တန္ဟက္ဂ္ေဘာနဲ႔ အရႈံးဆိုတာဘာလဲမသိေတာ့ေအာင္ ေတြ႕ရာအသင္းတိုင္းကို အႏိုင္ကစားၿပီး အမဲဖ်က္ေနတဲ သရဲနီတပ္သားမ်ား (ယူႏိုက္တက္ ၃-၀ ဘုန္းေမာက္ ပြဲၿပီးသုံးသပ္ခ်က္)

တန္ဟက္ဂ္ေဘာနဲ႔ အရႈံးဆိုတာဘာလဲမသိေတာ့ေအာင္ ေတြ႕ရာအသင္းတိုင္းကို အႏိုင္ကစားၿပီး အမဲဖ်က္ေနတဲ သရဲနီတပ္သားမ်ား (ယူႏိုက္တက္ ၃-၀ ဘုန္းေမာက္ ပြဲၿပီးသုံးသပ္ခ်က္)
ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔တင္ ‌မေက်နပ္ေတာ့ဘဲ ခ်န္ပီယံဆုအထိကို မွန္းၿပီး တစ္ပြဲနဲ႔ တစ္ပြဲပိုပိုေကာင္းလာတဲ့ တန္ဟက္ဂ္နဲ႔ သရဲနီမုဆိုးမ်ား… (ယူႏိုက္တက္ ၃-၀ ဘုန္းေမာက္ ပြဲၿပီးသုံးသပ္ခ်က္)

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္၊ လုခ္ေရွာနဲ႔ ဝန္ဘစ္ဆာကာတို႔ Old-Fashioned ေခတ္ေဟာင္းအစုအဖြဲ႕ကို ျပန္လည္ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ အဲရစ္ဆန္နဲ႔ ဗန္ဒဘိခ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္၊ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ မာစီယယ္လ္တို႔ကို အသုံးျပဳလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဘုန္းေမာက္တို႔ကေတာ့ ဂိုးသမား ထေရဗာစ္၊ ခံစစ္မွာ ဆီနက္ဆီ၊ မက္ဖမ္၊ အက္ဒမ္ စမစ္နဲ႔ ကယ္လီတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ လားမား၊ လူးဝစၥ ကြတ္ခ္၊ ခရစၥတီးနဲ႔ အန္ေထာ္နီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဘီလင္းနဲ႔ ဆိုလန္ကီတို႔ကို တြဲဖက္ေပးခဲ့တာပါ။

ဘုန္းေမာက္ကို ၿပိဳင္ဘက္ေတြထဲမွာ အားအနည္းဆုံးနဲ႔ အႏၲရာယ္ေပးႏိုင္မႈ အနည္းဆုံးအသင္းအျဖစ္ မန္ယူနည္းျပ တန္ဟတ္က တြက္ဆခဲ့ပုံ ေပၚၿပီး ဘယ္တုန္းကမွ မသုံးတဲ့ မက္ဂြိဳင္းယားကို ခံစစ္မွာ ျပန္ထည့္ခဲ့သလို ကြင္းလယ္မွာလည္း ေျပာင္းလာၿပီးကတည္း ခုခ်ိန္အထိ အံမဝင္တဲ့ ဗန္ဒဘိခ္ကို အခြင့္အေရးေပးၿပီး စမ္းသပ္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာ ယူႏိုက္တက္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဖရီးကစ္ကေန ျဖန႔္ေဝေရးမွာ ဘ႐ူႏို ဖာနန္ဒက္စ္ထက္ေတာင္ ဆရာက်ေနတဲ့ အဲရစ္ဆန္က ဘယ္ျခမ္းကေန ကန္တင္ေပးရာမွာ ဘုန္းေမာက္ခံစစ္ၾကားက အခ်ိန္ကိုက္ ေျပးထြက္သြားတဲ့ ကာစီမီ႐ိုက အနီးကပ္ ေျပးပိတ္ၿပီး သြင္းယူသြားႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ဦးေဆာင္ႏိုင္ခဲ့ၾကတာပါ။

ဘုန္းေမာက္တို႔အေနနဲ႔ ကြင္းလယ္တိုက္စစ္သမား တာဗားနီးယာ နားသြားခဲ့ၿပီးကတည္းက ကစားကြက္က အရမ္း႐ိုးရွင္းသြားခဲ့ၿပီး ဖန္တီးမႈေတြလည္း ေလ်ာ့က်သြားခဲ့သလို ဆိုလန္ကီနဲ႔ ဘီလင္းတို႔ကိုလည္း ဘယ္သူကမွ ထိေရာက္စြာ ပံ့ပိုးႏိုင္ျခင္း မရွိလို႔ နည္းျပ အိုနီးလ္အတြက္ေတာ့ ယာယီ-အၿမဲတမ္း-အထုတ္ခံရဆိုတဲ့ ကလင္ဒါက် ေရွ႕ဆက္ေတာ့မလား ဆိုတာပါ ႀကိဳေတြးထားရမလိုျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၈ မိနစ္မွာ အဲရစ္ဆန္ရဲ႕ ဖရီးကစ္ လူထိထြက္ခဲ့တာကလြဲလို႔ ပထမပိုင္းမွာ ယူႏိုက္တက္တို႔ အခြင့္အေရးႀကီးႀကီးမားမား သိပ္မရွိခဲ့သလို နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ဗန္ဒဘိခ္ ဆက္မကစားႏိုင္ေတာ့လို႔ ဂါနာခ်ိဳနဲ႔ လူစားလဲခဲ့ရၿပီး ဘုန္းေမာက္တို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကတာပါ။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ဒုတိယ ဦးေဆာင္ဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန လုခ္ေရွာ ရယူလာၿပီး ကြင္းလယ္ကို ေပးတဲ့ ေဘာလုံးကို ဘ႐ူႏို ဖာနန္ဒက္စ္က ညာျခမ္းကို ခ်ေပးခဲ့ရာမွာ ဂါနာခ်ိဳက ဧရိယာအစပ္ကေန ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ ေနရာဝင္ယူထားတဲ့ လုခ္ေရွာက ပိတ္သြင္းၿပီး အဆုံးသတ္ရယူေပးခဲ့တာျဖစ္ပါတယ္။

မာစီယယ္လ္ကေတာ့ အေထာင္တိုက္စစ္မွာ အားရစရာမရွိေသးတာကိုပဲ ေတြ႕ျမင္ခဲ့ရသလို တန္ျပန္တိုက္စစ္ကေန ဘုန္းေမာက္ရဲ႕ အန္ေထာ္နီ ကန္ခြင့္ရခဲ့ေပမယ့္ ဒေဟးယား ပုတ္ထုတ္သြားခဲ့ၿပီး ဒီေနာက္ပိုင္းမွာ ယူႏိုက္တက္တို႔ဘက္က အဲရစ္ဆန္၊ မာစီယယ္လ္နဲ႔ ဝန္ဘစ္ဆာကာတို႔အစား ဖရက္ဒ္၊ အီလန္ဂါနဲ႔ ဒါေလာ့တို႔ကို ထည့္သြင္းသြားခဲ့သလို ဂါနာခ်ိဳရဲ႕ ကန္ခ်က္ကေတာ့ တိုင္ေဘးက ကပ္ထြက္သြားခဲ့ေသးတာပါ။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ သရဲနီေတြအတြက္ အႏိုင္ေသခ်ာေစမယ့္ ပြဲသိမ္းဂိုးကို ရရွိႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ လုခ္ေရွာရဲ႕ ကြင္းလယ္ကေန အကြက္ ျမင္ျမင္ ေပးပို႔မႈကေန ညာျခမ္းေျပးလိုက္ၿပီး ဂိုးေရွ႕ကို ျဖတ္တင္ေပးခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ တိက်တဲ့ ေပးပို႔မႈကို ရက္ရွ္ဖို႔ဒ္က အနီးကပ္ အပိုင္ကန္ခ်က္နဲ႔ ခူးၿပီးခပ္ၿပီး အဆင္သင့္ ေကာက္စားသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ဘုန္းေမာက္ကို သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူၿပီး ေလးပြဲဆက္တိုက္ ပရီးမီးယားလိဂ္ ႏိုင္ပြဲနဲ႔ ၁၇ ပြဲမွာ ရမွတ္ ၃၅ မွတ္အထိ စုေဆာင္းႏိုင္ခဲ့သလို တစ္ပြဲပိုကစားထားတဲ့ ေရွ႕က နယူးကာဆယ္လ္တို႔နဲ႔ အမွတ္ခ်င္း တူညီသြားႏိုင္ခဲ့ၿပီ ျဖစ္တာေၾကာင့္ တတိယေနရာကိုပါ ဆက္လက္သိမ္းပိုက္ဖို႔ အေကာင္းဆုံး အေနအထားကို ေရာက္ရွိလာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
crd

Unicode
တန်ဟက်ဂ်ဘောနဲ့ အရှုံးဆိုတာဘာလဲမသိတော့အောင် တွေ့ရာအသင်းတိုင်းကို အနိုင်ကစားပြီး အမဲဖျက်နေတဲ သရဲနီတပ်သားများ (ယူနိုက်တက် ၃-၀ ဘုန်းမောက် ပွဲပြီးသုံးသပ်ချက်)
ချန်ပီယံလိဂ်ဝင်ခွင့်နဲ့တင် ‌မကျေနပ်တော့ဘဲ ချန်ပီယံဆုအထိကို မှန်းပြီး တစ်ပွဲနဲ့ တစ်ပွဲပိုပိုကောင်းလာတဲ့ တန်ဟက်ဂ်နဲ့ သရဲနီမုဆိုးများ… (ယူနိုက်တက် ၃-၀ ဘုန်းမောက် ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ လုခ်ရှောနဲ့ ဝန်ဘစ်ဆာကာတို့ Old-Fashioned ခေတ်ဟောင်းအစုအဖွဲ့ကို ပြန်လည်ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဗန်ဒဘိခ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရက်ရှ်ဖို့ဒ်၊ ဘရူနို ဖာနန်ဒက်စ်နဲ့ မာစီယယ်လ်တို့ကို အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘုန်းမောက်တို့ကတော့ ဂိုးသမား ထရေဗာစ်၊ ခံစစ်မှာ ဆီနက်ဆီ၊ မက်ဖမ်၊ အက်ဒမ် စမစ်နဲ့ ကယ်လီတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ လားမား၊ လူးဝစ္စ ကွတ်ခ်၊ ခရစ္စတီးနဲ့ အန်ထော်နီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘီလင်းနဲ့ ဆိုလန်ကီတို့ကို တွဲဖက်ပေးခဲ့တာပါ။

ဘုန်းမောက်ကို ပြိုင်ဘက်တွေထဲမှာ အားအနည်းဆုံးနဲ့ အန္တရာယ်ပေးနိုင်မှု အနည်းဆုံးအသင်းအဖြစ် မန်ယူနည်းပြ တန်ဟတ်က တွက်ဆခဲ့ပုံ ပေါ်ပြီး ဘယ်တုန်းကမှ မသုံးတဲ့ မက်ဂွိုင်းယားကို ခံစစ်မှာ ပြန်ထည့်ခဲ့သလို ကွင်းလယ်မှာလည်း ပြောင်းလာပြီးကတည်း ခုချိန်အထိ အံမဝင်တဲ့ ဗန်ဒဘိခ်ကို အခွင့်အရေးပေးပြီး စမ်းသပ်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာ ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဖရီးကစ်ကနေ ဖြန့်ဝေရေးမှာ ဘရူနို ဖာနန်ဒက်စ်ထက်တောင် ဆရာကျနေတဲ့ အဲရစ်ဆန်က ဘယ်ခြမ်းကနေ ကန်တင်ပေးရာမှာ ဘုန်းမောက်ခံစစ်ကြားက အချိန်ကိုက် ပြေးထွက်သွားတဲ့ ကာစီမီရိုက အနီးကပ် ပြေးပိတ်ပြီး သွင်းယူသွားနိုင်ခဲ့လို့ အိမ်ရှင်တွေ ဦးဆောင်နိုင်ခဲ့ကြတာပါ။

ဘုန်းမောက်တို့အနေနဲ့ ကွင်းလယ်တိုက်စစ်သမား တာဗားနီးယာ နားသွားခဲ့ပြီးကတည်းက ကစားကွက်က အရမ်းရိုးရှင်းသွားခဲ့ပြီး ဖန်တီးမှုတွေလည်း လျော့ကျသွားခဲ့သလို ဆိုလန်ကီနဲ့ ဘီလင်းတို့ကိုလည်း ဘယ်သူကမှ ထိရောက်စွာ ပံ့ပိုးနိုင်ခြင်း မရှိလို့ နည်းပြ အိုနီးလ်အတွက်တော့ ယာယီ-အမြဲတမ်း-အထုတ်ခံရဆိုတဲ့ ကလင်ဒါကျ ရှေ့ဆက်တော့မလား ဆိုတာပါ ကြိုတွေးထားရမလိုဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာ အဲရစ်ဆန်ရဲ့ ဖရီးကစ် လူထိထွက်ခဲ့တာကလွဲလို့ ပထမပိုင်းမှာ ယူနိုက်တက်တို့ အခွင့်အရေးကြီးကြီးမားမား သိပ်မရှိခဲ့သလို နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ဗန်ဒဘိခ် ဆက်မကစားနိုင်တော့လို့ ဂါနာချိုနဲ့ လူစားလဲခဲ့ရပြီး ဘုန်းမောက်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြတာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ ယူနိုက်တက်တို့ ဒုတိယ ဦးဆောင်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ လုခ်ရှော ရယူလာပြီး ကွင်းလယ်ကို ပေးတဲ့ ဘောလုံးကို ဘရူနို ဖာနန်ဒက်စ်က ညာခြမ်းကို ချပေးခဲ့ရာမှာ ဂါနာချိုက ဧရိယာအစပ်ကနေ ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးခဲ့ရာမှာ နေရာဝင်ယူထားတဲ့ လုခ်ရှောက ပိတ်သွင်းပြီး အဆုံးသတ်ရယူပေးခဲ့တာဖြစ်ပါတယ်။

မာစီယယ်လ်ကတော့ အထောင်တိုက်စစ်မှာ အားရစရာမရှိသေးတာကိုပဲ တွေ့မြင်ခဲ့ရသလို တန်ပြန်တိုက်စစ်ကနေ ဘုန်းမောက်ရဲ့ အန်ထော်နီ ကန်ခွင့်ရခဲ့ပေမယ့် ဒဟေးယား ပုတ်ထုတ်သွားခဲ့ပြီး ဒီနောက်ပိုင်းမှာ ယူနိုက်တက်တို့ဘက်က အဲရစ်ဆန်၊ မာစီယယ်လ်နဲ့ ဝန်ဘစ်ဆာကာတို့အစား ဖရက်ဒ်၊ အီလန်ဂါနဲ့ ဒါလော့တို့ကို ထည့်သွင်းသွားခဲ့သလို ဂါနာချိုရဲ့ ကန်ချက်ကတော့ တိုင်ဘေးက ကပ်ထွက်သွားခဲ့သေးတာပါ။

ပွဲချိန် ၈၆ မိနစ်မှာတော့ သရဲနီတွေအတွက် အနိုင်သေချာစေမယ့် ပွဲသိမ်းဂိုးကို ရရှိနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လုခ်ရှောရဲ့ ကွင်းလယ်ကနေ အကွက် မြင်မြင် ပေးပို့မှုကနေ ညာခြမ်းပြေးလိုက်ပြီး ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ တိကျတဲ့ ပေးပို့မှုကို ရက်ရှ်ဖို့ဒ်က အနီးကပ် အပိုင်ကန်ချက်နဲ့ ခူးပြီးခပ်ပြီး အဆင်သင့် ကောက်စားသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဘုန်းမောက်ကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး လေးပွဲဆက်တိုက် ပရီးမီးယားလိဂ် နိုင်ပွဲနဲ့ ၁၇ ပွဲမှာ ရမှတ် ၃၅ မှတ်အထိ စုဆောင်းနိုင်ခဲ့သလို တစ်ပွဲပိုကစားထားတဲ့ ရှေ့က နယူးကာဆယ်လ်တို့နဲ့ အမှတ်ချင်း တူညီသွားနိုင်ခဲ့ပြီ ဖြစ်တာကြောင့် တတိယနေရာကိုပါ ဆက်လက်သိမ်းပိုက်ဖို့ အကောင်းဆုံး အနေအထားကို ရောက်ရှိလာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *