crd
unicode
ညာတောင်ပံတိုက်စစ်နေရာမှာ တန်ဟဂ်နေရာပေးသွားဖို့ တောင်းဆိုခြင်းခံနေရတဲ့ လူငယ်ကြယ်ပွင့် ပယ်လီစထရီ
မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေဟာ ကမ္ဘာ့ဖလားပြီးနောက် ပြည်တွင်းရာသီပြန်လည်စတင်ချိန်မှာ လူငယ်ကစားသမား ဖာကန်ဒိုပယ်လီစထရီအား ပထမအသင်းတွင် အခွင့်အရေးပေးဖို့ အဲရစ်တန်ဟတ်ကို တောင်းဆိုနေပြီဖြစ်ပါတယ်။
ပေါ်တူဂီနဲ့ပွဲစဉ်မှာ ဉရုဂွေးအသင်းအတွက် မိနစ်အနည်းအငယ်ပဲကစားခွင့်ရခဲ့ပေမယ့် ရတဲ့မိနစ်တိုင်းမှာ မှင်သက်စရာကောင်းလောက်တဲ့ Dribbling မျိုးတွေပြသခဲ့ပြီး ပေါ်တူဂီနောက်တန်းကို ပယ်လီစထရီ၀င်လာမှပိုပြီး အလုပ်ရှပ်စေခဲ့တာတွေ့ရမှာပါ။ မိနစ်နှစ်ဆယ်ကျော် ကစားခဲ့ရပေမယ့်ဘောလုံးထိချက် ၂၅ကြိမ်ကျော်ရှိခဲ့ပြီး ဖြတ်ကျော်မှု ၃ ကြိမ်စလုံးအောင်မြင်အောင် ကစားနိုင်ခဲ့တာ တစ်ကယ်ကောင်းမွန်တဲ့ ပုံစံပါ။ အန်တိုနီ မရှိရင်ရုန်းကန်နေရတဲ့ ယူနိုက်တက်ညာတောင်ပံအတွက်တော့ အဲရစ်တန်ဟတ်ကို လူငယ်ကြယ်ပွင့်က အဖြေတစ်ခုထွက်လာအောင်လုပ်ပေးနိုင်ခဲ့ပြီလို့ ပြောရတော့မှာဖြစ်ပါတယ်။
လူငယ်တောင်ပံကစားသမားဟာ ဇန်နဝါရီ စျေးကံက်မှာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပြီး ကစားသမားဘဝရဲ့ အရေးကြီးတဲ့အချိန်တွေမှာ ပွဲထွက်ခွင့် ပုံမှန်လိုချင်ကြောင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီမှာ အငှားထွက်ဖို့ရှိနေပေမယ့် တကယ်တမ်း တက်လာတဲ့ သတင်းတွေမှာ လက်ထောက်နည်းပြတွေက ပလီစထရီကို အချိန်ပိုလေ့ကျင့်ခန်းတွေစီစဥ်ပေးပြီး သူကိုယ်တိုင်ကလဲ ဒီအရာတွေကို လိုလိုလားလားလုပ်ဆောင်နေတယ်လို့သိရပါတယ်။
အငှားချပြီးတိုးတက်လာတာထက်နည်းပြရဲ့ လက်အောက်မှာ စနစ်တကျလေ့ကျင့်ပြီး တိုးတက်လာတာက ပိုပြီး အသင်းတွက် အကျိုးရှိစေပါတယ်။
နည်းပြတန်ဟတ်ကလဲ ဒီလိုကစားသမားကို လွယ်လွယ်နဲ့လက်လျှော့မှာလား။ ထိန်းထားမှာလားဆိုတာ ဇန်ဝါရီမှာသိရမှာပါ။ အသင်းမှာ အခု မျော်လင့်ချက်ကစားသမားဖြစ်တဲ့ ဂါနာချိုဘယ်စွန်နဲ့ ပလီစထရီညာခြမ်းတို့ ​ခြေစွမ်းတွေ ကျန်းမာလာခဲ့ရင် ဒီရာသီလက်ကျန်ပွဲစဥ်တွေကိုနှလုံးစိတ်ချစွာဖြတ်သန်းနိုင်ဖို့အားတွေဖြစ်မှာ အသေချာပါဘဲ။
Add a Comment
Your email address will not be published. Required fields are marked *