တန်ဟက်ဂ်ျရဲ့ ကွင်းလယ်ပစ်မှတ်တွေထဲက ပေါ်တူဂီစတားကို ခေါ်ယူဖို့ဆွေးနွေးမှုတွေလုပ်ဆောင်လာတဲ့ မန်ယူနိုက်တက်




crd

unicode

တန်ဟက်ဂျ်ရဲ့ ကွင်းလယ်ပစ်မှတ်တွေထဲက ပေါ်တူဂီစတားကို ခေါ်ယူဖို့ဆွေးနွေးမှုတွေလုပ်ဆောင်လာတဲ့ မန်ယူနိုက်တက်

မန်ယူအသင်း တာဝန်ရှိသူတွေနဲ့ နည်းပြ တန်ဟတ်ဟာ ဝုဗ်အသင်း ကွင်းလယ်လူ ရူဘင် နီးဗက်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ဖြစ်နိုင်ခြေတွေကို ဆွေးနွေးနေတယ်လို့ သိရပါတယ်။ မန်ယူအသင်းရဲ့ လက်ရှိကွင်းလယ်မှာက အဲရစ်ဆင်၊ ကတ်စမဲရိုးနဲ့ ဖာနန်ဒက်တို့လို ကမ္ဘာ့အဆင့် သုံးယောက်ရှိပါတယ်။ အငှားခေါ်ထားတဲ့ ဆဘစ်ဇာ၊ ဆိုးလ်ရှားလက်ထက်က တော်မီနေးနဲ့ ဖရက်အတွဲရှိတဲ့အတွက် ဆိုးလှတဲ့အထဲ မပါပါဘူး။

ဒါပေမဲ့ အဲရစ်ဆင်ရဲ့ ဒဏ်ရာရတတ်ပုံ၊ ဆဘစ်ဇာကို သိပ်စိတ်တိုင်းမကျတဲ့ တန်ဟတ်နဲ့ တော်မီနေးကို ရောင်းထုတ်မယ့်အနေအထားတွေကြောင့် ကွင်းလယ်ဟာ အင်အားဖြည့်တင်းဖို့ လိုကိုလိုနေပါတယ်။ ဒီအတွက် တန်ဟတ်က ရူဘင်နီးဗက်ကို စိတ်ဝင်စားနေပါတယ်။ သတင်းဖော်ပြချက်မှာတော့ တန်ဟတ်ဟာ ဖြစ်နိုင်ခြေတွေကိုပါ ဆွေးနွေးထားပါပြီ။ (၂၀၂၅)မှာ စာချုပ်ကုန်မယ့်အပြင် အသက်ကလည်း (၂၆)ပဲရှိသေးတဲ့ နီးဗက်ရဲ့ ထူးခြားချက်က ဒဏ်ရာမရဘဲ ပရီးမီးယားလိဂ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ဖာနန်ဒက်လို ကစားနိုင်တာဖြစ်ပါတယ်။

လာမယ့်နွေမှာ တစ်နှစ်ပဲ စာချုပ်ကျန်တော့မှာကြောင့် တန်ဟတ်ခေါ်မယ်ဆိုရင် ပေါင်သန်း (၅၀)ဝန်းကျင်လောက်နဲ့ ခေါ်ယူနိုင်မှာပါ။ ဒီအပိုင်းက ပြဿနာမရှိပေမဲ့ ဆွေးနွေးထားတဲ့ပုံစံအရ တန်ဟတ်ဟာ နီးဗက်ကို ကွင်းလယ်ပစ်မှတ်တွေထဲက တစ်ဦးလို့ပဲ သတ်မှတ်ထားပုံပေါ်ပါတယ်။

လိုချင်တဲ့ပစ်မှတ်တွေ မရခါမှ ခေါ်ယူမယ့်ပုံစံဖြစ်လို့ သိပ်အများကြီးတော့ မျှော်လင့်ထားလို့မရပါဘူး။ တစ်ခုရှိတာက တန်ဟတ်ခေါ်ယူတဲ့ ကစားသမားတွေက အသင်းကို ကျိန်းသေ အကျိုးပြုတာမလို့ ရူဘင်နီးဗက် ကစားဟန်တွေကို ကြိုက်တဲ့ပရိသတ်တွေအတွက် မျှော်လင့်ချက်အပြည့်ရှိနေပါတယ်။ တန်ဟတ်စိတ်ဝင်စားရင် သူ့အတွက် တကယ်အကျိုးရှိလို့ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *