တန္ဟက္ဂ်္ရဲ႕ယူႏိုက္တက္ကို လန္ထြက္သြားေစမယ့္ ကစားသမား ၃ ဦးကို အႀကံေပးတင္ျပလိုက္တဲ့ တိုက္စစ္မႉးေဟာင္း ဘာဘာေတာ့ဗ္
|တန္ဟက္ဂ်္ရဲ႕ယူႏိုက္တက္ကို လန္ထြက္သြားေစမယ့္ ကစားသမား ၃ ဦးကို အႀကံေပးတင္ျပလိုက္တဲ့ တိုက္စစ္မႉးေဟာင္း ဘာဘာေတာ့ဗ္
မန္ယူႏိုက္တဒ္နဲ႔ ဘူလ္ေဂးရီးယား တိုက္စစ္မႈး ဒီမီတာဘာဘာေတာဗ့္က ယူႏိုက္တဒ္ အေနနဲ႔ လိဂ္ဖလားကို အလိုရွိတယ္ဆိုရင္ လက္တေလာေဈးကြက္အတြင္း နာမည္ႀကီးေနတဲ့ ကစားသမား (၃)ဦးကို ေခၚယူသင့္တယ္လို႔ အႀကံေပး ေထာက္ျပခဲ့ပါတယ္။ ယူႏိုက္တဒ္အတြက္ လာမယ့္ေႏြမွာ ဘာဘာေတာဗ့္ ေခၚယူေစလိုတဲ့ ကစားသမားေတြက နာပိုလီ တိုက္စစ္မႈး ဗစ္တာေအာ္စီမန္၊ ေဒါ့မြန္ ကြင္းလယ္လူ ဂ်ဳဒ့္ဘယ္လင္ဟမ္နဲ႔ ခ်ဲလ္ဆီးကေန ထြက္ခြာေတာ့မယ္လို႔ နာမည္ႀကီးေနတဲ့ ေမဆင္ေမာင့္တို႔ပဲ ျဖစ္ပါတယ္။
ဘာဘာေတာဗ့္က “တိုက္စစ္ေနရာအတြက္ဆိုရင္ ဗစ္တာေအာ္စီမန္ တစ္ဦးတည္းကိုသာ ေ႐ြးခ်ယ္လိုပါတယ္။ လက္ရွိအခ်ိန္မွာ သူကလုံးဝမယုံၾကည္ႏိုင္စရာေကာင္းတဲ့ ကစားသမားတစ္ဦးပါ။ သူက အရမ္းကိုငယ္႐ြယ္လြန္းေသးသလို ေလထဲမွာဆိုရင္လည္း လွ်င္ျမန္တဲ့သူတစ္ေယာက္ပါ။ ” ” သူ႔ရဲ႕ျမန္ႏႈန္းနဲ႔ နာပိုလီအတြက္ သြင္းယူေနတဲ့ သြင္းဂိုးေတြက အံမခန္းပါပဲ။ ယူႏိုက္တဒ္ အေနနဲ႔ လာမယ့္ေႏြမွာ တိုက္စစ္မႈးတစ္ေယာက္ ေခၚမယ္ဆိုရင္ ေသခ်ာေပါက္ ဗစ္တာေအာ္စီမန္ကိုပဲ ေ႐ြးခ်ယ္ရပါလိမ့္မယ္။
ကြင္းလယ္မွာ ဘယ္လင္ဟမ္ကို ေခၚယူဖို႔လိုပါတယ္။ မန္ယူႏိုက္တဒ္အေနနဲ႔ ဒီခ်ာတိတ္ကို ခ်က္ခ်င္းေတာင္ ဝယ္ယူသင့္တာပါ။” ” အသက္(၁၉)ႏွစ္သာ ရွိေသးတဲ့ ဒီခ်ာတိတ္ရဲ႕ အနာဂတ္က ေၾကာက္စရာေကာင္းပါတယ္။ သူ႔ရဲ႕ေနာက္တစ္ဆင့္တက္လွမ္းမယ့္အသင္းက မန္ယူႏိုက္တဒ္ျဖစ္လာဖို႔ ေမွ်ာ္လင့္ပါတယ္။သူ႔မွာ အရာအားလုံးၿပီးျပည့္စုံေနၿပီး အခြင့္အေရးရမယ္ဆိုရင္ မန္ယူႏိုက္တဒ္ အေနနဲ႔ မျဖစ္မေန အရေခၚယူဖို႔ႀကိဳးစားရပါလိမ့္မယ္”လို႔ဆိုပါတယ္။
ဆက္လက္ၿပီး ဘာဘာေတာဗ့္က ခ်ဲလ္ဆီးကေန ထြက္ခြာမယ္လို႔ နာမည္ႀကီးေနတဲ့ ေမဆင္ေမာင့္နဲ႔ ပက္သက္ၿပီး “သူကပါရမီရွင္လူငယ္ကစားသမားတစ္ေယာက္ပါ၊ ကြၽန္ေတာ့္အေနနဲ႔ သူ႔ကို ပိုမိုႀကီးမားတဲ့အသင္းတစ္သင္းထံ ေျပာင္းေ႐ႊ႕တာမ်ိဳးအမွန္တကယ္ ျမင္ေတြ႕လိုပါတယ္။” ” သူကလက္ရွိလည္း ထိပ္တန္းအသင္းမွာ ရွိေနတာမွန္ေပမယ့္ မန္ယူႏိုက္တဒ္အေနနဲ႔ ဘယ္လင္ဟမ္ကိုသာ ေခၚယူလို႔မရခဲ့ရင္ ေသခ်ာေပါက္ ေမဆင္ေမာင့္ကို ေခၚယူသင့္ပါတယ္။ သူတို႔မွာ တူညီတဲ့ပါရမီနဲ႔ အရည္ခ်င္းေတြ ရွိၾကၿပီး ေမဆင္ေမာင့္က ဒီလိဂ္မွာ သူဘာလုပ္ႏိုင္တယ္ဆိုတာ သက္ေသျပၿပီးသားပါ။”
” ကစားသမားတစ္ေယာက္ကို ေခၚယူမယ္ဆိုရင္ ဒီကစားသမားက အသင္းမွာ အမွန္တကယ္ေရာ အသုံးတည့္မွာလားဆိုတာက ပထမဆုံး စဥ္းစားဆုံးျဖတ္ရမယ့္အခ်က္ျဖစ္ပါလိမ့္မယ္။ ဒီကစားသမားေတြေခၚလိုက္ရင္ အသင္းကပိုၿပီးအက်ိဳးရွိမွာလား ဒါမွမဟုတ္ ကစားသမားသစ္ေတြေၾကာင့္ ဘယ္သူကေနရာဖယ္ေပးရမွာလည္းဆိုတာ နည္းျပက ဆုံးျဖတ္ရမယ့္အရာ ျဖစ္လာပါလိမ့္မယ္”လို႔ဆိုပါတယ္။
crd
တန်ဟက်ဂျ်ရဲ့ယူနိုက်တက်ကို လန်ထွက်သွားစေမယ့် ကစားသမား ၃ ဦးကို အကြံပေးတင်ပြလိုက်တဲ့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်
မန်ယူနိုက်တဒ်နဲ့ ဘူလ်ဂေးရီးယား တိုက်စစ်မှုး ဒီမီတာဘာဘာတောဗ့်က ယူနိုက်တဒ် အနေနဲ့ လိဂ်ဖလားကို အလိုရှိတယ်ဆိုရင် လက်တလောဈေးကွက်အတွင်း နာမည်ကြီးနေတဲ့ ကစားသမား (၃)ဦးကို ခေါ်ယူသင့်တယ်လို့ အကြံပေး ထောက်ပြခဲ့ပါတယ်။ ယူနိုက်တဒ်အတွက် လာမယ့်နွေမှာ ဘာဘာတောဗ့် ခေါ်ယူစေလိုတဲ့ ကစားသမားတွေက နာပိုလီ တိုက်စစ်မှုး ဗစ်တာအော်စီမန်၊ ဒေါ့မွန် ကွင်းလယ်လူ ဂျုဒ့်ဘယ်လင်ဟမ်နဲ့ ချဲလ်ဆီးကနေ ထွက်ခွာတော့မယ်လို့ နာမည်ကြီးနေတဲ့ မေဆင်မောင့်တို့ပဲ ဖြစ်ပါတယ်။
ဘာဘာတောဗ့်က “တိုက်စစ်နေရာအတွက်ဆိုရင် ဗစ်တာအော်စီမန် တစ်ဦးတည်းကိုသာ ရွေးချယ်လိုပါတယ်။ လက်ရှိအချိန်မှာ သူကလုံးဝမယုံကြည်နိုင်စရာကောင်းတဲ့ ကစားသမားတစ်ဦးပါ။ သူက အရမ်းကိုငယ်ရွယ်လွန်းသေးသလို လေထဲမှာဆိုရင်လည်း လျှင်မြန်တဲ့သူတစ်ယောက်ပါ။ ” ” သူ့ရဲ့မြန်နှုန်းနဲ့ နာပိုလီအတွက် သွင်းယူနေတဲ့ သွင်းဂိုးတွေက အံမခန်းပါပဲ။ ယူနိုက်တဒ် အနေနဲ့ လာမယ့်နွေမှာ တိုက်စစ်မှုးတစ်ယောက် ခေါ်မယ်ဆိုရင် သေချာပေါက် ဗစ်တာအော်စီမန်ကိုပဲ ရွေးချယ်ရပါလိမ့်မယ်။
ကွင်းလယ်မှာ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့လိုပါတယ်။ မန်ယူနိုက်တဒ်အနေနဲ့ ဒီချာတိတ်ကို ချက်ချင်းတောင် ဝယ်ယူသင့်တာပါ။” ” အသက်(၁၉)နှစ်သာ ရှိသေးတဲ့ ဒီချာတိတ်ရဲ့ အနာဂတ်က ကြောက်စရာကောင်းပါတယ်။ သူ့ရဲ့နောက်တစ်ဆင့်တက်လှမ်းမယ့်အသင်းက မန်ယူနိုက်တဒ်ဖြစ်လာဖို့ မျှော်လင့်ပါတယ်။သူ့မှာ အရာအားလုံးပြီးပြည့်စုံနေပြီး အခွင့်အရေးရမယ်ဆိုရင် မန်ယူနိုက်တဒ် အနေနဲ့ မဖြစ်မနေ အရခေါ်ယူဖို့ကြိုးစားရပါလိမ့်မယ်”လို့ဆိုပါတယ်။
ဆက်လက်ပြီး ဘာဘာတောဗ့်က ချဲလ်ဆီးကနေ ထွက်ခွာမယ်လို့ နာမည်ကြီးနေတဲ့ မေဆင်မောင့်နဲ့ ပက်သက်ပြီး “သူကပါရမီရှင်လူငယ်ကစားသမားတစ်ယောက်ပါ၊ ကျွန်တော့်အနေနဲ့ သူ့ကို ပိုမိုကြီးမားတဲ့အသင်းတစ်သင်းထံ ပြောင်းရွှေ့တာမျိုးအမှန်တကယ် မြင်တွေ့လိုပါတယ်။” ” သူကလက်ရှိလည်း ထိပ်တန်းအသင်းမှာ ရှိနေတာမှန်ပေမယ့် မန်ယူနိုက်တဒ်အနေနဲ့ ဘယ်လင်ဟမ်ကိုသာ ခေါ်ယူလို့မရခဲ့ရင် သေချာပေါက် မေဆင်မောင့်ကို ခေါ်ယူသင့်ပါတယ်။ သူတို့မှာ တူညီတဲ့ပါရမီနဲ့ အရည်ချင်းတွေ ရှိကြပြီး မေဆင်မောင့်က ဒီလိဂ်မှာ သူဘာလုပ်နိုင်တယ်ဆိုတာ သက်သေပြပြီးသားပါ။”
” ကစားသမားတစ်ယောက်ကို ခေါ်ယူမယ်ဆိုရင် ဒီကစားသမားက အသင်းမှာ အမှန်တကယ်ရော အသုံးတည့်မှာလားဆိုတာက ပထမဆုံး စဉ်းစားဆုံးဖြတ်ရမယ့်အချက်ဖြစ်ပါလိမ့်မယ်။ ဒီကစားသမားတွေခေါ်လိုက်ရင် အသင်းကပိုပြီးအကျိုးရှိမှာလား ဒါမှမဟုတ် ကစားသမားသစ်တွေကြောင့် ဘယ်သူကနေရာဖယ်ပေးရမှာလည်းဆိုတာ နည်းပြက ဆုံးဖြတ်ရမယ့်အရာ ဖြစ်လာပါလိမ့်မယ်”လို့ဆိုပါတယ်။
crd
unicode