တန်ဟက်ဂ်ျရဲ့ယုံကြည်မှုနှင့်အတူ ယူနိုက်တက်မှာပြန်ကစားခွင့်ရရေးအတွက် တစ်ဆင့်ချင်းကျော်ဖြတ်ရဖို့ရှိနေတဲ့ ဂရင်းဝုဒ်
epa09718478 (FILE) – Manchester United’s Mason Greenwood reacts during the English FA Cup third round soccer match between Manchester United and Aston Villa in Manchester, Britain, 10 January 2022 (reissued 30 January 2022). English Premier League club Manchester United on 30 January 2022 released a statement saying Greenwood “will not return to training or play matches until further notice” amid accussations that the player had physically assaulted his ex-girlfriend. EPA/Peter Powell EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images, no video emulation. No use in betting, games or single club/league/player publications
crd
unicode
တန်ဟက်ဂျ်ရဲ့ယုံကြည်မှုနှင့်အတူ ယူနိုက်တက်မှာပြန်ကစားခွင့်ရရေးအတွက် တစ်ဆင့်ချင်းကျော်ဖြတ်ရဖို့ရှိနေတဲ့ ဂရင်းဝုဒ်
ယူနိုက်တက်အသင်းကိုယ်စားလှယ်များသည် ဂရင်းဝုဒ် အတွင်းရေးကိစ္စစုံစမ်းမည့်ကိစ္စအတွက် ကစားသမားနှင့် တွေ့ဆုံမှုရှိထားကြောင်းသိရသည်။ အမှုကိုတရားသေလွှတ်ပေးပြီးတစ်လအကြာ ဂရင်းဝုဒ်အနေဖြင့် ဘောလုံးလောကသို့ပြန်ဝင်ရန် ယူနိုက်တက်စီနီယာ အသင်းသို့ မပူးပေါင်းရခင် အဆင့်ဆင့်ကိုကျော်ဖြတ်ရဖို့ရှိနေသည်။ အဆင့်လိုက်လုပ်ဆောင်မှုအဖြစ် ယူနိုက်တက်ဟာ အသင်းရဲ့အကယ်ဒမီထွက်ကစားသမားကို ကစားသမားစာရင်းသို့ ထည့်သွင်းဖို့ရွေးချယ်စရာရှိနေပြီး အဲ့ဒီထဲမှာ ကစားသမားအနေနဲ့ အကြံဉာဏ်ရရယူခြင်း ဒါမှမဟုတ် ကုသမှုခံယူခြင်းတွေ ပါဝင်နေတာဖြစ်တယ်လို့ The Athletic က ဖော်ပြထားပါတယ်။
ဂရင်းဝုဒ်အနေနဲ့ Erik ten Hag အသင်း ဘုတ်အဖွဲ့ဝင် Richard Arnold တို့နှင့်အတူ Sky Sports တွင် တိုက်ရိုက်အင်တာဗျူးတစ်ခု ပြုလုပ်မည်ဖြစ်သည်။ ကလပ်နှင့်အတူ ၆နှစ်သားကတည်းက အတူရှိခဲ့တဲ့ ကစားသမားရဲ့ ပြန်လည်ကောင်းမွန်လာမှုအပေါ် တာဝန်ယူဖို့အတွက် ယူနိုက်တက်က အဆိုပါအင်တာဗျူးကို လုပ်မှာဖြစ်နိုင်ပါတယ်။သူ့ရဲ့ အပြစ်ကင်းစင်မှုကိုအခြေခံပြီးဗြိန်တိန် မှာရှိတဲ့ ဘောလုံးပရိသတ်တွေဆီအမှန် တရားတွေမျှဝေဖို့ပဲဖြစ်သည်။
နည်းပြတန်ဟတ်အစီစဥ်မှာ ဂရင်းဝုဒ်ကိုအသင်းမှာ ချောမွေ့စွာ ပြန်လည်ရောက်ရှိလာပြီး အသင်းအစီစဥ် တစ်စိတ်တစ်ပိုင်းအဖြစ်အသုံးချမည်ဖြစ်သည်။ ကစားသမားအနေနဲ့ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခိုင်ပြီး နောက်ရာသီ စတင်ဖို့ အဆင်သင့်ဖြစ်စေချင်နေကြောင်းသိရသည်။
အကယ် လို့ ဂရင်းဝုဒ်ကို ဆက်ထားသင့်ဟု အသင်းဘက်မှ ဆုံး ဖြတ်ခဲ့သော် ဂရင်းဝုဒ်အပေါ်အားပေးမှုရရေးကိစ္စကို အသင်းဘက်မှ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ကိုင်ဆောင် ရွက်သွားမည်ဖြစ်သည်။ ဒါ့အပြင် TV အင်တာဗျူးတို့ တွင် ပြန်လည်ပါဝင်နိုင်ရေးကိုပါ ထည့်သွင်းလုပ်ဆောင် မည်ဖြစ်သည်။ ဂရင်းဝုဒ်ကိစ္စကို ဂျိုးဂလေဇာ၊ ရစ်ချတ်အာနိုးတို့ က ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။ နည်းပြ တန်ဟက်ရဲ့ အကြံဉာဏ်ကိုလည်း ယင်းတို့နှစ်ဦးက ရယူဦးမည်ဖြစ် သည်။
ယူနိုက်တက်နည်းပြ တန်ဟက်ဟာ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့လက တိုက်စစ်မှုးနှင့် တွေ့ဆုံခဲ့တယ်လို့ထင်ရပြီး ဂရင်းဝုဒ်ကလည်း အသင်းဖော်တွေနဲ့ လျို့ဝှက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဂရင်းဝုဒ်၏ဘောလုံးပါရမီနဲ့ ခြေစွမ်းကောင်းများအပေါ် အလားအလာရှိသည်တို့ကို မြင်ထားသည်။ ကစားသမားကိုယ်တိုင်က ယူနို်က်တက်ဆီပြန်လာဖို့စိတ်အားထက်သန်လျှက်ရှိသော်လည်း ပြင်ဆင်ဖို့လိုအပ်ခဲ့ပါက တခြားနေရာတွေမှာပွဲ ကစားချိန်လိုယူပြီးသွားရောက်ကစားဖွယ်ရှိသည်။ ယခုသတင်းများအရ အသင်းက သူ့ကို နွေရာသီမှာ အေဂျက်စ်ထံ ခြောက်လအငှားနဲ့ စေလွှတ်နိုင်ကြောင်းဖော်ပြထားသည်။
Add a Comment
Your email address will not be published. Required fields are marked *