ဆင္ပ်ံႀကီး အာဆင္နယ္ ပုဝါမကူေၾကး ႀကဳံးရမယ့္ပြဲမွာ ကြင္းလယ္Tankႀကီး ကတ္စ္အျပင္ ေနာက္ၾကယ္ပြင့္ကစားသမားပါ လြဲမွာမို႔ ခက္ခဲအုံးမယ့္ တန္ဟက္ဂ္

ဆင္ပ်ံႀကီး အာဆင္နယ္ ပုဝါမကူေၾကး ႀကဳံးရမယ့္ပြဲမွာ ကြင္းလယ္Tankႀကီး ကတ္စ္အျပင္ ေနာက္ၾကယ္ပြင့္ကစားသမားပါ လြဲမွာမို႔ ခက္ခဲအုံးမယ့္ တန္ဟက္ဂ္
စူပါဆန္း‌ေဒးမွာ ဆင္ပ်ံႀကီးကို အမဲလိုက္မယ့္ သရဲနီမုဆိုးအဖြဲထဲမွာ ကတ္စမဲ႐ိုးအျပင္ ေနာက္ထပ္သရဲနီတစ္ေယာက္ပါ လြဲေခ်ာ္ဖြယ္ရွိေန…

မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္ကစားသမား မာစီယဲလ္ဟာ
အာဆင္နယ္နဲ႔အေရးႀကီးပြဲမတိုင္ခင္ အသင္းရဲ႕ ေလ့က်င့္ခန္း
အစီအစဥ္ကို လြဲေခ်ာ္ခဲ့တယ္လို႔ သတင္းထြက္ေနပါတယ္။

မာစီယဲလ္ဟာ ဒီရာသီမွာ ဒဏ္ရာျပႆနာေတြေၾကာင့္
႐ုန္းကန္ေနရၿပီး မန္စီးတီးကို (၂-၁)ဂိုးနဲ႔အႏိုင္ရတဲ့ မန္ခ်က္စတာ
ဒါဘီပြဲတုန္းက ဒဏ္ရာရရွိခဲ့တဲ့အတြက္ ပထမပိုင္းအၿပီးမွာပဲ
လူစားလဲခံခဲ့ရပါတယ္။

ၿဗိတိန္သတင္းစာ The Times က
မာစီယဲလ္ဟာ မေန႔က ျပဳလုပ္ခဲ့တဲ့ ယူႏိုက္တက္အသင္းရဲ႕
ေလ့က်င့္ခန္းအစီအစဥ္ကို လြဲေခ်ာ္ခဲ့တယ္လို႔ ေဖာ္ျပခဲ့တာေၾကာင့္
အာဆင္နယ္နဲ႔ပြဲမွာ ပါဝင္ကစားႏိုင္ဖို႔ မေသခ်ာေသးပါဘူး။

မာစီယဲလ္ဟာ ၿပီးခဲ့တဲ့ၾကားရက္က ခရစၥတယ္ပဲေလ့စ္နဲ႔ (၁-၁)ဂိုးစီ
သေရက်တဲ့ပြဲမွာ မပါဝင္ႏိုင္ဘဲ သူ႔ေနရာမွာ တိုက္စစ္မႉးသစ္
ဝက္ေဟာ့တ္က ယူႏိုက္တက္အသင္းအတြက္ ပြဲဦးထြက္ပါဝင္
ကစားခဲ့ပါတယ္။

မာစီယဲလ္ဟာ ဒီရာသီမွာ ၿပိဳင္ပြဲစုံ (၁၃)ပြဲကစား၊
(၅)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၂)ႀကိမ္ျပဳလုပ္ၿပီး ေျခစြမ္းျပႏိုင္ေပမယ့္
ဒဏ္ရာေၾကာင့္ မၾကာခဏအနားယူေနရတာက ျပႆနာ
တစ္ခုျဖစ္ေနပါတယ္။

အာဆင္နယ္နဲ႔ပြဲက ယူႏိုက္တက္အသင္းရဲ႕
ခ်န္ပီယံလိဂ္ဝင္ခြင့္၊ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္
ဆက္လက္ဖိအားေပးႏိုင္ဖို႔ အေရးပါတဲ့ပြဲစဥ္ျဖစ္တာေၾကာင့္
မာစီယဲလ္ဟာ အဲဒီပြဲမတိုင္ခင္ ႀကံ့ခိုင္မႈျပည့္ဝလာေအာင္
ႀကိဳးစားဖို႔ ဆႏၵျပင္းျပေနပါတယ္။

