တစ္ပြဲကန္ စံခ်ိန္တစ္ခါခ်ိဳးတဲ့ အိုးထရက္ဖို႔ဒ္ေကာင္းကင္ယံမွာ လင္းလက္လာမယ့္ သူရဲနီလူငယ္ၾကယ္ပြင့္ေလး ဂါနာခ်ိဳ
|စံခ်ိန္အသစ္ေတြ ထပ္ခါထပ္ခါတင္ေနတဲ့ ယူႏိုက္တက္အတြက္ လာျခင္းေကာင္းတဲ့ လူငယ္ၾကယ္ပြင့္ကစားသမားေလး
တစ္ပြဲကန္ စံခ်ိန္တစ္ခါခ်ိဳးတဲ့ အိုးထရက္ဖို႔ဒ္ေကာင္းကင္ယံမွာ လင္းလက္လာမယ့္ သူရဲနီလူငယ္ၾကယ္ပြင့္ေလး ဂါနာခ်ိဳ
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္ခ်က္စတာဒါဘီမွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ ၊ ရပ္ရွ္ဖိုဒ့္တို႔ရဲ႕ သြင္းဂိုးေတြႏွင့္အတူ Comeback ခဲ့ၿပီး ပြဲၿပီးဆုံးခ်ိန္တြင္ ( 2-1 ) ရလဒ္ျဖင့္ အႏိုင္ရရွိခဲ့ပါတယ္။ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ မန္ခ်က္စတာဒါဘီမွာ ယူႏိုက္တက္က ၿမိဳ႕ခံၿပိဳင္ဘက္ကို အႏိုင္ယူခဲ့ၿပီး မန္းစီးတီးအသင္းႏွင့္တစ္မွတ္အကြာျဖင့္ အမွတ္ေပးဇယားရဲ႕ အဆင့္ (၃) ေနရာထိ တတ္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
ဒီမန္ခ်က္စတာဒါဘီမွာ ဂိုးစတင္ရရွိသြားခဲ့တာက မန္ခ်က္စတာစီးတီးအသင္းျဖစ္ၿပီး ပြဲကစားခ်ိန္ မိနစ္ ၆၀ မွာ ဒီဘ႐ိုင္းနားရဲ႕ဖန္တီးေပးမႈမွတစ္ဆင့္ လူစားဝင္ကစားသမား ဂရီးလစ္ရွ္က သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ပြဲကစားခ်ိန္ ၇၈ မိနစ္အေရာက္မွာေတာ့ ဘ႐ူႏိုရဲ႕ အျငင္းပြားဖြယ္ရာ သြင္းဂိုးႏွင့္အတူ ယူႏိုက္တက္တို႔ ဦးေဆာင္ဂိုး ျပန္လည္ရရွိခဲ့ပါတယ္။ဂါနာခ်ိဳဟာ ယေန႔ရဲ႕ ပြဲထြက္လူစာရင္းတြင္ ပါဝင္ခြင့္မရခဲ့ေသာ္လည္း ပြဲကစားခ်ိန္ ၇၂ မိနစ္ အေရာက္တြင္ အဲရစ္ဆင္ေနရာကို လူစားဝင္ကစားသမားအျဖစ္ ကစားခြင့္ရရွိခဲ့ပါတယ္။
ဒီေန႔ပြဲစဥ္ရဲ႕ အလွည့္အေျပာင္းဟာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕သြင္းဂိုးျဖစ္ခဲ့ၿပီး ယင္းသြင္းဂိုးရရွိခဲ့ၿပီးေနာက္ ၄ မိနစ္အၾကာမွာဘဲ ယူႏိုက္အသင္းဟာ ဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။အဆိုပါ ဦးေဆာင္ဂိုးကိုေတာ့ အသင္းရဲ႕တိုက္စစ္ပိုင္းမွာ ဂိုးျမဴးေနသည့္ မားကပ္ရွ္ရပ္ဖိုဒ့္က သြင္းယူႏိုင္ခဲ့ၿပီး ယင္းသြင္းဂိုးဟာ သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝမွာ ၉ ပြဲဆက္တိုက္ သြင္းယူႏိုင္ခဲ့တဲ့ သြင္းဂိုးအျဖစ္လည္း မွတ္တမ္းဝင္သြားခဲ့တာ ျဖစ္ပါတယ္။ ရပ္ရွ္ဖိုဒ့္ရဲ႕သြင္းဂိုးကို ဖန္တီးေပးခဲ့သူက လူစားဝင္ကစားသမားေလး ဂါနာခ်ိဳျဖစ္ၿပီး သူဟာ မန္ခ်က္စတာဒါဘီမွာ အသက္အငယ္ဆုံး ဂိုးဖန္တီးသူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
ဂါနာခ်ိဳဟာ ယူႏိုက္တက္အသင္းႏွင့္ စာခ်ဳပ္သစ္ကိစၥေဆြးေႏြးညႇိႏႈိင္းမႈေတြ ျပဳလုပ္ေနေသာ္လည္း ယခုခ်ိန္ထိ တိုးတက္လာျခင္းမရွိေသးေပ။ အခုေနာက္ပိုင္း မၾကားခ်င္တဲ့ သတင္းကေတာ့ ဂါနာခ်ိဳရဲ႕အေျပာင္းေ႐ြ႕သတင္းအပိုင္းအစေတြဘဲ ျဖစ္ပါတယ္။ စာခ်ဳပ္သစ္ကိစၥကလဲ ထူးျခားမႈမရွိေသးတာေၾကာင့္ ယင္းလူငယ္ေလးကို ဆုံးရႈံးရဖို႔ နီးစပ္သေလာက္ ျဖစ္ေနပါတယ္။ ဒါေပမယ့္ ဂါနာခ်ိဳဟာ ယူႏိူက္တက္အတြက္ဆိုတာ နည္းျပ အဲရစ္တန္ဟတ္က ထပ္မံသက္ေသျပသြားလိမ့္မယ္လို႔ ယုံၾကည္ေနဆဲပါ။
crd
Unicode
စံချိန်အသစ်တွေ ထပ်ခါထပ်ခါတင်နေတဲ့ ယူနိုက်တက်အတွက် လာခြင်းကောင်းတဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး
တစ်ပွဲကန် စံချိန်တစ်ခါချိုးတဲ့ အိုးထရက်ဖို့ဒ်ကောင်းကင်ယံမှာ လင်းလက်လာမယ့် သူရဲနီလူငယ်ကြယ်ပွင့်လေး ဂါနာချို
မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာတော့ ဘရူနို ဖာနန်ဒက်စ် ၊ ရပ်ရှ်ဖိုဒ့်တို့ရဲ့ သွင်းဂိုးတွေနှင့်အတူ Comeback ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ( 2-1 ) ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မန်ချက်စတာဒါဘီမှာ ယူနိုက်တက်က မြို့ခံပြိုင်ဘက်ကို အနိုင်ယူခဲ့ပြီး မန်းစီးတီးအသင်းနှင့်တစ်မှတ်အကွာဖြင့် အမှတ်ပေးဇယားရဲ့ အဆင့် (၃) နေရာထိ တတ်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒီမန်ချက်စတာဒါဘီမှာ ဂိုးစတင်ရရှိသွားခဲ့တာက မန်ချက်စတာစီးတီးအသင်းဖြစ်ပြီး ပွဲကစားချိန် မိနစ် ၆၀ မှာ ဒီဘရိုင်းနားရဲ့ဖန်တီးပေးမှုမှတစ်ဆင့် လူစားဝင်ကစားသမား ဂရီးလစ်ရှ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် ၇၈ မိနစ်အရောက်မှာတော့ ဘရူနိုရဲ့ အငြင်းပွားဖွယ်ရာ သွင်းဂိုးနှင့်အတူ ယူနိုက်တက်တို့ ဦးဆောင်ဂိုး ပြန်လည်ရရှိခဲ့ပါတယ်။ဂါနာချိုဟာ ယနေ့ရဲ့ ပွဲထွက်လူစာရင်းတွင် ပါဝင်ခွင့်မရခဲ့သော်လည်း ပွဲကစားချိန် ၇၂ မိနစ် အရောက်တွင် အဲရစ်ဆင်နေရာကို လူစားဝင်ကစားသမားအဖြစ် ကစားခွင့်ရရှိခဲ့ပါတယ်။
ဒီနေ့ပွဲစဉ်ရဲ့ အလှည့်အပြောင်းဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့သွင်းဂိုးဖြစ်ခဲ့ပြီး ယင်းသွင်းဂိုးရရှိခဲ့ပြီးနောက် ၄ မိနစ်အကြာမှာဘဲ ယူနိုက်အသင်းဟာ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။အဆိုပါ ဦးဆောင်ဂိုးကိုတော့ အသင်းရဲ့တိုက်စစ်ပိုင်းမှာ ဂိုးမြူးနေသည့် မားကပ်ရှ်ရပ်ဖိုဒ့်က သွင်းယူနိုင်ခဲ့ပြီး ယင်းသွင်းဂိုးဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ ၉ ပွဲဆက်တိုက် သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ရပ်ရှ်ဖိုဒ့်ရဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့သူက လူစားဝင်ကစားသမားလေး ဂါနာချိုဖြစ်ပြီး သူဟာ မန်ချက်စတာဒါဘီမှာ အသက်အငယ်ဆုံး ဂိုးဖန်တီးသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဂါနာချိုဟာ ယူနိုက်တက်အသင်းနှင့် စာချုပ်သစ်ကိစ္စဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေသော်လည်း ယခုချိန်ထိ တိုးတက်လာခြင်းမရှိသေးပေ။ အခုနောက်ပိုင်း မကြားချင်တဲ့ သတင်းကတော့ ဂါနာချိုရဲ့အပြောင်းရွေ့သတင်းအပိုင်းအစတွေဘဲ ဖြစ်ပါတယ်။ စာချုပ်သစ်ကိစ္စကလဲ ထူးခြားမှုမရှိသေးတာကြောင့် ယင်းလူငယ်လေးကို ဆုံးရှုံးရဖို့ နီးစပ်သလောက် ဖြစ်နေပါတယ်။ ဒါပေမယ့် ဂါနာချိုဟာ ယူနိူက်တက်အတွက်ဆိုတာ နည်းပြ အဲရစ်တန်ဟတ်က ထပ်မံသက်သေပြသွားလိမ့်မယ်လို့ ယုံကြည်နေဆဲပါ။
crd