တစ္ရာသီသြင္းဂိုး ၃၅ ဂိုးေမွ်ာ္လင့္ထားတဲ့ တန္ဟဂ္ရဲ႕ဂိုးသြင္းစက္ကို သံပတ္ေပးေနတဲ့ မကၠာသီ
|တစ္ရာသီသြင္းဂိုး ၃၅ ဂိုးေမွ်ာ္လင့္ထားတဲ့ တန္ဟဂ္ရဲ႕ဂိုးသြင္းစက္ကို သံပတ္ေပးေနတဲ့ မကၠာသီ
ၿပီးခဲ့တဲ့ တနဂၤေႏြေန႔တုန္းက လက္စတာနဲ႔ပြဲစဥ္မွာ မန္ယူႏိုက္တက္ ပရိသတ္ေတြက အသင္းရဲ႕ နည္းျပေတြထဲက တစ္ဦး ျဖစ္တဲ့ ဘန္နီမကၠာသီရဲ႕ နာမည္ကို သီခ်င္းလုပ္ဆိုၿပီးေတာ့ ဂုဏ္ျပဳမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။ ယူႏိုက္တက္ရဲ႕ အသင္းဝန္ထမ္း တစ္ေယာက္ကို အခုလိုမ်ိဳး ပရိသတ္ေတြက သံၿပိဳင္ခ်ီးမြမ္းၾကတာဟာ ရွားပါးတဲ့ အခိုက္အတန႔္တစ္ခုျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မကၠာသီဟာ မန္ယူရဲ႕ အဓိက နည္းျပအဖြဲ႕ဝင္ေတြထဲက တစ္ေယာက္မဟုတ္လို႔ပါ။ ဒါေပမဲ့ အသက္ ၄၅ ႏွစ္အ႐ြယ္ ေတာင္အာဖရိကသားဟာ ဒီရာသီ နည္းျပအဲရစ္ တန္ဟတ္ရဲ႕ လက္ေအာက္မွာ မားကပ္စ္ရက္ရွ္ဖို႔ဒ္ဆိုတဲ့ စက္႐ုတ္တစ္ခုကို သံပတ္ေပးဖို႔ ႀကိဳးစားခဲ့တဲ့သူပါ။
ဝက္စ္ဟမ္းနဲ႔ ဘလက္ဘန္းတိုက္စစ္မႉးေဟာင္းျဖစ္တဲ့ မကၠာသီရဲ႕ ဒီရာသီ အထူးတာဝန္ဟာ တိုက္စစ္မႉးရက္ရွ္ဖို႔ဒ္ရဲ႕ ပါဝါေတြကို ျမႇင့္ေပးဖို႔ျဖစ္ၿပီး အစြမ္း ထက္လက္-နက္ဆန္းမ်ိဳး ျဖစ္လာေအာင္ မြမ္းမံေပးရတာပါ။ လက္ရွိမန္ယူႏိုက္တက္မွာ အသင္းရဲ႕ တိုက္စစ္ကစားသမားေတြရဲ႕ အဆုံးသတ္ စြမ္းရည္ေတြ တိုက္စစ္ပိုင္းမွာ ေနရာယူပုံေတြနဲ႔ ပတ္သက္ၿပီးေတာ့ သင္ၾကားေလ့က်င့္ေပးေနခဲ့တဲ့ နည္းျပတစ္ဦးလည္းပဲ ျဖစ္ပါတယ္။ မကၠာသီရဲ႕ ေလ့က်င့္သင္ၾကားေပးမႈေတြေၾကာင့္ပဲ မန္ယူႏိုက္တက္ တိုက္စစ္ကစားသမားေလး မားပ္စ္ရက္ဖို႔ဒ္ရဲ႕ ေျခစြမ္းေတြက ဒီရာသီမွာ သိသိသာသာ တိုးတက္လာခဲ့ၿပီလည္းပဲ ျဖစ္ပါတယ္။
မကၠာသီဟာ အဲရစ္ဆန္ဟတ္ မန္ယူႏိုက္တက္ရဲ႕ နည္းျပ ျဖစ္လာကတည္းက အသင္းမွာ ရက္ဖို႔ဒ္ရဲ႕ ကစားသမားဘဝကို ေျပာင္းလဲဖို႔ ကူညီေပးေနခဲ့တဲ့ နည္းျပတစ္ေယာက္လည္း ျဖစ္ခဲ့ပါတယ္။ တကယ္တမ္းမွာလည္း မကၠာသီရဲ႕ ၫႊန္ၾကားျပသေပးမႈေတြေၾကာင့္ ရက္ဖို႔ဒ္ရဲ႕ တိုက္စစ္စြမ္းေဆာင္ရည္ေတြက သိသိသာသာ တိုးတက္လာခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ လက္စတာနဲ႔ ပြဲစဥ္မွာ သြင္းဂိုး (၂)ဂိုး သြင္းယူေပးႏိုင္ခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ဒီရာသီ ရက္ဖို႔ဒ္ရဲ႕ ၿပိဳင္ပြဲစုံ သြင္းဂိုး (၂၄)ဂိုး အထိ ရွိလာခဲ့ၿပီးေတာ့ မန္ယူႏိုက္တက္ ကစားသမားဘ၀ ဂိုးသြင္းအမ်ားဆုံး မွတ္တမ္းတစ္ခုလည္း ျဖစ္လာခဲ့ပါတယ္။ နည္းျပ တန္ဟတ္ကေတာ့ ဒီရာသီမွာ ရက္ဖို႔ဒ္ဆီကေနၿပီးေတာ့ သြင္းဂိုး (၃၅)ဂိုး အထိ ရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္ဆိုၿပီး ထုတ္ေဖာ္ေျပာၾကားထားခဲ့ပါတယ္။
မကၠာသီဟာ ရက္ဖို႔ဒ္ကို ဂိုးသမားနဲ႔ တစ္ဦးခ်င္းေတြ႕ဆုံတဲ့ အေျခအေနေတြမွာ အဆုံးသတ္ စြမ္းရည္တိုးတက္လာဖို႔ ကူညီေပးခဲ့သလို၊ပိုၿပီး ယုံၾကည္မႈ ရွိလာေစဖို႔နဲ႔ တိုက္စစ္မႉးစစ္စစ္တစ္ေယာက္ ပို ျဖစ္လာေစဖို႔ လည္း ကူညီေပးခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေခါင္းတိုက္စြမ္းရည္ေတြပါ တိုးတက္လာေစဖို႔ မကၠာသီက ကူညီေပးေနခဲ့တာလည္းပဲ ျဖစ္ပါတယ္။ ရက္ဖို႔ဒ္ကိုယ္တိုင္က ” သူက ကြၽန္ေတာ့္ကို အမ်ားႀကီး ကူညီေပးပါတယ္၊ ကြၽန္ေတာ္တို႔ရဲ႕ တိုက္စစ္နည္းျပေတြက အရမ္းေကာင္းပါတယ္၊ ဒီလို အရာေတြနဲ႔ ပတ္သက္ၿပီးေတာ့ သူက ကြၽန္ေတာ္တို႔ကို အၿမဲတမ္း ေျပာျပေပးေနပါတယ္ ” ဆိုၿပီး ၿပီးခဲ့တဲ့ ႏိုဝင္ဘာလတုန္းက ထုတ္ေဖာ္ေျပာၾကားထားခဲ့တာ ျဖစ္ပါတယ္။
ကစားသမားဘ၀ အလယ္အလတ္အသင္းေတြမွာသာ ကစားခဲ့ရေပမဲ့ မကၠာသီတစ္ေယာက္ကေတာ့ နည္းျပ ဘဝမွာ တန္ဟတ္နဲ႔ အတူ လက္တြဲၿပီး အသင္းမွာ ရွိတဲ့ ကစားသမားေတြရဲ႕ ေျခစြမ္းေတြ တဆင့္ ျမင့္လာေစဖို႔ ကူညီေဆာင္႐ြက္ေပးေနတာက ေတာ္ေတာ္ေလး အားရစရာ ေကာင္းတယ္ဆိုတာ ရက္ဖို႔ဒ္ရဲ႕ သြင္းဂိုးေတြက သက္ေသျပလ်က္ ရွိေနတယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။ မကၠာသီ အေနနဲ႔ ရက္ဖို႔ဒ္တစ္ဦးထဲကိုသာ မကပဲ ဆန္ခ်ိဳ၊ မာရွယ္၊ ဂနာခ်ိဳနဲ႔ အသင္းမွာ ရွိတဲ့ တိုက္စစ္ကစားသမားေတြ အားလုံးကို တိုက္စစ္စြမ္းေဆာင္ရည္ တိုးတက္လာေစဖို႔ အတြက္ ကူညီေပးေနခဲ့တာပဲ ျဖစ္ပါတယ္။ ဒီအတြက္ မန္ယူဟာ တိုက္စစ္ပိုင္းမွာတျခားပရီးမီးယားလိဂ္အသင္းေတြထက္ ပိုေကာင္းတဲ့ လက္-နက္ဆန္းေတြကို ပိုင္ဆိုင္ေနတာပဲ ျဖစ္ပါတယ္။
crd
unicode
တစ်ရာသီသွင်းဂိုး ၃၅ ဂိုးမျှော်လင့်ထားတဲ့ တန်ဟဂ်ရဲ့ဂိုးသွင်းစက်ကို သံပတ်ပေးနေတဲ့ မက္ကာသီ
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက လက်စတာနဲ့ပွဲစဉ်မှာ မန်ယူနိုက်တက် ပရိသတ်တွေက အသင်းရဲ့ နည်းပြတွေထဲက တစ်ဦး ဖြစ်တဲ့ ဘန်နီမက္ကာသီရဲ့ နာမည်ကို သီချင်းလုပ်ဆိုပြီးတော့ ဂုဏ်ပြုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ အသင်းဝန်ထမ်း တစ်ယောက်ကို အခုလိုမျိုး ပရိသတ်တွေက သံပြိုင်ချီးမွမ်းကြတာဟာ ရှားပါးတဲ့ အခိုက်အတန့်တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မက္ကာသီဟာ မန်ယူရဲ့ အဓိက နည်းပြအဖွဲ့ဝင်တွေထဲက တစ်ယောက်မဟုတ်လို့ပါ။ ဒါပေမဲ့ အသက် ၄၅ နှစ်အရွယ် တောင်အာဖရိကသားဟာ ဒီရာသီ နည်းပြအဲရစ် တန်ဟတ်ရဲ့ လက်အောက်မှာ မားကပ်စ်ရက်ရှ်ဖို့ဒ်ဆိုတဲ့ စက်ရုတ်တစ်ခုကို သံပတ်ပေးဖို့ ကြိုးစားခဲ့တဲ့သူပါ။
ဝက်စ်ဟမ်းနဲ့ ဘလက်ဘန်းတိုက်စစ်မှူးဟောင်းဖြစ်တဲ့ မက္ကာသီရဲ့ ဒီရာသီ အထူးတာဝန်ဟာ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ရဲ့ ပါဝါတွေကို မြှင့်ပေးဖို့ဖြစ်ပြီး အစွမ်း ထက်လက်-နက်ဆန်းမျိုး ဖြစ်လာအောင် မွမ်းမံပေးရတာပါ။ လက်ရှိမန်ယူနိုက်တက်မှာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေရဲ့ အဆုံးသတ် စွမ်းရည်တွေ တိုက်စစ်ပိုင်းမှာ နေရာယူပုံတွေနဲ့ ပတ်သက်ပြီးတော့ သင်ကြားလေ့ကျင့်ပေးနေခဲ့တဲ့ နည်းပြတစ်ဦးလည်းပဲ ဖြစ်ပါတယ်။ မက္ကာသီရဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကြောင့်ပဲ မန်ယူနိုက်တက် တိုက်စစ်ကစားသမားလေး မားပ်စ်ရက်ဖို့ဒ်ရဲ့ ခြေစွမ်းတွေက ဒီရာသီမှာ သိသိသာသာ တိုးတက်လာခဲ့ပြီလည်းပဲ ဖြစ်ပါတယ်။
မက္ကာသီဟာ အဲရစ်ဆန်ဟတ် မန်ယူနိုက်တက်ရဲ့ နည်းပြ ဖြစ်လာကတည်းက အသင်းမှာ ရက်ဖို့ဒ်ရဲ့ ကစားသမားဘဝကို ပြောင်းလဲဖို့ ကူညီပေးနေခဲ့တဲ့ နည်းပြတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ တကယ်တမ်းမှာလည်း မက္ကာသီရဲ့ ညွှန်ကြားပြသပေးမှုတွေကြောင့် ရက်ဖို့ဒ်ရဲ့ တိုက်စစ်စွမ်းဆောင်ရည်တွေက သိသိသာသာ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လက်စတာနဲ့ ပွဲစဉ်မှာ သွင်းဂိုး (၂)ဂိုး သွင်းယူပေးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ဒီရာသီ ရက်ဖို့ဒ်ရဲ့ ပြိုင်ပွဲစုံ သွင်းဂိုး (၂၄)ဂိုး အထိ ရှိလာခဲ့ပြီးတော့ မန်ယူနိုက်တက် ကစားသမားဘ၀ ဂိုးသွင်းအများဆုံး မှတ်တမ်းတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ နည်းပြ တန်ဟတ်ကတော့ ဒီရာသီမှာ ရက်ဖို့ဒ်ဆီကနေပြီးတော့ သွင်းဂိုး (၃၅)ဂိုး အထိ ရရှိနိုင်ဖို့ မျှော်လင့်ထားတယ်ဆိုပြီး ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။
မက္ကာသီဟာ ရက်ဖို့ဒ်ကို ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့ဆုံတဲ့ အခြေအနေတွေမှာ အဆုံးသတ် စွမ်းရည်တိုးတက်လာဖို့ ကူညီပေးခဲ့သလို၊ပိုပြီး ယုံကြည်မှု ရှိလာစေဖို့နဲ့ တိုက်စစ်မှူးစစ်စစ်တစ်ယောက် ပို ဖြစ်လာစေဖို့ လည်း ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ခေါင်းတိုက်စွမ်းရည်တွေပါ တိုးတက်လာစေဖို့ မက္ကာသီက ကူညီပေးနေခဲ့တာလည်းပဲ ဖြစ်ပါတယ်။ ရက်ဖို့ဒ်ကိုယ်တိုင်က ” သူက ကျွန်တော့်ကို အများကြီး ကူညီပေးပါတယ်၊ ကျွန်တော်တို့ရဲ့ တိုက်စစ်နည်းပြတွေက အရမ်းကောင်းပါတယ်၊ ဒီလို အရာတွေနဲ့ ပတ်သက်ပြီးတော့ သူက ကျွန်တော်တို့ကို အမြဲတမ်း ပြောပြပေးနေပါတယ် ” ဆိုပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ထုတ်ဖော်ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။
ကစားသမားဘ၀ အလယ်အလတ်အသင်းတွေမှာသာ ကစားခဲ့ရပေမဲ့ မက္ကာသီတစ်ယောက်ကတော့ နည်းပြ ဘဝမှာ တန်ဟတ်နဲ့ အတူ လက်တွဲပြီး အသင်းမှာ ရှိတဲ့ ကစားသမားတွေရဲ့ ခြေစွမ်းတွေ တဆင့် မြင့်လာစေဖို့ ကူညီဆောင်ရွက်ပေးနေတာက တော်တော်လေး အားရစရာ ကောင်းတယ်ဆိုတာ ရက်ဖို့ဒ်ရဲ့ သွင်းဂိုးတွေက သက်သေပြလျက် ရှိနေတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ မက္ကာသီ အနေနဲ့ ရက်ဖို့ဒ်တစ်ဦးထဲကိုသာ မကပဲ ဆန်ချို၊ မာရှယ်၊ ဂနာချိုနဲ့ အသင်းမှာ ရှိတဲ့ တိုက်စစ်ကစားသမားတွေ အားလုံးကို တိုက်စစ်စွမ်းဆောင်ရည် တိုးတက်လာစေဖို့ အတွက် ကူညီပေးနေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအတွက် မန်ယူဟာ တိုက်စစ်ပိုင်းမှာတခြားပရီးမီးယားလိဂ်အသင်းတွေထက် ပိုကောင်းတဲ့ လက်-နက်ဆန်းတွေကို ပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။