ဆြစ္ဇာလန္နဲ႔ႏိုင္ပြဲအၿပီး ကမာၻ႔အေကာင္းဆုံးကြင္းလယ္ကစားသမားလို႔ ေနမာ ခ်ီးက်ဴးလိုက္တဲ့ ယူႏိုက္တက္ၾကယ္ပြင့္

ေနမာက ဘရားဇီးလ္အသင္းက ဆြစ္ဇာလန္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူခဲ့တဲ့ ကတ္စမဲ႐ိုးကို ကမာၻ႔အေကာင္းဆုံးကြင္းလယ္ ကစားသမားဆိုၿပီး ခ်ီးက်ဴးလိုက္ပါတယ္။ ကတ္စမဲ႐ိုးဟာ ပြဲကစားခ်ိန္ (၈၃) မိနစ္မွာ အနိမ့္ေဗာလီကန္ခ်က္နဲ႔ သြင္းဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဘရားဇီးလ္အသင္းအား (၁၆) သင္းအဆင့္ဆီ တက္လွမ္းေစႏိုင္ခဲ့တာပါ။ ဒီဂိုးဟာ ကတ္စ္မဲ႐ိုး အတြက္ ပထမဆုံးကမာၻ႔ဖလားသြင္းဂိုးျဖစ္ၿပီး လက္ေ႐ြးစင္ကစားသမားဘဝမွာေတာ့(၆)ဂိုးေျမာက္လည္း ျဖစ္ပါတယ္။

ကက္စမဲ႐ိုးဟာ ပြဲထြက္လူစာရင္းထဲမွာ ပါဝင္ၿပီး လူစားလဲမခံရတဲ့ တစ္ဦးတည္းေသာ ကြင္းလယ္ကစားသမားျဖစ္ၿပီး ဒီဂိုးက ၿပိဳင္ဘက္ေနာက္ခံလူနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားတယ္ဆိုေပမယ့္ သူ႔ရဲ႕ အေရးပါမႈကို ထင္ထင္ရွားရွား ျမင္ေတြ႕ခဲ့ရပါတယ္။ ကက္စမဲ႐ိုးဟာ ဒီပြဲစဥ္အတြင္း ေဘာလုံး ေပးပို႔မႈ ( ၄၈ ) ႀကိမ္ ျပဳလုပ္ရာမွာ ( ၄၁) ႀကိမ္ ေအာင္ျမင္ခဲ့ၿပီး ( ၈၅ ) ရာခိုင္ႏႈန္းထိ တိက်ခဲ့ပါတယ္။ ဒါ့အျပင္ ဂိုးကန္သြင္းမႈကို ( ၁ ) ႀကိမ္ ပိတ္ဆို႔ႏိုင္ခဲ့ၿပီး ေဘာလုံးျဖတ္ေတာက္မႈ ( ၄ ) ႀကိမ္ ႏွင့္ tackles ( ၁ )ႀကိမ္လည္း ျပဳလုပ္ႏိုင္ခဲ့ပါေသးတယ္။ ယခုႏိုင္ပြဲေၾကာင့္ ဘရာဇီးလ္အသင္းဟာ ( ၂ )ပြဲကစားၿပီးခ်ိန္ ရမွတ္ ( ၆ ) မွတ္နဲ႔ ( ၁ ) ပြဲလိုအေနအထားမွာ ( ၁၆ ) သင္းအဆင့္ကို တက္ေရာက္သြားခဲ့ၿပီျဖစ္ပါတယ္။

ဆြစ္ဇာလန္နဲ႔ပြဲအၿပီးမွာ ေနမာက သူ႔ရဲ႕ အသင္းေဖာ္နဲ႔ ပတ္သက္ၿပီး – “ကတ္စမဲ႐ိုးက ကမာၻ႔အေကာင္းဆုံးကြင္းလယ္လူဆိုတဲ့ ေျခစြမ္းကို အခ်ိန္အၾကာႀကီးျပသထားႏိုင္ခဲ့တယ္” လို႔ တြစ္တာေပၚတင္ကာ ခ်ီးက်ဴးစကားေျပာၾကားလိုက္တာပါ။ ဘရားဇီးလ္အသင္းဟာ ႐ုရွားကမာၻ႔ဖလားတုန္းက ကြာတာဖိုင္နယ္မွာ ဘယ္ဂ်ီယံအသင္းရဲ႕ ျဖဳတ္ခ်ျခင္းကို ခံခဲ့ရသူျဖစ္ၿပီး ဒီႏွစ္မွာေတာ့ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးျဖစ္ေနပါတယ္။

ကတ္စမဲ႐ိုးက ပြဲအၿပီးမွာ – “ ေလးႏွစ္ၾကာၿပီးေနာက္မွာေတာ့ က်ေနာ္တို႔မွာ ကစားသမားသစ္ေတြရလာပါၿပီ ေ႐ြးခ်ယ္စရာမ်ားျပားလာသလို ခံစစ္ကလည္း အေတြ႕အႀကဳံရွိကစားသမားေတြနဲ႔ ဖြဲ႕စည္းထားသလို လူငယ္ကစားသမားေတြနဲ႔ ေကာင္းေကာင္းလုပ္ျပေနႏိုင္ပါတယ္ ဒီပြဲကိုလည္း က်ေနာ္တို႔ ဂိုးမေပးခဲ့ရပါဘူး ဒါလည္း ေကာင္းမြန္တဲ့အခ်က္ပါပဲ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။
crd

unicode

ဆွစ်ဇာလန်နဲ့နိုင်ပွဲအပြီး ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားလို့ နေမာ ချီးကျူးလိုက်တဲ့ ယူနိုက်တက်ကြယ်ပွင့်

နေမာက ဘရားဇီးလ်အသင်းက ဆွစ်ဇာလန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တဲ့ ကတ်စမဲရိုးကို ကမ္ဘာ့အကောင်းဆုံးကွင်းလယ် ကစားသမားဆိုပြီး ချီးကျူးလိုက်ပါတယ်။ ကတ်စမဲရိုးဟာ ပွဲကစားချိန် (၈၃) မိနစ်မှာ အနိမ့်ဗောလီကန်ချက်နဲ့ သွင်းဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဘရားဇီးလ်အသင်းအား (၁၆) သင်းအဆင့်ဆီ တက်လှမ်းစေနိုင်ခဲ့တာပါ။ ဒီဂိုးဟာ ကတ်စ်မဲရိုး အတွက် ပထမဆုံးကမ္ဘာ့ဖလားသွင်းဂိုးဖြစ်ပြီး လက်ရွေးစင်ကစားသမားဘဝမှာတော့(၆)ဂိုးမြောက်လည်း ဖြစ်ပါတယ်။

ကက်စမဲရိုးဟာ ပွဲထွက်လူစာရင်းထဲမှာ ပါဝင်ပြီး လူစားလဲမခံရတဲ့ တစ်ဦးတည်းသော ကွင်းလယ်ကစားသမားဖြစ်ပြီး ဒီဂိုးက ပြိုင်ဘက်နောက်ခံလူနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားတယ်ဆိုပေမယ့် သူ့ရဲ့ အရေးပါမှုကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပါတယ်။ ကက်စမဲရိုးဟာ ဒီပွဲစဥ်အတွင်း ဘောလုံး ပေးပို့မှု ( ၄၈ ) ကြိမ် ပြုလုပ်ရာမှာ ( ၄၁) ကြိမ် အောင်မြင်ခဲ့ပြီး ( ၈၅ ) ရာခိုင်နှုန်းထိ တိကျခဲ့ပါတယ်။ ဒါ့အပြင် ဂိုးကန်သွင်းမှုကို ( ၁ ) ကြိမ် ပိတ်ဆို့နိုင်ခဲ့ပြီး ဘောလုံးဖြတ်တောက်မှု ( ၄ ) ကြိမ် နှင့် tackles ( ၁ )ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါသေးတယ်။ ယခုနိုင်ပွဲကြောင့် ဘရာဇီးလ်အသင်းဟာ ( ၂ )ပွဲကစားပြီးချိန် ရမှတ် ( ၆ ) မှတ်နဲ့ ( ၁ ) ပွဲလိုအနေအထားမှာ ( ၁၆ ) သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

ဆွစ်ဇာလန်နဲ့ပွဲအပြီးမှာ နေမာက သူ့ရဲ့ အသင်းဖော်နဲ့ ပတ်သက်ပြီး – “ကတ်စမဲရိုးက ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူဆိုတဲ့ ခြေစွမ်းကို အချိန်အကြာကြီးပြသထားနိုင်ခဲ့တယ်” လို့ တွစ်တာပေါ်တင်ကာ ချီးကျူးစကားပြောကြားလိုက်တာပါ။ ဘရားဇီးလ်အသင်းဟာ ရုရှားကမ္ဘာ့ဖလားတုန်းက ကွာတာဖိုင်နယ်မှာ ဘယ်ဂျီယံအသင်းရဲ့ ဖြုတ်ချခြင်းကို ခံခဲ့ရသူဖြစ်ပြီး ဒီနှစ်မှာတော့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ကတ်စမဲရိုးက ပွဲအပြီးမှာ – “ လေးနှစ်ကြာပြီးနောက်မှာတော့ ကျနော်တို့မှာ ကစားသမားသစ်တွေရလာပါပြီ ရွေးချယ်စရာများပြားလာသလို ခံစစ်ကလည်း အတွေ့အကြုံရှိကစားသမားတွေနဲ့ ဖွဲ့စည်းထားသလို လူငယ်ကစားသမားတွေနဲ့ ကောင်းကောင်းလုပ်ပြနေနိုင်ပါတယ် ဒီပွဲကိုလည်း ကျနော်တို့ ဂိုးမပေးခဲ့ရပါဘူး ဒါလည်း ကောင်းမွန်တဲ့အချက်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *