပေမယ့် ယူနိုက်တဒ် ရဲ့ အဲရခ်ဆင် နေရာကိုတော့ အကောင်းဆုံးအစားထိုးနိုင်သူဖြစ်သလို ပြောင်းရွှေ့ကြေးလည်းကုန်ကျမှုမရှိပဲ အလွတ်ခေါ်ယူနိုင်မှာဖြစ်လို့ သေချာပေါက် ခေါ်ယူနိုင်ဖို့ ကြိုးစားသွားပါလိမ့်မယ်။