ယူႏိုက္တက္အသင္းရဲ႕အဓိက,ကြင္းလယ္ ကတ္စ္မဲ႐ိုးဟာ ပြဲပယ္ခံရမွာျဖစ္လို႔
အာဆင္နယ္နဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္သလို မာစီယဲလ္လည္း
မပါဝင္ႏိုင္ဘူးဆိုရင္ေတာ့ နည္းျပအဲရစ္တန္ဟက္အတြက္
ထိုးႏွက္ခ်က္ျဖစ္လာဖို႔ရွိပါတယ္။

တကယ္လို႔ မာစီယဲလ္သာအခ်ိန္မီ မသက္သာလာဘူးဆိုရင္ အဲရစ္တန္ဟက္က
ဝက္ေဟာ့တ္ကို ပြဲထြက္ကစားသမားအျဖစ္ အသုံးျပဳသြားဖို႔ရွိေနပါတယ္။
crd

Unicode
ဆင်ပျံကြီး အာဆင်နယ် ပုဝါမကူကြေး ကြုံးရမယ့်ပွဲမှာ ကွင်းလယ်Tankကြီး ကတ်စ်အပြင် နောက်ကြယ်ပွင့်ကစားသမားပါ လွဲမှာမို့ ခက်ခဲအုံးမယ့် တန်ဟက်ဂ်
စူပါဆန်း‌ဒေးမှာ ဆင်ပျံကြီးကို အမဲလိုက်မယ့် သရဲနီမုဆိုးအဖွဲထဲမှာ ကတ်စမဲရိုးအပြင် နောက်ထပ်သရဲနီတစ်ယောက်ပါ လွဲချော်ဖွယ်ရှိနေ…

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား မာစီယဲလ်ဟာ
အာဆင်နယ်နဲ့အရေးကြီးပွဲမတိုင်ခင် အသင်းရဲ့ လေ့ကျင့်ခန်း
အစီအစဉ်ကို လွဲချော်ခဲ့တယ်လို့ သတင်းထွက်နေပါတယ်။

မာစီယဲလ်ဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့်
ရုန်းကန်နေရပြီး မန်စီးတီးကို (၂-၁)ဂိုးနဲ့အနိုင်ရတဲ့ မန်ချက်စတာ
ဒါဘီပွဲတုန်းက ဒဏ်ရာရရှိခဲ့တဲ့အတွက် ပထမပိုင်းအပြီးမှာပဲ
လူစားလဲခံခဲ့ရပါတယ်။

ဗြိတိန်သတင်းစာ The Times က
မာစီယဲလ်ဟာ မနေ့က ပြုလုပ်ခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့
လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တယ်လို့ ဖော်ပြခဲ့တာကြောင့်
အာဆင်နယ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။

မာစီယဲလ်ဟာ ပြီးခဲ့တဲ့ကြားရက်က ခရစ္စတယ်ပဲလေ့စ်နဲ့ (၁-၁)ဂိုးစီ
သရေကျတဲ့ပွဲမှာ မပါဝင်နိုင်ဘဲ သူ့နေရာမှာ တိုက်စစ်မှူးသစ်
ဝက်ဟော့တ်က ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ပါဝင်
ကစားခဲ့ပါတယ်။

မာစီယဲလ်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ (၁၃)ပွဲကစား၊
(၅)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြနိုင်ပေမယ့်
ဒဏ်ရာကြောင့် မကြာခဏအနားယူနေရတာက ပြဿနာ
တစ်ခုဖြစ်နေပါတယ်။

အာဆင်နယ်နဲ့ပွဲက ယူနိုက်တက်အသင်းရဲ့
ချန်ပီယံလိဂ်ဝင်ခွင့်၊ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်
ဆက်လက်ဖိအားပေးနိုင်ဖို့ အရေးပါတဲ့ပွဲစဉ်ဖြစ်တာကြောင့်
မာစီယဲလ်ဟာ အဲဒီပွဲမတိုင်ခင် ကြံ့ခိုင်မှုပြည့်ဝလာအောင်
ကြိုးစားဖို့ ဆန္ဒပြင်းပြနေပါတယ်။

ယူနိုက်တက်အသင်းရဲ့အဓိက,ကွင်းလယ် ကတ်စ်မဲရိုးဟာ ပွဲပယ်ခံရမှာဖြစ်လို့
အာဆင်နယ်နဲ့ပွဲကို လွဲချော်မှာဖြစ်သလို မာစီယဲလ်လည်း
မပါဝင်နိုင်ဘူးဆိုရင်တော့ နည်းပြအဲရစ်တန်ဟက်အတွက်
ထိုးနှက်ချက်ဖြစ်လာဖို့ရှိပါတယ်။

တကယ်လို့ မာစီယဲလ်သာအချိန်မီ မသက်သာလာဘူးဆိုရင် အဲရစ်တန်ဟက်က
ဝက်ဟော့တ်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသွားဖို့ရှိနေပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *