ဇရာကိုအံတုကာအသက္ေလးဆယ္ေက်ာ္အ႐ြယ္ထိေဘာလုံးကစားဖို႔ ျပင္ဆင္ထားတယ္ဆိုတဲ့ GOAT ေရာ္နယ္ဒို

ဇရာကိုအံတုကာအသက္ေလးဆယ္ေက်ာ္အ႐ြယ္ထိေဘာလုံးကစားဖို႔ ျပင္ဆင္ထားတယ္ဆိုတဲ့ GOAT ေရာ္နယ္ဒို

မန္ယူအသင္းနဲ႔ ေပၚတူဂီလက္ေ႐ြးစင္တိုက္စစ္မႉးႀကီး စီေရာ္နယ္ဒိုက စိတ္သာေဆာင္ေနမယ္ဆိုရင္သူ႔အသက္ ၄၂ ႏွစ္အထိ ေဘာလုံးဆက္စားဖို႔ရည္႐ြယ္ထားေၾကာင္း ေျပာၾကားလိုက္ပါတယ္။Ballon d’Or ဆုကို ၅ ႀကိမ္အထိရယူထားတဲ့ စီေရာ္နယ္ဒိုဟာ ဒီရာသီမန္ယူအသင္းရဲ႕စြမ္းေဆာင္မႈနဲ႔ပတ္သက္ၿပီး ေဝဖန္မႈေတြခံေနရေသးသူလည္းျဖစ္ပါတယ္။လက္ရွိမွာသူ႔အသက္က ၃၆ ႏွစ္ရွိေနၿပီျဖစ္ေပမယ့္ ႀကံ့ခိုင္မႈပိုင္းအေကာင္းဆုံးျဖစ္ေနေသးၿပီး မန္ယူအသင္းရဲ႕ အေတာင့္တင္းဆုံးသူေတြထဲမွာလည္း ထိပ္ဆုံးကေနရွိေနသူျဖစ္ပါတယ္။သူဟာဒီရာသီမွာမန္ယူအတြက္ ၂၂ ပြဲကစားၿပီး ၁၄ ဂိုးသြင္းယူထားသူျဖစ္ကာ အနားယူဖို႔ကိုလုံးဝမစဥ္းစားေသးသူျဖစ္ပါတယ္။

 

သူ႔ရဲ႕ခႏၶာကိုယ္ႀကံ့ခိုင္မႈပိုင္းကအသက္ ၄၀ ေက်ာ္တဲ့အထိေအာင္ ေကာင္းမြန္ေနဆဲျဖစ္မယ္လို႔ စီေရာ္နယ္ဒိုကယုံၾကည္ေနၿပီးသူ႔အတြက္အဓိကတိုက္ပြဲဝင္ရမယ့္အပိုင္းက စိတ္ပိုင္းဆိုင္ရာသာျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။သူ႔ေအးဂ်င့္ျဖစ္တဲ့ ေဂ်ာ့မန္ဒက္စ္ကေတာ့ စီေရာ္နယ္ဒိုဟာအသက္ ၄၀ အထိေဘာလုံးကစားမွာလို႔ ေျပာခဲ့ဘူးပါတယ္။ဒါေပမယ့္လည္း ဒီမန္ယူတိုက္စစ္မႉးကေတာ့ ၄၂ ႏွစ္အထိဆက္ကစားဖို႔ရည္႐ြယ္ေနတာပါ။ESPN Brasil နဲ႔ေတြ႕ဆုံရာမွာ စီေရာ္နယ္ဒိုက” သူဘယ္သူလဲဆိုတာကို ျပႏိုင္တဲ့ကစားသမားတစ္ေယာက္ျဖစ္ရတာကို ေက်နပ္တဲ့ခံစားမႈရွိေနပါတယ္။

ထိပ္ဆုံးအဆင့္မွာ စြမ္းေဆာင္ရည္ေကာင္းေရရွည္ျပသႏိုင္ဖို႔အတြက္ အသက္အ႐ြယ္ကအေရးပါတဲ့အခ်က္ျဖစ္တယ္ဆိုတာကိုလည္း ကြၽန္ေတာ္သိပါတယ္။မ်ိဳး႐ိုးဗီဇအရ ကြၽန္ေတာ္ဟာအခုမွအသက္ ၃၀ ေက်ာ္ေသးသူအျဖစ္လည္းခံစားေနရတုန္းပါ။ကြၽန္ေတာ့္ခႏၶာကိုယ္နဲ႔ စိတ္ဓာတ္ပိုင္းကိုလည္းအရမ္းဂ႐ုစိုက္ေနပါတယ္။အသက္ ၃၃ ႏွစ္ျပည့္ၿပီးခ်ိန္မွာသိခဲ့တာကေတာ့ ကြၽန္ေတာ္လိုအပ္ေနသေ႐ြ႕ခႏၶာကိုယ္ကလိုက္ႏိုင္ေသးတယ္ဆိုတာပါဘဲ။ဒါေပမယ့္အဓိက တိုက္ပြဲဝင္ရမွာကေတာ့ စိတ္ပိုင္းဆိုင္ရာေပါ့ဗ်ာ။ဒါေၾကာင့္လည္း ကြၽန္ေတာ့္စိတ္ပိုင္းဆိုင္ရာအတြက္ အာ႐ုံစိုက္ၿပီးလုပ္ေဆာင္ေနပါတယ္။

 

ခႏၶာကိုယ္ပိုင္းကိုေတာ့ ထိန္းထားႏိုင္ဦးမွာပါ။ဘဝမွာအေရးပါတဲ့အခိုက္အတန႔္ေတြကလည္းအမ်ားသားဗ်။ ပိုေကာင္းလာမလား၊ပိုဆိုးလာမလားဆိုတာ မသိႏိုင္ဘူးေလ။ ဒါေပမယ့္ လဲက်ၿပီးခ်ိန္မွာေတာ့ျပန္ထဖို႔ခြန္အားရွိကို ရွိေနရမွာပါ။လက္ရွိပုံစံနဲ႔ အနာဂတ္မွာဘာျဖစ္မလဲဆိုတာကို ေစာင့္ၾကည့္ရတာေပ်ာ္ပါတယ္။အသက္ ၄၀၊ ၄၁၊ ၄၂ ႏွစ္အထိဆက္ကစားႏိုင္မလားဆိုတာကိုေတာ့ၾကည့္ရဦးမွာပါ။လက္ရွိမွာေတာ့ ကြၽန္ေတာ့္ရဲ႕ေန႔စဥ္ရည္မွန္းခ်က္က ႀကဳံေတြ႕ရတဲ့အခိုက္အတန႔္တိုင္းကို ေပ်ာ္ေနဖို႔ပါဘဲ” လို႔ေျပာသြားပါတယ္။စီေရာ္နယ္ဒိုဟာ သူ႔ခႏၶာကိုယ္ႀကံ့ခိုင္မႈပိုင္းနဲ႔ပတ္သက္လို႔ အရမ္းကိုဂ႐ုစိုက္သူျဖစ္ၿပီး ဒီအတြက္လည္းအစားအေသာက္ကိုခ်င့္ခ်ိန္စားသုံးသူျဖစ္ပါတယ္။သူဟာအဆီမ်ားတဲ့အစားေသာက္ကိုေရွာင္ၿပီး ပ႐ိုတင္းျပည့္ဝတဲ့အစားအစာေတြကိုသာအဓိကစားသုံးသူျဖစ္ပါတယ္။
crd

unicode

ဇရာကိုအံတုကာအသက်လေးဆယ်ကျော်အရွယ်ထိဘောလုံးကစားဖို့ ပြင်ဆင်ထားတယ်ဆိုတဲ့ GOAT ရော်နယ်ဒို

မန်ယူအသင်းနဲ့ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးကြီး စီရော်နယ်ဒိုက စိတ်သာဆောင်နေမယ်ဆိုရင်သူ့အသက် ၄၂ နှစ်အထိ ဘောလုံးဆက်စားဖို့ရည်ရွယ်ထားကြောင်း ပြောကြားလိုက်ပါတယ်။Ballon d’Or ဆုကို ၅ ကြိမ်အထိရယူထားတဲ့ စီရော်နယ်ဒိုဟာ ဒီရာသီမန်ယူအသင်းရဲ့စွမ်းဆောင်မှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေခံနေရသေးသူလည်းဖြစ်ပါတယ်။လက်ရှိမှာသူ့အသက်က ၃၆ နှစ်ရှိနေပြီဖြစ်ပေမယ့် ကြံ့ခိုင်မှုပိုင်းအကောင်းဆုံးဖြစ်နေသေးပြီး မန်ယူအသင်းရဲ့ အတောင့်တင်းဆုံးသူတွေထဲမှာလည်း ထိပ်ဆုံးကနေရှိနေသူဖြစ်ပါတယ်။သူဟာဒီရာသီမှာမန်ယူအတွက် ၂၂ ပွဲကစားပြီး ၁၄ ဂိုးသွင်းယူထားသူဖြစ်ကာ အနားယူဖို့ကိုလုံးဝမစဉ်းစားသေးသူဖြစ်ပါတယ်။

သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းကအသက် ၄၀ ကျော်တဲ့အထိအောင် ကောင်းမွန်နေဆဲဖြစ်မယ်လို့ စီရော်နယ်ဒိုကယုံကြည်နေပြီးသူ့အတွက်အဓိကတိုက်ပွဲဝင်ရမယ့်အပိုင်းက စိတ်ပိုင်းဆိုင်ရာသာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။သူ့အေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက်စ်ကတော့ စီရော်နယ်ဒိုဟာအသက် ၄၀ အထိဘောလုံးကစားမှာလို့ ပြောခဲ့ဘူးပါတယ်။ဒါပေမယ့်လည်း ဒီမန်ယူတိုက်စစ်မှူးကတော့ ၄၂ နှစ်အထိဆက်ကစားဖို့ရည်ရွယ်နေတာပါ။ESPN Brasil နဲ့တွေ့ဆုံရာမှာ စီရော်နယ်ဒိုက” သူဘယ်သူလဲဆိုတာကို ပြနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ရတာကို ကျေနပ်တဲ့ခံစားမှုရှိနေပါတယ်။

ထိပ်ဆုံးအဆင့်မှာ စွမ်းဆောင်ရည်ကောင်းရေရှည်ပြသနိုင်ဖို့အတွက် အသက်အရွယ်ကအရေးပါတဲ့အချက်ဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်သိပါတယ်။မျိုးရိုးဗီဇအရ ကျွန်တော်ဟာအခုမှအသက် ၃၀ ကျော်သေးသူအဖြစ်လည်းခံစားနေရတုန်းပါ။ကျွန်တော့်ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ပိုင်းကိုလည်းအရမ်းဂရုစိုက်နေပါတယ်။အသက် ၃၃ နှစ်ပြည့်ပြီးချိန်မှာသိခဲ့တာကတော့ ကျွန်တော်လိုအပ်နေသရွေ့ခန္ဓာကိုယ်ကလိုက်နိုင်သေးတယ်ဆိုတာပါဘဲ။ဒါပေမယ့်အဓိက တိုက်ပွဲဝင်ရမှာကတော့ စိတ်ပိုင်းဆိုင်ရာပေါ့ဗျာ။ဒါကြောင့်လည်း ကျွန်တော့်စိတ်ပိုင်းဆိုင်ရာအတွက် အာရုံစိုက်ပြီးလုပ်ဆောင်နေပါတယ်။

ခန္ဓာကိုယ်ပိုင်းကိုတော့ ထိန်းထားနိုင်ဦးမှာပါ။ဘဝမှာအရေးပါတဲ့အခိုက်အတန့်တွေကလည်းအများသားဗျ။ ပိုကောင်းလာမလား၊ပိုဆိုးလာမလားဆိုတာ မသိနိုင်ဘူးလေ။ ဒါပေမယ့် လဲကျပြီးချိန်မှာတော့ပြန်ထဖို့ခွန်အားရှိကို ရှိနေရမှာပါ။လက်ရှိပုံစံနဲ့ အနာဂတ်မှာဘာဖြစ်မလဲဆိုတာကို စောင့်ကြည့်ရတာပျော်ပါတယ်။အသက် ၄၀၊ ၄၁၊ ၄၂ နှစ်အထိဆက်ကစားနိုင်မလားဆိုတာကိုတော့ကြည့်ရဦးမှာပါ။လက်ရှိမှာတော့ ကျွန်တော့်ရဲ့နေ့စဉ်ရည်မှန်းချက်က ကြုံတွေ့ရတဲ့အခိုက်အတန့်တိုင်းကို ပျော်နေဖို့ပါဘဲ” လို့ပြောသွားပါတယ်။စီရော်နယ်ဒိုဟာ သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်လို့ အရမ်းကိုဂရုစိုက်သူဖြစ်ပြီး ဒီအတွက်လည်းအစားအသောက်ကိုချင့်ချိန်စားသုံးသူဖြစ်ပါတယ်။သူဟာအဆီများတဲ့အစားသောက်ကိုရှောင်ပြီး ပရိုတင်းပြည့်ဝတဲ့အစားအစာတွေကိုသာအဓိကစားသုံးသူဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *