ဆယ္စုႏွစ္တစ္ခုအတြင္း ဘယ္မန္ယူကစားသမားမွ မစြမ္းေဆာင္ႏိုင္ခဲ့တဲ့ စံခ်ိန္တစ္ရပ္ကို ခ်ိဳးဖ်က္ျပေတာ့မယ့္ တန္ဟက္ဂ်္ရဲ႕ပင္တိုင္စံဂိုးသြင္းစက္ေလး ရက္ရွ္ဖို႔ဒ္

ၿပီးခဲ့တဲ့ ေဘာလုံးရာသီ တစ္ခုလုံးမွာမွ ၅ ဂိုးပဲသြင္းႏိုင္ခဲ့တဲ့ ကစားသမား တစ္ ေယာက္ ဒီရာသီမွာ ဘယ္ႏွဂိုးမ်ား သြင္းႏိုင္ပါ့မလဲ။ အမ်ားဆုံး သြင္းျပႏိုင္ ၂ဆ ေလာက္ေပါ့လို႔ သူသူ ကိုယ္ကိုယ္ ေျပာၾကမွာပါပဲ။ ဒါေပမဲ့ မန္ယူ အကယ္ဒမီ ကေန အသင္းဆီေရာက္လာၿပီး ယူႏိုက္တက္အတြက္ ပြဲေပါင္း ၃၅၀ ျပည့္ ေတာ့မယ့္ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ကေတာ့ အမ်ားထင္သလို မဟုတ္ပါဘူး။ နည္းျပေဟာင္း လူးဝစ္ဗန္ဟားလ္ လက္ထက္ ၂၀၁၆ ခုႏွစ္မွာ မအူမလည္နဲ႔ အသင္းကို ေရာက္လာခဲ့ၿပီး စီနီယာ ကစားသမားေတြၾကားမွာ အေတြ႕အႀကဳံ အႏုဆုံး ကစားသမားေလး ရက္ရွ္ဖို႔ဒ္ဟာ အခုလိုမ်ိဳး ေျခစြမ္းေကာင္းေတြ ရလိမ့္မယ္လို႔ ဘယ္သူကမွ မထင္ခဲ့ၾကပါဘူး။

အနီးစပ္ဆုံးေျပာရရင္ နည္းျပ တန္ဟတ္ အသင္းကို ေရာက္လာၿပီးခ်ိန္မွာေတာ့ မန္ယူဟာ တိုက္စစ္မႉး မာရွယ္၊ စီေရာ္နယ္ဒိုတို႔ကိုသာ အားထားခဲ့တာျဖစ္ၿပီး ရက္ရွ္ဖို႔ဒ္ကို လိုမွ ထုတ္ သုံးမယ့္ ဂိမ္းပလန္နဲ႔ တာထြက္ခဲ့တာမ်ိဳးပါ။ ဒါေပမဲ့ အဂၤလန္သားကေတာ့ ၿပီးခဲ့တဲ့ ဘက္တစ္နဲ႔ပြဲမွာ ဂိုးသြင္းႏိုင္ခဲ့ၿပီးတဲ့ေနာက္ မန္ယူအတြက္ ဒီရာသီ ၿပိဳင္ပြဲစုံ ၂၆ ဂိုးအထိ ရွိလာၿပီျဖစ္ပါတယ္။ မန္ယူဟာ ကာရာေဘာင္ ဖလားကို ရယူၿပီးတဲ့ေနာက္ အက္ဖ္ေအဖလားနဲ႔ ယူ႐ိုပါလိဂ္ ဖလားေတြမွာလည္း အသက္ဆက္ခြင့္ ရေနတဲ့ အသင္းျဖစ္ေနပါတယ္။

ဒါေၾကာင့္ မန္ယူဟာဆိုရင္ ေနာက္ထပ္ ၿပိဳင္ပြဲစုံ ၂၂ ပြဲအထိ ကစားရဖို႔ ရွိေနပါတယ္။ ဒီအတြက္ အသင္း ရဲ႕ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ကလည္း ဒီလိုပြဲကစားခ်ိန္ေတြ က်န္ေနေသးတာ ေၾကာင့္ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုအတြင္းမွာ မန္ယူရဲ႕ ဘယ္ကစားသမားမွ လုပ္မျပႏိုင္ခဲ့တဲ့ အလုပ္တစ္ခုကို လုပ္ျပခြင့္ရဖို႔ ရွိေနၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္းမွာ ဗန္ပါစီရဲ႕ စံခ်ိန္တစ္ရပ္ကို လိုက္မီဖို႔အတြက္ မန္ယူ ကစားသမားေတာ္ေတာ္မ်ားမ်ား ႀကိဳးစားခဲ့ၾကေပမဲ့လည္း
အရာမထင္ခဲ့ၾကပါဘူး။ နယ္သာလန္းသားျဖစ္တဲ့ ဗန္ပါစီဟာ ယူႏိုက္တက္အတြက္ တစ္ရာသီအတြင္း သြင္းဂိုး ၃၀ သြင္းေပးႏိုင္ခဲ့တဲ့ ေနာက္ဆုံး ကစားသမားျဖစ္ပါတယ္။

ဒါေၾကာင့္ မန္ယူအသင္း အခုလိုမ်ိဳး ကစားဖို႔ ပြဲအေရအတြက္ေတြ အမ်ားႀကီး က်န္ေနေသးတဲ့အခ်ိန္မွာ ရက္ရွ္ဖို႔ဒ္ဟာ ဗန္ပါစီရဲ႕ စံခ်ိန္ကို အသာေလး လိုက္မီႏိုင္ေတာ့မယ့္ အေနအထားမ်ိဳး ရွိလာၿပီျဖစ္ပါတယ္။ ဒါ့အျပင္ သြင္းဂိုး ၃၀ တင္မကဘဲ ဗန္ပါစီရဲ႕ စံခ်ိန္ကို ေက်ာ္သြားမွာ ျဖစ္သလို သြင္းဂိုး ၄၀ အထိ မသြင္းႏိုင္ဘူး လို႔ေရာ ဘယ္သူကမ်ား တပ္အပ္ ေျပာႏိုင္မွာလဲ။
crd

unicode

ဆယ်စုနှစ်တစ်ခုအတွင်း ဘယ်မန်ယူကစားသမားမှ မစွမ်းဆောင်နိုင်ခဲ့တဲ့ စံချိန်တစ်ရပ်ကို ချိုးဖျက်ပြတော့မယ့် တန်ဟက်ဂျ်ရဲ့ပင်တိုင်စံဂိုးသွင်းစက်လေး ရက်ရှ်ဖို့ဒ်

ပြီးခဲ့တဲ့ ဘောလုံးရာသီ တစ်ခုလုံးမှာမှ ၅ ဂိုးပဲသွင်းနိုင်ခဲ့တဲ့ ကစားသမား တစ် ယောက် ဒီရာသီမှာ ဘယ်နှဂိုးများ သွင်းနိုင်ပါ့မလဲ။ အများဆုံး သွင်းပြနိုင် ၂ဆ လောက်ပေါ့လို့ သူသူ ကိုယ်ကိုယ် ပြောကြမှာပါပဲ။ ဒါပေမဲ့ မန်ယူ အကယ်ဒမီ ကနေ အသင်းဆီရောက်လာပြီး ယူနိုက်တက်အတွက် ပွဲပေါင်း ၃၅၀ ပြည့် တော့မယ့် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကတော့ အများထင်သလို မဟုတ်ပါဘူး။ နည်းပြဟောင်း လူးဝစ်ဗန်ဟားလ် လက်ထက် ၂၀၁၆ ခုနှစ်မှာ မအူမလည်နဲ့ အသင်းကို ရောက်လာခဲ့ပြီး စီနီယာ ကစားသမားတွေကြားမှာ အတွေ့အကြုံ အနုဆုံး ကစားသမားလေး ရက်ရှ်ဖို့ဒ်ဟာ အခုလိုမျိုး ခြေစွမ်းကောင်းတွေ ရလိမ့်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြပါဘူး။

အနီးစပ်ဆုံးပြောရရင် နည်းပြ တန်ဟတ် အသင်းကို ရောက်လာပြီးချိန်မှာတော့ မန်ယူဟာ တိုက်စစ်မှူး မာရှယ်၊ စီရော်နယ်ဒိုတို့ကိုသာ အားထားခဲ့တာဖြစ်ပြီး ရက်ရှ်ဖို့ဒ်ကို လိုမှ ထုတ် သုံးမယ့် ဂိမ်းပလန်နဲ့ တာထွက်ခဲ့တာမျိုးပါ။ ဒါပေမဲ့ အင်္ဂလန်သားကတော့ ပြီးခဲ့တဲ့ ဘက်တစ်နဲ့ပွဲမှာ
ဂိုးသွင်းနိုင်ခဲ့ပြီးတဲ့နောက် မန်ယူအတွက် ဒီရာသီ ပြိုင်ပွဲစုံ ၂၆ ဂိုးအထိ ရှိလာပြီဖြစ်ပါတယ်။
မန်ယူဟာ ကာရာဘောင် ဖလားကို ရယူပြီးတဲ့နောက် အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ် ဖလားတွေမှာလည်း အသက်ဆက်ခွင့် ရနေတဲ့ အသင်းဖြစ်နေပါတယ်။

ဒါကြောင့် မန်ယူဟာဆိုရင် နောက်ထပ် ပြိုင်ပွဲစုံ ၂၂ ပွဲအထိ ကစားရဖို့ ရှိနေပါတယ်။ ဒီအတွက် အသင်း ရဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကလည်း ဒီလိုပွဲကစားချိန်တွေ ကျန်နေသေးတာ ကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ မန်ယူရဲ့ ဘယ်ကစားသမားမှ လုပ်မပြနိုင်ခဲ့တဲ့ အလုပ်တစ်ခုကို လုပ်ပြခွင့်ရဖို့ ရှိနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ဗန်ပါစီရဲ့ စံချိန်တစ်ရပ်ကို လိုက်မီဖို့အတွက် မန်ယူ ကစားသမားတော်တော်များများ ကြိုးစားခဲ့ကြပေမဲ့လည်း
အရာမထင်ခဲ့ကြပါဘူး။ နယ်သာလန်းသားဖြစ်တဲ့ ဗန်ပါစီဟာ ယူနိုက်တက်အတွက် တစ်ရာသီအတွင်း သွင်းဂိုး ၃၀ သွင်းပေးနိုင်ခဲ့တဲ့ နောက်ဆုံး ကစားသမားဖြစ်ပါတယ်။

ဒါကြောင့် မန်ယူအသင်း အခုလိုမျိုး ကစားဖို့ ပွဲအရေအတွက်တွေ အများကြီး ကျန်နေသေးတဲ့အချိန်မှာ ရက်ရှ်ဖို့ဒ်ဟာ ဗန်ပါစီရဲ့ စံချိန်ကို အသာလေး လိုက်မီနိုင်တော့မယ့် အနေအထားမျိုး ရှိလာပြီဖြစ်ပါတယ်။ ဒါ့အပြင် သွင်းဂိုး ၃၀ တင်မကဘဲ ဗန်ပါစီရဲ့ စံချိန်ကို ကျော်သွားမှာ ဖြစ်သလို သွင်းဂိုး ၄၀ အထိ မသွင်းနိုင်ဘူး လို့ရော ဘယ်သူကများ တပ်အပ် ပြောနိုင်မှာလဲ။

Add a Comment

Your email address will not be published. Required fields are marked *