ဆီမီးဖိုင္နယ္ေရာက္တာ ေအာင္ပြဲခံစရာမဟုတ္ဘဲ ခ်န္ပီယံျဖစ္မွသာ ေအာင္ပြဲခံမယ္လို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္ရဲ႕ သခင္ႀကီး တန္ဟက္ဂ္
|ဆီမီးဖိုင္နယ္ေရာက္တာ ေအာင္ပြဲခံစရာမဟုတ္ဘဲ ခ်န္ပီယံျဖစ္မွသာ ေအာင္ပြဲခံမယ္လို႔ ဆိုလိုက္တဲ့ ယူႏိုက္တက္ရဲ႕ သခင္ႀကီး တန္ဟက္ဂ္
ဆီမီးဖိုင္နယ္ တက္ေရာက္ႏိုင္ခဲ့လို႔ ေပ်ာ္မိေပမယ့္ ေအာင္ပြဲခံေနမွာ မဟုတ္ဘဲ ဗိုလ္စြဲႏိုင္မွသာ ေအာင္ပြဲခံမယ္လို႔ ေျပာၾကားလိုက္တဲ့ ယူႏိုက္တက္ေဘာ့စ္
မန္ခ်က္စတာ ယူႏိုက္တက္က EFLဖလားၿပိဳင္ပြဲရဲ႕ ကြာတားဖိုင္နယ္ အျဖစ္ ခ်ာလ္တန္ကို အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားခဲ့ရာ တန္ဟက္ဂ္က အဓိက ကစားသမားေတြ ျဖစ္တဲ့ ရက္ဖို႔ဒ္ ၊ မာရွယ္ ၊ ဒီဂီယာ ၊ အဲရစ္ဆင္ ၊ ဗာရန္း စတဲ့ ကစားသမားေတြကို အနားေပးခဲ့ၿပီး လူငယ္ ၾကယ္ပြင့္ေတြ ျဖစ္တဲ့ ဂါနာခ်ိဳ ၊ အီလန္ဂါ ၊ မိုင္ႏို စတဲ့ ကစားသမားေတြကိုသာ ပြဲထြက္ လူစာရင္းမွာ ထည့္သြင္း အသုံးျပဳခဲ့ပါတယ္။
မန္ခ်က္စတာ ယူႏိုက္တက္က လူငယ္ၾကယ္ပြင့္ေတြ ၊ အရန္ ကစားသမား အမ်ားစုေတြနဲ႔ ပြဲထြက္လာခဲ့သည့္တိုင္ ခ်ာလ္တန္နဲ႔ ယူႏိုက္တက္တို႔ရဲ႕ ကစားသမား အင္အား ကြာျခားခ်က္ေၾကာင့္ မန္ခ်က္စတာ ယူႏိုက္တက္က ခ်ာလ္တန္ကို သက္ေတာင့္သက္သာ ကစားကာ အႏိုင္ရခဲ့ၿပီး ယူႏိုက္တက္ အတြက္ သြင္းဂိုးေတြကို အန္တိုနီနဲ႔ လူစားဝင္ တိုက္စစ္မႉး ရက္ဖို႔ဒ္တို႔က အသီးသီး သြင္းယူေပးခဲ့ၾကပါတယ္။
ခ်ာလ္တန္ကို ဂိုးျပတ္အႏိုင္ရကာ ဆီမီးဖိုင္နယ္ဆီ တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ နည္းျပျဖစ္သူ တန္ဟက္ဂ္က သူဟာ ဆီမီးဖိုင္နယ္ဆီ တက္ေရာက္ႏိုင္ခဲ့လို႔ ေပ်ာ္မိေပမယ့္ ေအာင္ပြဲခံေနမွာ မဟုတ္ေၾကာင္းနဲ႔ ဗိုလ္စြဲႏိုင္မွသာ ေအာင္ပြဲခံႏိုင္မယ္လို႔ ဆိုလာပါတယ္။
အဲရစ္ တန္ဟက္ဂ္က – “ဒီေန႔ပြဲမွာ ကြၽန္ေတာ္တို႔ရဲ႕ ကစားပုံက အေတာ္ေလး ေကာင္းခဲ့ပါတယ္။ အဲ့ဒီအတြက္လည္း ေပ်ာ္ရပါတယ္။ ကြၽန္ေတာ္တို႔က ပြဲကို အေကာင္းဆုံး စတင္ႏိုင္ခဲ့သလို ခြန္အားအျပည့္ ၊ အာ႐ုံစူးစိုက္မႈ အျပည့္နဲ႔ ကစားႏိုင္ခဲ့ပါတယ္။ တဖက္အသင္းကိုလည္း သူတို႔ရဲ႕ ကြင္းဘက္ျခမ္းမွာတင္ ထားၿပီး ကစားႏိုင္ခဲ့ပါသလို အခြင့္အေရးေတြ အမ်ားႀကီးလည္း ဖန္တီးႏိုင္ခဲ့ပါတယ္။ ဒီေန႔ပြဲမွာ ဂါနာခ်ိဳက တေယာက္ခ်င္း ျဖတ္ေက်ာ္မႈေတြမွာ အေတာ္ေလးကို ေကာင္းခဲ့ပါတယ္။
ၿပီးေတာ့ ကြၽန္ေတာ္တို႔က အန္တိုနီရဲ႕ တကယ္ကို ေကာင္းလြန္းတဲ့ သြင္းဂိုး တဂိုးကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီဂိုးက အသင္းလိုက္ ကစားကြက္ေၾကာင့္ ရလာတဲ့ သြင္းဂိုး ျဖစ္သလို အန္တိုနီရဲ႕ အဆုံးသတ္ကလည္း ထိပ္တန္းအဆင့္ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ဆီမီးဖိုင္နယ္ ေရာက္တာက ဘာမွ ျဖစ္လာတာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔က ဗိုလ္စြဲခ်င္တာပါ။
ဒါေပမယ့္ ဗိုလ္စြဲဖို႔ ဆိုရင္ ကြၽန္ေတာ္တို႔က တပြဲခ်င္းစီ အာ႐ုံစိုက္ ကစားသြားဖို႔ လိုပါတယ္။ ကြၽန္ေတာ္တို႔က ဆီမီးဖိုင္နယ္မွာ ဘယ္အသင္းနဲ႔ ေတြ႕မလဲ ဆိုတာကို ေစာင့္ၾကည့္ရမယ္။ ၿပီးရင္ အဲ့ဒီပြဲေတြ အတြက္ အေကာင္းဆုံး ျပင္ဆင္မယ္။ အခုေတာ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ အတြက္ပဲ အာ႐ုံစိုက္ပါေတာ့မယ္” လို႔ ထုတ္ေဖာ္ ေျပာၾကားသြားခဲ့တာပါ။
crd
Unicode
ဆီမီးဖိုင်နယ်ရောက်တာ အောင်ပွဲခံစရာမဟုတ်ဘဲ ချန်ပီယံဖြစ်မှသာ အောင်ပွဲခံမယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက်ရဲ့ သခင်ကြီး တန်ဟက်ဂ်
ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့လို့ ပျော်မိပေမယ့် အောင်ပွဲခံနေမှာ မဟုတ်ဘဲ ဗိုလ်စွဲနိုင်မှသာ အောင်ပွဲခံမယ်လို့ ပြောကြားလိုက်တဲ့ ယူနိုက်တက်ဘော့စ်
မန်ချက်စတာ ယူနိုက်တက်က EFLဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဖြစ် ချာလ်တန်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ တန်ဟက်ဂ်က အဓိက ကစားသမားတွေ ဖြစ်တဲ့ ရက်ဖို့ဒ် ၊ မာရှယ် ၊ ဒီဂီယာ ၊ အဲရစ်ဆင် ၊ ဗာရန်း စတဲ့ ကစားသမားတွေကို အနားပေးခဲ့ပြီး လူငယ် ကြယ်ပွင့်တွေ ဖြစ်တဲ့ ဂါနာချို ၊ အီလန်ဂါ ၊ မိုင်နို စတဲ့ ကစားသမားတွေကိုသာ ပွဲထွက် လူစာရင်းမှာ ထည့်သွင်း အသုံးပြုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်က လူငယ်ကြယ်ပွင့်တွေ ၊ အရန် ကစားသမား အများစုတွေနဲ့ ပွဲထွက်လာခဲ့သည့်တိုင် ချာလ်တန်နဲ့ ယူနိုက်တက်တို့ရဲ့ ကစားသမား အင်အား ကွာခြားချက်ကြောင့် မန်ချက်စတာ ယူနိုက်တက်က ချာလ်တန်ကို သက်တောင့်သက်သာ ကစားကာ အနိုင်ရခဲ့ပြီး ယူနိုက်တက် အတွက် သွင်းဂိုးတွေကို အန်တိုနီနဲ့ လူစားဝင် တိုက်စစ်မှူး ရက်ဖို့ဒ်တို့က အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။
ချာလ်တန်ကို ဂိုးပြတ်အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ တက်ရောက်နိုင်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ တန်ဟက်ဂ်က သူဟာ ဆီမီးဖိုင်နယ်ဆီ တက်ရောက်နိုင်ခဲ့လို့ ပျော်မိပေမယ့် အောင်ပွဲခံနေမှာ မဟုတ်ကြောင်းနဲ့ ဗိုလ်စွဲနိုင်မှသာ အောင်ပွဲခံနိုင်မယ်လို့ ဆိုလာပါတယ်။
အဲရစ် တန်ဟက်ဂ်က – “ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ကစားပုံက အတော်လေး ကောင်းခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း ပျော်ရပါတယ်။ ကျွန်တော်တို့က ပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့သလို ခွန်အားအပြည့် ၊ အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားနိုင်ခဲ့ပါတယ်။ တဖက်အသင်းကိုလည်း သူတို့ရဲ့ ကွင်းဘက်ခြမ်းမှာတင် ထားပြီး ကစားနိုင်ခဲ့ပါသလို အခွင့်အရေးတွေ အများကြီးလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဂါနာချိုက တယောက်ချင်း ဖြတ်ကျော်မှုတွေမှာ အတော်လေးကို ကောင်းခဲ့ပါတယ်။
ပြီးတော့ ကျွန်တော်တို့က အန်တိုနီရဲ့ တကယ်ကို ကောင်းလွန်းတဲ့ သွင်းဂိုး တဂိုးကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီဂိုးက အသင်းလိုက် ကစားကွက်ကြောင့် ရလာတဲ့ သွင်းဂိုး ဖြစ်သလို အန်တိုနီရဲ့ အဆုံးသတ်ကလည်း ထိပ်တန်းအဆင့် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဆီမီးဖိုင်နယ် ရောက်တာက ဘာမှ ဖြစ်လာတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဗိုလ်စွဲချင်တာပါ။
ဒါပေမယ့် ဗိုလ်စွဲဖို့ ဆိုရင် ကျွန်တော်တို့က တပွဲချင်းစီ အာရုံစိုက် ကစားသွားဖို့ လိုပါတယ်။ ကျွန်တော်တို့က ဆီမီးဖိုင်နယ်မှာ ဘယ်အသင်းနဲ့ တွေ့မလဲ ဆိုတာကို စောင့်ကြည့်ရမယ်။ ပြီးရင် အဲ့ဒီပွဲတွေ အတွက် အကောင်းဆုံး ပြင်ဆင်မယ်။ အခုတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲ အတွက်ပဲ အာရုံစိုက်ပါတော့မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။
crd