ဆင္ပ်ံႀကီးကို အျမႇီးဆြဲခ်ႏိုင္ဖို႔ သရဲနီနည္းျပႀကီး တန္ဟက္ဂ္ ထုတ္သုံးလာႏိုင္တဲ့ ဖရက္ဒ္နဲ႔ ေတာ္မီေနးတို႔ မဟုတ္တဲ့ ဝွက္ဖဲတစ္ခ်ပ္
|ဆင္ပ်ံႀကီးကို အျမႇီးဆြဲခ်ႏိုင္ဖို႔ သရဲနီနည္းျပႀကီး တန္ဟက္ဂ္ ထုတ္သုံးလာႏိုင္တဲ့ ဖရက္ဒ္နဲ႔ ေတာ္မီေနးတို႔ မဟုတ္တဲ့ ဝွက္ဖဲတစ္ခ်ပ္
စူပါဆန္းေဒးမွာ ဆင္ပ်ံႀကီးကို အမဲလိုက္ၾကမယ့္ သရဲနီေတြရဲ႕ ကြင္းလယ္အတြက္ တန္ဟက္ဂ္ ထုတ္သုံးလာႏိုင္တဲ့ ဝွက္ဖဲတစ္ခ်ပ္
ခရစၥပဲေလ့စ္နဲ႔ပြဲမွာ အဝါထိသြားလို႔ ကတ္စမဲ႐ိုးမပါႏိုင္ေတာ့တာကို ပရိသတ္ေတြသိမွာပါ။ တန္ဟတ္ရဲ႕ ေနာက္ဆုံး (၁၅)ပြဲဆက္ ကြင္းလယ္အထိုင္ပ်က္သြားၿပီျဖစ္တာေၾကာင့္ ရလဒ္ေကာင္းတစ္ခုရဖို႔ ေမွ်ာ္လင့္ခ်က္က ေဝဝါးလာပါတယ္။
တစ္ခုရွိတာက ကစားသမားေတြကို ေနရာစုံ စမ္းသုံးထားတဲ့တန္ဟတ္ေၾကာင့္ မထင္မွတ္ထားတဲ့ ကြင္းလယ္အတြဲကို ျမင္လာရႏိုင္ပါတယ္။ အဲဒီအတြဲက လက္ရွိကတ္စမဲ႐ိုးေနရာကို ပုံမွန္အတိုင္း ဝင္ကစားလာႏိုင္တဲ့ ေနာက္ခံကစားသမားတစ္ဦးေၾကာင့္ဆိုလည္းမမွားပါဘူး။
မန္ယူေနာက္ခံလူ မာတီနက္ဇ္ဟာ ေအဂ်က္မွာတုန္းက မာတီနက္ဇ္ဟာ ဘယ္အစြန္ခံလူ၊ ဘယ္ျခမ္းကြင္းလယ္အတြင္းလူအျဖစ္ ကစားဖူးပါတယ္။ တန္ဟတ္ လုခ္ေရွာကို ဗဟိုေနာက္ခံလူအျဖစ္ ေျပာင္းလဲထားတာေၾကာင့္ မာတီနက္ဇ္ကို အသုံးခ်ခ်င္ရင္ ေနာက္တစ္ေနရာကို ထြက္ကစားခိုင္းလို႔ရပါတယ္။
တစ္ခုရွိတာက အဲရစ္ဆင္နဲ႔ ေနရာထပ္ေနတာေၾကာင့္ တန္ဟတ္ဟာ မာတီနက္ဇ္ကို ကြင္းလယ္ခံစစ္ အစစ္လို အသုံးျပဳလာႏိုင္ပါတယ္။ ေတာ္မီေနးကို စမ္းသုံးဖူးတဲ့ ပုံစံမ်ိဳး၊အဲရစ္ဆင္+ဖာနန္ဒက္ အတြဲေနာက္မွာ ကြင္းလယ္ခံစစ္ကစားသမားအစစ္လို ထားမွာျဖစ္ပါတယ္။
ဒီကစားကြက္ကိုသာ သုံးလာခဲ့ရင္ ေကာင္တာအစစ္ ကစားမွာျဖစ္လို႔ ကစားပုံက အားရစရာရွိမွာေတာ့မဟုတ္ပါဘူး။ ဒါေပမဲ့ ပထမအေက်ာ့က ႏိုင္ထားသလိုမ်ိဳး ကြင္းလယ္မွာတင္ ေဘာလုံးဖ်က္ႏိုင္ခဲ့ရင္ ရက္ရွ္ဖို႔ဒ္၊ အန္တိုနီတို႔ရဲ႕ ေကာင္တာေတြဟာ အလုပ္ထပ္ျဖစ္ဦးမွာပါ။
ကတ္စမဲ႐ိုးကို အဝါထိမွာသိသိနဲ႔ သုံးခဲ့တဲ့ တန္ဟတ္ဆီမွာ အႀကံတစ္ခုရွိခဲ့ရင္ မာတီနက္+အဲရစ္ဆင္+ဖာနန္ဒက္ ကြင္းလယ္အတြဲပဲျဖစ္ဖို႔မ်ားပါတယ္။ ေျပာခဲ့တဲ့အတိုင္း ပြဲထြက္လာခဲ့ရင္ေတာ့ လုခ္ေရွာဗဟိုေနာက္ခံလူ မာတီနက္ဇ္ကြင္းလယ္ခံစစ္ကစားကြက္က အာဆင္နယ္ကို အႏိုင္ရသြားႏိုင္မယ့္ ဝွက္ဖဲမ်ိဳးျဖစ္လာႏိုင္တာမလို႔ စိတ္လႈပ္ရွားဖို႔ေကာင္းေနၿပီလို႔ဆိုရမွာပဲျဖစ္ပါတယ္။
crd
Unicode
ဆင်ပျံကြီးကို အမြှီးဆွဲချနိုင်ဖို့ သရဲနီနည်းပြကြီး တန်ဟက်ဂ် ထုတ်သုံးလာနိုင်တဲ့ ဖရက်ဒ်နဲ့ တော်မီနေးတို့ မဟုတ်တဲ့ ဝှက်ဖဲတစ်ချပ်
စူပါဆန်းဒေးမှာ ဆင်ပျံကြီးကို အမဲလိုက်ကြမယ့် သရဲနီတွေရဲ့ ကွင်းလယ်အတွက် တန်ဟက်ဂ် ထုတ်သုံးလာနိုင်တဲ့ ဝှက်ဖဲတစ်ချပ်
ခရစ္စပဲလေ့စ်နဲ့ပွဲမှာ အဝါထိသွားလို့ ကတ်စမဲရိုးမပါနိုင်တော့တာကို ပရိသတ်တွေသိမှာပါ။ တန်ဟတ်ရဲ့ နောက်ဆုံး (၁၅)ပွဲဆက် ကွင်းလယ်အထိုင်ပျက်သွားပြီဖြစ်တာကြောင့် ရလဒ်ကောင်းတစ်ခုရဖို့ မျှော်လင့်ချက်က ဝေဝါးလာပါတယ်။
တစ်ခုရှိတာက ကစားသမားတွေကို နေရာစုံ စမ်းသုံးထားတဲ့တန်ဟတ်ကြောင့် မထင်မှတ်ထားတဲ့ ကွင်းလယ်အတွဲကို မြင်လာရနိုင်ပါတယ်။ အဲဒီအတွဲက လက်ရှိကတ်စမဲရိုးနေရာကို ပုံမှန်အတိုင်း ဝင်ကစားလာနိုင်တဲ့ နောက်ခံကစားသမားတစ်ဦးကြောင့်ဆိုလည်းမမှားပါဘူး။
မန်ယူနောက်ခံလူ မာတီနက်ဇ်ဟာ အေဂျက်မှာတုန်းက မာတီနက်ဇ်ဟာ ဘယ်အစွန်ခံလူ၊ ဘယ်ခြမ်းကွင်းလယ်အတွင်းလူအဖြစ် ကစားဖူးပါတယ်။ တန်ဟတ် လုခ်ရှောကို ဗဟိုနောက်ခံလူအဖြစ် ပြောင်းလဲထားတာကြောင့် မာတီနက်ဇ်ကို အသုံးချချင်ရင် နောက်တစ်နေရာကို ထွက်ကစားခိုင်းလို့ရပါတယ်။
တစ်ခုရှိတာက အဲရစ်ဆင်နဲ့ နေရာထပ်နေတာကြောင့် တန်ဟတ်ဟာ မာတီနက်ဇ်ကို ကွင်းလယ်ခံစစ် အစစ်လို အသုံးပြုလာနိုင်ပါတယ်။ တော်မီနေးကို စမ်းသုံးဖူးတဲ့ ပုံစံမျိုး၊အဲရစ်ဆင်+ဖာနန်ဒက် အတွဲနောက်မှာ ကွင်းလယ်ခံစစ်ကစားသမားအစစ်လို ထားမှာဖြစ်ပါတယ်။
ဒီကစားကွက်ကိုသာ သုံးလာခဲ့ရင် ကောင်တာအစစ် ကစားမှာဖြစ်လို့ ကစားပုံက အားရစရာရှိမှာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ပထမအကျော့က နိုင်ထားသလိုမျိုး ကွင်းလယ်မှာတင် ဘောလုံးဖျက်နိုင်ခဲ့ရင် ရက်ရှ်ဖို့ဒ်၊ အန်တိုနီတို့ရဲ့ ကောင်တာတွေဟာ အလုပ်ထပ်ဖြစ်ဦးမှာပါ။
ကတ်စမဲရိုးကို အဝါထိမှာသိသိနဲ့ သုံးခဲ့တဲ့ တန်ဟတ်ဆီမှာ အကြံတစ်ခုရှိခဲ့ရင် မာတီနက်+အဲရစ်ဆင်+ဖာနန်ဒက် ကွင်းလယ်အတွဲပဲဖြစ်ဖို့များပါတယ်။ ပြောခဲ့တဲ့အတိုင်း ပွဲထွက်လာခဲ့ရင်တော့ လုခ်ရှောဗဟိုနောက်ခံလူ မာတီနက်ဇ်ကွင်းလယ်ခံစစ်ကစားကွက်က အာဆင်နယ်ကို အနိုင်ရသွားနိုင်မယ့် ဝှက်ဖဲမျိုးဖြစ်လာနိုင်တာမလို့ စိတ်လှုပ်ရှားဖို့ကောင်းနေပြီလို့ဆိုရမှာပဲဖြစ်ပါတယ်။
crd