ဇာဗီတို႔တစ္သိုက္ကို စပိန္ျပန္ပို႔ဖို႔ အိမ္မက္ျပဇာတ္႐ုံႀကီးမွာပြဲထြက္လာမယ့္ တန္ဟက္ဂ်္ရဲ႕လန္ထြက္ေနတဲ့ မန္ယူလူစာရင္း
|ဇာဗီတို႔တစ္သိုက္ကို စပိန္ျပန္ပို႔ဖို႔ အိမ္မက္ျပဇာတ္႐ုံႀကီးမွာပြဲထြက္လာမယ့္ တန္ဟက္ဂ်္ရဲ႕လန္ထြက္ေနတဲ့ မန္ယူလူစာရင္း
မန္ယူႏိုက္တဒ္အတြက္ ယေန႔ညဟာ ဒီရာသီရဲ႕ အေရးႀကီးဆုံးေသာ ညေတြထဲအပါဝင္ျဖစ္ၿပီး သမိုင္းတြင္မယ့္ ညတစ္ညလို႔လည္းဆိုလို႔ရပါတယ္။မန္ယူႏိုက္တဒ္ နဲ႔ ဘာစီလိုနာ ရင္ဆိုင္ကစားတဲ့ ပြဲတိုင္းဟာ ပရိတ္သတ္ကို ေဖ်ာ္ေျဖမႈရသအျပည့္အဝေပးႏိုင္ခဲ့တဲ့ ပြဲေတြခ်ည္းျဖစ္သလို ယခုတစ္ႀကိမ္မွာလည္း ပြဲႀကီးပြဲေကာင္းတစ္ပြဲဟာ အိမ္မက္ျပဇာတ္႐ုံမွာ တင္ဆက္ဖို႔ စိုင္းျပင္းေနပါၿပီ။ ပထမအေက်ာ့လူမစုံေပမယ့္ ႏူးကမ့္ မွာ ေဆးစက္က်ရာအ႐ုပ္ထင္ေစခဲ့တဲ့ တန္ဟဂ္ ဟာ လူသူအင္အားျပည့္စုံေနခ်ိန္ ဧည့္သည္အျဖစ္ တစ္ဖန္ျပန္လည္ေရာက္ရွိလာမယ့္ ဇာဗီ အတြက္ေတာ့ အဓိက ကစားသမားေတြ မပါဝင္တာ/ႀကံခိုင္မႈမျပည့္တာ အစရွိတဲ့ျပသနာေတြကို ရင္ဆိုင္ေနရပါတယ္။သို႔ေသာ္လည္း လူစာရင္းကြာဟမႈႀကီးႀကီးမားမားမရွိသလို လက္ရွိရာသီရဲ႕ အေကာင္းဆုံးပုံစံကို ရရွိေနတဲ့အသင္းႀကီးႏွစ္သင္းျဖစ္တာေၾကာင့္ ပရိတ္သတ္ေတြေက်နပ္ေလာက္မယ့္ ပြဲေကာင္းတစ္ပြဲ ျဖစ္လာမွာေတာ့အေသခ်ာပါပဲ။
( ဂိုး )ဒေဟးယား / ပထမအေက်ာ့မွာ ရာဖင္ဟာ ကို မ်က္လုံးအျပဴးသားျဖစ္ေစခဲ့သလို လက္စတာနဲ႔ပြဲမွာလည္း အံအားသင့္စရာကာကြယ္မႈေတြ ျပဳလုပ္ထားတဲ့ ဒေဟးယား ကို ခ်န္လွပ္ဖို႔ဆိုတာ ဒီအခ်ိန္မွာ မင္းမရွိရင္မျဖစ္ဘူးလို႔ တြင္တြင္ေျပာေနရတဲ့ဘဝလိုပဲ သူရွိမွျပည့္စုံေစမွာေတာ့ အမွန္ပါပဲ။ (ခံစစ္) ဘစ္ဆာကာ၊ဗာရန္း၊မာတီနက္ဇ္၊ေရွာ / ဘစ္ဆာကာ နဲ႔ ဗာရန္း ကို လက္စတာ နဲ႔ ပြဲမွာ အနားေပးထားၿပီးျဖစ္လို႔ ဒီေန႔ေသခ်ာေပါက္ ျပန္လည္အသုံးျပဳပါလိမ့္မယ္။မာတီနက္ဇ္ က ျပစ္ဒဏ္လြတ္ၿပီျဖစ္လို႔ ျပန္ပါဝင္ႏိုင္ခ်ိန္ ေရွာ က သူ႔ရဲ႕အေကာင္းဆုံးေနရာျဖစ္တဲ့ ဘယ္ျခမ္း ကို ျပန္လည္အပိုင္စားရယူပါလိမ့္မယ္။
(ကြင္းလယ္ )ကတ္စမဲ႐ိုး၊ဆဘစ္ဇာ /တန္ဟဂ္ အတြက္ ကြင္းလယ္က စိတ္တိုင္းက် ပုံေဖာ္လို႔ရတဲ့ေနရာျဖစ္ၿပီး နည္းဗ်ဴဟာအရ စိတ္တိုင္းက်ဖန္တီးပုံေဖာ္လို႔ရပါတယ္။ဖရဒ္ က ပြဲဆက္မ်ားေနသလို ပြဲပန္းေနတာေၾကာင့္ ဆဘစ္ဇာ ကို အသုံးျပဳတာက မမွားေပမယ့္ ကတ္စမဲ႐ိုး နဲ႔ ပူးတြဲပြဲထြက္ဖူးေသးျခင္းမရွိတာကိုေတာ့ သတိျပဳရပါတယ္။သို႔ေသာ္လည္း ကတ္စမဲ႐ိုး ပါဝင္လာရင္ ဆဘစ္ဇာ အေနနဲ႔ တိုက္စစ္ကိုပိုမိုလိုက္ပါႏိုင္ၿပီး သူ႔ရဲ႕လုပ္ႏိုင္စြမ္းဟာလည္းပိုမိုက်ယ္ပ်ံ႕လာပါလိမ့္မယ္။ (ကြင္းလယ္တိုက္စစ္) ဘ႐ူႏိုဖာနန္ဒက္စ္ / ယူႏိုက္တဒ္ ရဲ႕ CAM ေနရာက အပိုင္စားရယ္လို႔ မရွိလွပဲ အလွည့္က်အေျပာင္းလဲနဲ႔ ကစားကြက္ေပၚမူတည္ၿပီး ဝင္ေရာက္ကစားၾကေလ့ရွိပါတယ္။ဘ႐ူႏို က စာ႐ြက္ေပၚမွာ နံပတ္(၁၀)ေနရာကို ယူထားေပမယ့္ ဆန္ခ်ိဳ လည္း ဝင္ကစားေလ့ရွိသလို ဝက္စ္ဂိုစ့္ က လည္း နံပတ္(၁၀)အျဖစ္ ဆင္းကစားတာကို မၾကာခဏျမင္ေတြ႕ရေလ့ရွိပါတယ္။
(တိုက္စစ္) ဆန္ခ်ိဳ၊ဝက္စဂိုစ့္၊ရရွ္ဖိုဒ့္ / ဆန္ခ်ိဳ၊ဘ႐ူႏို နဲ႔ ဝက္စ္ဂိုစ္ က နံပတ္(၁၀) ေနရာကို မၾကာခဏ ခ်ိန္း ကစားသလို ဆန္ခ်ိဳ နဲ႔ ဘ႐ူႏို ကလည္း ညာျခမ္း နဲ႔ ကြင္းလယ္တိုက္စစ္ ကို ေနရာေျပာင္းလဲကစားေလ့ရွိၾကပါတယ္။ ဆန္ခ်ိဳ က AM အျဖစ္ကစားခ်ိန္မွာ ဘ႐ူႏို က RW ထြက္ေပးၿပီး ဝက္စ္ဂိုစ့္ က ေနာက္ခ်န္တိုက္စစ္အျဖစ္ ကစားကာ ရရွ္ဖိုဒ့္ က Inverted Left Winger အျဖစ္ half space ထဲကေန No(9) ေနရာထဲထိ ဝင္ကစားတာမ်ိဳး ျပဳလုပ္ႏိုင္ၿပီး ဘာစီလိုနာ ခံစစ္ ကို အလုပ္ရႈတ္ေစပါလိမ့္မယ္။ နည္းျပတန္ဟက္ဂ္ဟာ ဒီႏွစ္ေဘာလုံးရာသီမွ ေအဂ်က္စ္ကေန မန္ယူႏိုက္တက္အသင္းဆီ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အသင္းကို အေကာင္းဆုံးပုံစံ ရရွိေအာင္ ကိုင္တြယ္ထားႏိုင္ခဲ့သလို လက္ရွိ ပြဲေပါင္း (၃၈)ပြဲ ကိုင္တြယ္ထားၿပီးခ်ိန္ထိ ႏိုင္ပြဲရာခိုင္ႏႈန္း (၇၁.၁)%အထိ စြမ္းေဆာင္ထားခဲ့ပါတယ္။
crd
unicode
ဇာဗီတို့တစ်သိုက်ကို စပိန်ပြန်ပို့ဖို့ အိမ်မက်ပြဇာတ်ရုံကြီးမှာပွဲထွက်လာမယ့် တန်ဟက်ဂျ်ရဲ့လန်ထွက်နေတဲ့ မန်ယူလူစာရင်း
မန်ယူနိုက်တဒ်အတွက် ယနေ့ညဟာ ဒီရာသီရဲ့ အရေးကြီးဆုံးသော ညတွေထဲအပါဝင်ဖြစ်ပြီး သမိုင်းတွင်မယ့် ညတစ်ညလို့လည်းဆိုလို့ရပါတယ်။မန်ယူနိုက်တဒ် နဲ့ ဘာစီလိုနာ ရင်ဆိုင်ကစားတဲ့ ပွဲတိုင်းဟာ ပရိတ်သတ်ကို ဖျော်ဖြေမှုရသအပြည့်အဝပေးနိုင်ခဲ့တဲ့ ပွဲတွေချည်းဖြစ်သလို ယခုတစ်ြကိမ်မှာလည်း ပွဲကြီးပွဲကောင်းတစ်ပွဲဟာ အိမ်မက်ပြဇာတ်ရုံမှာ တင်ဆက်ဖို့ စိုင်းပြင်းနေပါပြီ။ ပထမအကျော့လူမစုံပေမယ့် နူးကမ့် မှာ ဆေးစက်ကျရာအရုပ်ထင်စေခဲ့တဲ့ တန်ဟဂ် ဟာ လူသူအင်အားပြည့်စုံနေချိန် ဧည့်သည်အဖြစ် တစ်ဖန်ပြန်လည်ရောက်ရှိလာမယ့် ဇာဗီ အတွက်တော့ အဓိက ကစားသမားတွေ မပါဝင်တာ/ကြံခိုင်မှုမပြည့်တာ အစရှိတဲ့ပြသနာတွေကို ရင်ဆိုင်နေရပါတယ်။သို့သော်လည်း လူစာရင်းကွာဟမှုကြီးကြီးမားမားမရှိသလို လက်ရှိရာသီရဲ့ အကောင်းဆုံးပုံစံကို ရရှိနေတဲ့အသင်းကြီးနှစ်သင်းဖြစ်တာကြောင့် ပရိတ်သတ်တွေကျေနပ်လောက်မယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာတော့အသေချာပါပဲ။
( ဂိုး )ဒဟေးယား / ပထမအကျော့မှာ ရာဖင်ဟာ ကို မျက်လုံးအပြူးသားဖြစ်စေခဲ့သလို လက်စတာနဲ့ပွဲမှာလည်း အံအားသင့်စရာကာကွယ်မှုတွေ ပြုလုပ်ထားတဲ့ ဒဟေးယား ကို ချန်လှပ်ဖို့ဆိုတာ ဒီအချိန်မှာ မင်းမရှိရင်မဖြစ်ဘူးလို့ တွင်တွင်ပြောနေရတဲ့ဘဝလိုပဲ သူရှိမှပြည့်စုံစေမှာတော့ အမှန်ပါပဲ။ (ခံစစ်) ဘစ်ဆာကာ၊ဗာရန်း၊မာတီနက်ဇ်၊ရှော / ဘစ်ဆာကာ နဲ့ ဗာရန်း ကို လက်စတာ နဲ့ ပွဲမှာ အနားပေးထားပြီးဖြစ်လို့ ဒီနေ့သေချာပေါက် ပြန်လည်အသုံးပြုပါလိမ့်မယ်။မာတီနက်ဇ် က ပြစ်ဒဏ်လွတ်ပြီဖြစ်လို့ ပြန်ပါဝင်နိုင်ချိန် ရှော က သူ့ရဲ့အကောင်းဆုံးနေရာဖြစ်တဲ့ ဘယ်ခြမ်း ကို ပြန်လည်အပိုင်စားရယူပါလိမ့်မယ်။
(ကွင်းလယ် )ကတ်စမဲရိုး၊ဆဘစ်ဇာ /တန်ဟဂ် အတွက် ကွင်းလယ်က စိတ်တိုင်းကျ ပုံဖော်လို့ရတဲ့နေရာဖြစ်ပြီး နည်းဗျူဟာအရ စိတ်တိုင်းကျဖန်တီးပုံဖော်လို့ရပါတယ်။ဖရဒ် က ပွဲဆက်များနေသလို ပွဲပန်းနေတာကြောင့် ဆဘစ်ဇာ ကို အသုံးပြုတာက မမှားပေမယ့် ကတ်စမဲရိုး နဲ့ ပူးတွဲပွဲထွက်ဖူးသေးခြင်းမရှိတာကိုတော့ သတိပြုရပါတယ်။သို့သော်လည်း ကတ်စမဲရိုး ပါဝင်လာရင် ဆဘစ်ဇာ အနေနဲ့ တိုက်စစ်ကိုပိုမိုလိုက်ပါနိုင်ပြီး သူ့ရဲ့လုပ်နိုင်စွမ်းဟာလည်းပိုမိုကျယ်ပျံ့လာပါလိမ့်မယ်။ (ကွင်းလယ်တိုက်စစ်) ဘရူနိုဖာနန်ဒက်စ် / ယူနိုက်တဒ် ရဲ့ CAM နေရာက အပိုင်စားရယ်လို့ မရှိလှပဲ အလှည့်ကျအပြောင်းလဲနဲ့ ကစားကွက်ပေါ်မူတည်ပြီး ဝင်ရောက်ကစားကြလေ့ရှိပါတယ်။ဘရူနို က စာရွက်ပေါ်မှာ နံပတ်(၁၀)နေရာကို ယူထားပေမယ့် ဆန်ချို လည်း ဝင်ကစားလေ့ရှိသလို ဝက်စ်ဂိုစ့် က လည်း နံပတ်(၁၀)အဖြစ် ဆင်းကစားတာကို မကြာခဏမြင်တွေ့ရလေ့ရှိပါတယ်။
(တိုက်စစ်) ဆန်ချို၊ဝက်စဂိုစ့်၊ရရှ်ဖိုဒ့် / ဆန်ချို၊ဘရူနို နဲ့ ဝက်စ်ဂိုစ် က နံပတ်(၁၀) နေရာကို မကြာခဏ ချိန်း ကစားသလို ဆန်ချို နဲ့ ဘရူနို ကလည်း ညာခြမ်း နဲ့ ကွင်းလယ်တိုက်စစ် ကို နေရာပြောင်းလဲကစားလေ့ရှိကြပါတယ်။ ဆန်ချို က AM အဖြစ်ကစားချိန်မှာ ဘရူနို က RW ထွက်ပေးပြီး ဝက်စ်ဂိုစ့် က နောက်ချန်တိုက်စစ်အဖြစ် ကစားကာ ရရှ်ဖိုဒ့် က Inverted Left Winger အဖြစ် half space ထဲကနေ No(9) နေရာထဲထိ ဝင်ကစားတာမျိုး ပြုလုပ်နိုင်ပြီး ဘာစီလိုနာ ခံစစ် ကို အလုပ်ရှုတ်စေပါလိမ့်မယ်။ နည်းပြတန်ဟက်ဂ်ဟာ ဒီနှစ်ဘောလုံးရာသီမှ အေဂျက်စ်ကနေ မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကို အကောင်းဆုံးပုံစံ ရရှိအောင် ကိုင်တွယ်ထားနိုင်ခဲ့သလို လက်ရှိ ပွဲပေါင်း (၃၈)ပွဲ ကိုင်တွယ်ထားပြီးချိန်ထိ နိုင်ပွဲရာခိုင်နှုန်း (၇၁.၁)%အထိ စွမ်းဆောင်ထားခဲ့ပါတယ်။
crd