ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာညာေနာက္ခံလူတစ္ဦးကိုေခၚယူသြားဖို႔ အဓိကပစ္မွတ္ထားေနတဲ့ မန္ယူႏိုက္တက္
|ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာညာေနာက္ခံလူတစ္ဦးကိုေခၚယူသြားဖို႔ အဓိကပစ္မွတ္ထားေနတဲ့ မန္ယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လာမယ့္ ဇန္နဝါရီလ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္းမွာ ကစားသမားသစ္ေတြ အင္အားျဖည့္တင္းသြားဖို႔ ရွိေနရာ ညာျခမ္းခံစစ္ေနရာအတြက္ right-back တစ္ဦးကို ဦးစားေပး ပစ္မွတ္ထားသြားမယ္လို႔ သိရပါတယ္။ ယူႏိုက္တက္အသင္းဟာ လက္ရွိအခ်ိန္မွာ ညာျခမ္းခံစစ္ ကစားသမားေတြအျဖစ္ ဒီယိုဂိုဒါေလာ့နဲ႔ အာ႐ြန္ဝမ္ဘစ္ဆာခါတို႔ကို ပိုင္ဆိုင္ထားခဲ့ေပမယ့္လည္း ယူႏိုက္တက္နည္းျပ အဲရစ္တန္ဟက္ဂ္က ေပၚတူဂီ right-back ဒါေလာ့ကိုသာ ဒီရာသီရဲ႕ ပြဲစဥ္တိုင္းလိုလိုမွာ ေတာက္ေလွ်ာက္ အသုံးျပဳေနၿပီး ဘစ္ဆာခါကိုေတာ့ ပြဲကစားခြင့္မေပးပဲ လူစာရင္းကေန ခ်န္လွပ္ထားခဲ့ပါတယ္။
ဒါေလာ့က လက္ရွိမွာ ယူႏိုက္တက္ရဲ႕ ညာေနာက္ခံေနရာအတြက္ အေကာင္းဆုံး ကစားသမား ျဖစ္ေနေပမယ့္ နည္းျပတန္ဟက္ဂ္ကေတာ့ ဘစ္ဆာခါကို သေဘာမက်လို႔ ေနာက္ထပ္ ညာေနာက္ခံလူတစ္ဦးကို ေခၚယူခ်င္ေနတာ ျဖစ္ပါတယ္။ တန္ဟက္ဂ္ဟာ ေႏြေဈးကြက္တုန္းက သူနဲ႔ အိုင္းယတ္စ္မွာ လက္တြဲခဲ့ဖူးတဲ့ အေမရိကန္ ညာေနာက္ခံကစားသမား ဆာဂ်ီညိဳဒက္စ္ကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ေအာင္ျမင္မႈ မရွိခဲ့ပဲ ကစားသမားက ဘာစီလိုနာကေန ေအစီမီလန္အသင္းဆီသာ ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။
လတ္တေလာမွာေတာ့ ယူႏိုက္တက္ဟာ right-back option အတြက္ လိုင္ယြန္အသင္းရဲ႕ ျပင္သစ္ ဆယ္ေက်ာ္သက္ကစားသမားေလး မယ္လိုဂူစတိုကို ပစ္မွတ္ထားလ်က္ ရွိေနပါတယ္။ အသက္(၁၉)ႏွစ္အ႐ြယ္သာ ရွိေနေသးတဲ့ ဂူစတိုဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီကေန စတင္ၿပီး လိုင္ယြန္စီနီယာအသင္းအတြက္ တစ္ရာသီအတြင္း ပြဲေပါင္းမ်ားစြာ ကစားေပးခြင့္ ရလာခဲ့သလို အသင္းအတြက္ မရွိမျဖစ္ ကစားသမားတစ္ဦးပါ ျဖစ္လာခဲ့ရပါတယ္။
ဂူစတိုက လိုင္ယြန္အသင္းနဲ႔ ၂၀၂၄ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနတာျဖစ္ၿပီး သူရဲ႕လက္ရွိတန္ေၾကးမွာလည္း ယူ႐ို(၁၅)သန္းသာ ရွိေနတဲ့အတြက္ ယူႏိုက္တက္တို႔ ဒီကစားသမားေလးကို ေဆာင္းေဈးကြက္ထဲမွာ ႀကိဳးပမ္းလာဖြယ္ ရွိေနသလို ခ်န္ပီယံရွစ္ကလပ္ ေနာဝစ္ခ်္စီးတီး အဂၤလန္ ညာေနာက္ခံ ကစားသမားေလး မက္စ္အာ႐ြန္စ္ကိုလည္း ပစ္မွတ္ထားလာဖြယ္ ရွိေနပါတယ္။ ဒါ့အျပင္ အသင္းမွာ ေနရာမေပးခ်င္ေတာ့တဲ့ ဘစ္ဆာခါကလည္း ေဆာင္းေဈးကြက္မွာပဲ အသင္းကေန ရွင္းထုတ္သြားဖို႔ ရွိေနပါတယ္။
crd
unicode
ဇန်နဝါရီအပြောင်းအရွှေ့မှာညာနောက်ခံလူတစ်ဦးကိုခေါ်ယူသွားဖို့ အဓိကပစ်မှတ်ထားနေတဲ့ မန်ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ကစားသမားသစ်တွေ အင်အားဖြည့်တင်းသွားဖို့ ရှိနေရာ ညာခြမ်းခံစစ်နေရာအတွက် right-back တစ်ဦးကို ဦးစားပေး ပစ်မှတ်ထားသွားမယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ညာခြမ်းခံစစ် ကစားသမားတွေအဖြစ် ဒီယိုဂိုဒါလော့နဲ့ အာရွန်ဝမ်ဘစ်ဆာခါတို့ကို ပိုင်ဆိုင်ထားခဲ့ပေမယ့်လည်း ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က ပေါ်တူဂီ right-back ဒါလော့ကိုသာ ဒီရာသီရဲ့ ပွဲစဉ်တိုင်းလိုလိုမှာ တောက်လျှောက် အသုံးပြုနေပြီး ဘစ်ဆာခါကိုတော့ ပွဲကစားခွင့်မပေးပဲ လူစာရင်းကနေ ချန်လှပ်ထားခဲ့ပါတယ်။
ဒါလော့က လက်ရှိမှာ ယူနိုက်တက်ရဲ့ ညာနောက်ခံနေရာအတွက် အကောင်းဆုံး ကစားသမား ဖြစ်နေပေမယ့် နည်းပြတန်ဟက်ဂ်ကတော့ ဘစ်ဆာခါကို သဘောမကျလို့ နောက်ထပ် ညာနောက်ခံလူတစ်ဦးကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ တန်ဟက်ဂ်ဟာ နွေဈေးကွက်တုန်းက သူနဲ့ အိုင်းယတ်စ်မှာ လက်တွဲခဲ့ဖူးတဲ့ အမေရိကန် ညာနောက်ခံကစားသမား ဆာဂျီညိုဒက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှု မရှိခဲ့ပဲ ကစားသမားက ဘာစီလိုနာကနေ အေစီမီလန်အသင်းဆီသာ ပြောင်းရွှေ့သွားခဲ့ပါတယ်။
လတ်တလောမှာတော့ ယူနိုက်တက်ဟာ right-back option အတွက် လိုင်ယွန်အသင်းရဲ့ ပြင်သစ် ဆယ်ကျော်သက်ကစားသမားလေး မယ်လိုဂူစတိုကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။ အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဂူစတိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကနေ စတင်ပြီး လိုင်ယွန်စီနီယာအသင်းအတွက် တစ်ရာသီအတွင်း ပွဲပေါင်းများစွာ ကစားပေးခွင့် ရလာခဲ့သလို အသင်းအတွက် မရှိမဖြစ် ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။
ဂူစတိုက လိုင်ယွန်အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတာဖြစ်ပြီး သူရဲ့လက်ရှိတန်ကြေးမှာလည်း ယူရို(၁၅)သန်းသာ ရှိနေတဲ့အတွက် ယူနိုက်တက်တို့ ဒီကစားသမားလေးကို ဆောင်းဈေးကွက်ထဲမှာ ကြိုးပမ်းလာဖွယ် ရှိနေသလို ချန်ပီယံရှစ်ကလပ် နောဝစ်ချ်စီးတီး အင်္ဂလန် ညာနောက်ခံ ကစားသမားလေး မက်စ်အာရွန်စ်ကိုလည်း ပစ်မှတ်ထားလာဖွယ် ရှိနေပါတယ်။ ဒါ့အပြင် အသင်းမှာ နေရာမပေးချင်တော့တဲ့ ဘစ်ဆာခါကလည်း ဆောင်းဈေးကွက်မှာပဲ အသင်းကနေ ရှင်းထုတ်သွားဖို့ ရှိနေပါတယ်။