ညာေနာက္ခံေနရာအတြက္ တန္ဟဂ္စိတ္ႀကိဳက္ခံစစ္မႉးကိုေခၚယူဖို႔ လက္ဦးမႈရယူထားႏိုင္ခဲ့တဲ့ မန္ယူႏိုက္တက္

ပရီးမီးယားလိဂ္ နာမည္ႀကီးကလပ္ မန္ခ်က္စတာ ယူႏိုက္တက္က လာမယ့္ ေႏြေဈးကြက္ အတြင္းမွာ ေလဗာကူဆင္ရဲ႕ ညာေနာက္ခံလူ ဖရင္းေပါင္ကို ေခၚယူဖို႔ အတြက္ ယခုကတည္းက ဖရင္းေပါင္ရဲ႕ ေအးဂ်င့္ေတြနဲ႔ ေတြ႕ဆုံကာ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနေၾကာင္း နာမည္ႀကီး သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုက အခိုင္အမာ ေဖာ္ျပသြားခဲ့ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္က ညာေနာက္ခံေနရာမွာ ဒါးေလာ့နဲ႔ ဘစၥကာတို႔ ႏွစ္ဦးကို ပိုင္ဆိုင္ထားေပမယ့္ ဒါးေလာ့ဟာ ခံစစ္ကစားရာမွာ အားနည္းခ်က္ေတြ ရွိေနသလို ဘစၥကာကလည္း တိုက္စစ္ကို အေထာက္အကူ ျပဳႏိုင္စြမ္း နည္းပါးတာေၾကာင့္ ညာေနာက္ခံလူသစ္ တဦးကို ေခၚယူဖို႔ ႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။ တဖက္မွာေတာ့ အသက္ ၂၂ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ နယ္သာလန္လက္ေ႐ြးစင္ ညာေနာက္ခံလူ ဖရင္းေပါင္က တိုက္စစ္အားသန္ ခံစစ္မႉး တဦး ျဖစ္သလို ခံစစ္ကစားပုံလည္း ေကာင္းမြန္သူ ျဖစ္ၿပီး သူက ယခုႏွစ္ ေဘာလုံးရာသီမွာ ေလဗာကူဆင္ အတြက္ ၃၆ပြဲ ပါဝင္ ကစားေပးထားရာ သြင္းဂိုး ၈ဂိုး အထိ သြင္းယူထားႏိုင္သလို ဂိုးဖန္တီးမႈ ၉ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

သူ႔ရဲ႕ ေျခစြမ္းေကာင္းေတြေၾကာင့္ပဲ မန္ခ်က္စတာ ယူႏိုက္တက္ အျပင္ ဘိုင္ယန္ျမဴးနစ္ ၊ ဘာစီလိုနာ စတဲ့ ဥေရာပ ထိပ္သီးအသင္းေတြကပါ ဖရင္းေပါင္ကို ေခၚယူဖို႔ စိတ္ဝင္စားလာၾကၿပီး မန္ခ်က္စတာ ယူႏိုက္တက္ကေတာ့ တျခားအသင္းေတြထက္ လက္ဦးမႈ ရယူကာ ဖရင္းေပါင္ကို ေခၚယူႏိုင္ဖို႔ ယခုထဲက ႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။ နာမည္ႀကီး သတင္းေထာက္ တဦး ျဖစ္သူ ဖာဘရီဇီယို ႐ိုမာႏိုရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ တာဝန္ရွိသူေတြက ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းမွာပဲ ဖရင္းေပါင္ရဲ႕ ေအးဂ်င့္ေတြနဲ႔ ေတြ႕ဆုံကာ အေျပာင္းအေ႐ႊ႕ အတြက္ ေဆြးေႏြးမႈေတြ လုပ္ခဲ့ကာ ေဆြးေႏြးမႈေတြဟာ အေတာ္ေလးကို အဆင္ေျပခဲ့ေၾကာင္း သိရပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္က ဖရင္းေပါင္ အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၄၀သန္း ဝန္းက်င္ အထိ သုံးစြဲရဖြယ္ ရွိေနကာ မန္ခ်က္စတာ ယူႏိုက္တက္က ဖရင္းေပါင္ကို ေခၚယူၿပီးရင္ ဘစၥကာကို ယူ႐ို ၃၅သန္း ဝန္းက်င္နဲ႔ ျပန္လည္ ေရာင္းထုတ္ဖို႔ စဥ္းစားထားပါတယ္။
crd

unicode

ညာနောက်ခံနေရာအတွက် တန်ဟဂ်စိတ်ကြိုက်ခံစစ်မှူးကိုခေါ်ယူဖို့ လက်ဦးမှုရယူထားနိုင်ခဲ့တဲ့ မန်ယူနိုက်တက်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက် အတွင်းမှာ လေဗာကူဆင်ရဲ့ ညာနောက်ခံလူ ဖရင်းပေါင်ကို ခေါ်ယူဖို့ အတွက် ယခုကတည်းက ဖရင်းပေါင်ရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ညာနောက်ခံနေရာမှာ ဒါးလော့နဲ့ ဘစ္စကာတို့ နှစ်ဦးကို ပိုင်ဆိုင်ထားပေမယ့် ဒါးလော့ဟာ ခံစစ်ကစားရာမှာ အားနည်းချက်တွေ ရှိနေသလို ဘစ္စကာကလည်း တိုက်စစ်ကို အထောက်အကူ ပြုနိုင်စွမ်း နည်းပါးတာကြောင့် ညာနောက်ခံလူသစ် တဦးကို ခေါ်ယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ တဖက်မှာတော့ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန်လက်ရွေးစင် ညာနောက်ခံလူ ဖရင်းပေါင်က တိုက်စစ်အားသန် ခံစစ်မှူး တဦး ဖြစ်သလို ခံစစ်ကစားပုံလည်း ကောင်းမွန်သူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ လေဗာကူဆင် အတွက် ၃၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အပြင် ဘိုင်ယန်မြူးနစ် ၊ ဘာစီလိုနာ စတဲ့ ဥရောပ ထိပ်သီးအသင်းတွေကပါ ဖရင်းပေါင်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ တခြားအသင်းတွေထက် လက်ဦးမှု ရယူကာ ဖရင်းပေါင်ကို ခေါ်ယူနိုင်ဖို့ ယခုထဲက ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဖရင်းပေါင်ရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ခဲ့ကာ ဆွေးနွေးမှုတွေဟာ အတော်လေးကို အဆင်ပြေခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဖရင်းပေါင် အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် အထိ သုံးစွဲရဖွယ် ရှိနေကာ မန်ချက်စတာ ယူနိုက်တက်က ဖရင်းပေါင်ကို ခေါ်ယူပြီးရင် ဘစ္စကာကို ယူရို ၃၅သန်း ဝန်းကျင်နဲ့ ပြန်လည် ရောင်းထုတ်ဖို့ စဉ်းစားထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *