



crd

unicode

ဆာအဲလက်စ်နှင့်လက်တွဲခွင့်ရတဲ့အပေါ် အရမ်းဂုဏ်ယူမိကြောင်းဖွင့်ဟပြောဆိုလာတဲ့ သရဲနီဟောင်း ကာဂါဝါ

ကျနော် ဆာအဲလက်စ်ဖာဂူဆန် နဲ့ လက်တွဲအလုပ်လုပ်ခွင့်ရခဲ့တာ အရမ်းဂုဏ်ယူမိတယ်ဗျာ။ ကျနော်သူနဲ့အချိန်ကြာကြာ အလုပ်လုပ်ချင်ခဲ့ပေမယ့်လည်း ကံကြမ္မာက တစ်ခြားနည်းလမ်းတစ်ခုနဲ့ ဆုံးဖြတ်ခဲ့တော့ ဘယ်တတ်နိုင်ပါ့မလဲ။ ကျနော်အတွက်ကတော့ တကယ်အချိန်ကောင်းတစ်ခုပါပဲ။ ဖာဂူဆန် က ကျနော့်ကို တကယ် အသင်းအတွက်လိုချင်ခဲ့တယ်။ အဲဒါကို ကျနော် ဘယ်တော့မှ မေ့နိုင်တော့မှာမဟုတ်ပါဘူး။ အဲအချိန်တုန်းကတော့ ကျနော် အဲလို ဂန္တဝင်နည်းပြကြီးတစ်ယောက်နဲ့ လက်တွဲခွင့်ရခဲ့တယ်ဆိုတာ မသိခဲ့ဘူး။အခုချိန်မှာတော့ ဘယ်သူက ဘယ်လိုလဲဆိုတာ ကွဲကွဲပြားပြားသိခဲ့လိုက်ရပါပြီ။

ပထမပိုင်းပြီးဆုံးချိန်ဆို သူ ( ဖာဂူဆန်) က အမြဲလိုလို ဒေါသထွက်နေတတ်တယ်ဗျ။ အထူးသဖြင့် ရွန်းနီ ၊ ဂစ် တို့လို ကစားသမားတွေဆီကနေ သူ ဒီထက်ပိုကောင်းတဲ့ ဖန်တီးပေးပို့မှုတွေကို အမြဲလိုလို လိုချင်နေခဲ့တယ်။ သူကျနော့်နဲ့ပတ်သတ်ပြီးတော့ စိတ်ဆိုး ဒေါသထွက်ခဲ့တာတော့မရှိခဲ့ဖူးပါဘူး။ ဒါပေမယ့်လည်း အဝတ်လဲခန်းထဲမှာတော့ အားလုံးလိုလို ကြောက်ကြောက်လန့်လန့်နဲ့ သတိထားနေရတယ်။

ရိုးရိုးသားသားပြောရရင်တော့ ကျနော့်ရဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဘဝ ပထမဆုံး ဘောလုံးရာသီက ကောင်းမွန်ခဲ့ပါတယ်။ ကျနော်တို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တယ်။ဒါပေမယ့် အဲဒါ ဗန်ပါစီ ရဲ့ သွင်းဂိုးတွေကြောင့်ပေါ့၊ အဲဒီဘောလုံးရာသီမှာ သူ ၂၆ ဂိုး အထိ သွင်းယူနိုင်ခဲ့တယ်။ ကျနော်နဲ့တွဲကစားဖူးတဲ့ ကစားသမားတွေလား …. မာကိုးရူးစ် ၊ ဝိန်းရွန်းနီ၊ ဗန်ပါစီ၊ ဂစ် , ဆန်ချို ၊ ဒမ်ဘီလီ၊ အူဘာမီယန်း ကစားသမားတွေတော့အများကြီးရှိပါတယ်။ အဲထဲကမှ တွဲဖက်ကစားရတာ ပိုကောင်းတဲ့ ကစားသမားတွေက ဝိန်း နဲ့ ရူးစ် ပဲ။ သူတို့နဲ့ တွဲကစားရတာ သဘောအကျဆုံးပါပဲ။

Add a Comment

Your email address will not be published. Required fields are marked *