စြယ္စုံရအရည္အခ်င္းေတြ​ေၾကာင့္ ကတ္စ္မဲ႐ိုးရဲ႕ေနရာမွာေျပာင္းကစားဖို႔ ယူႏိုက္တက္ပရိသတ္ေတြအလိုရွိေနတဲ့ သရဲနီၾကယ္ပြင့္

မန္ယူႏိုက္တဒ္ ရဲ႕ ယခုေႏြမွာ ေပါင္(၅၃)သန္းအထိ အကုန္က်ခံကာ ေခၚယူခဲ့တဲ့ လီဆန္ဒ႐ိုမာတီနက္ဇ္ အေျပာင္းေ႐ႊ႕က ယခုရာသီရဲ႕ အေကာင္းဆုံး ေခၚယူမႈအျဖစ္ ေျပာင္းလဲလာခ်ိန္မွာေတာ့ ပရိတ္သတ္ေတြက အာဂ်င္တိုင္းသားကို ခံစစ္ကေန ကြင္းလယ္တက္ကစားေစဖို႔ အလိုရွိေနၾကပါတယ္။ မာတီနက္ဇ္ ရဲ႕ မူလကစားတဲ့ေနရာကလည္း ကြင္းလယ္အဖ်တ္ျဖစ္ၿပီး အိုင္းယက္စ္ အသင္းမွာ ကြင္းလယ္ခံစစ္မႈးအျဖစ္ ကနဦးေဆာ့ကစားခဲ့ေပမယ့္ လိုအပ္ခ်က္ေၾကာင့္ ေနာက္ပိုင္းမွာ ဗဟိုခံစစ္ဆင္း ကစားေပးရင္း တန္ဟဂ္ ရဲ႕ နည္းစနစ္ပိုင္းနဲ႔ ကိုက္ညီသလို ဗ်ဴဟာအရလည္း ပိုၿပီးအသုံးတည့္ေနတာေၾကာင့္ ခံစစ္မႈးအျဖစ္သာ ဆက္လက္ေဆာ့ကစားခဲ့တာ ျဖစ္ပါတယ္။

မာတီနက္ဇ္ က ဗဟိုခံစစ္၊ဘယ္ျခမ္းခံစစ္ နဲ႔ ကြင္းလယ္ခံစစ္ ေနရာေတြမွာ အေကာင္းဆုံးေဆာ့ကစားႏိုင္သူျဖစ္ၿပီး လက္ရွိ ပရီးမီးယားလိဂ္မွာျပသေနတဲ့ on the ball movement ေတြေၾကာင့္ ပရိတ္သတ္ေတြကေတာ့ မာတီနက္ဇ္ ကို ကတ္စမဲ႐ိုး ရဲ႕ ကြပ္လက္ ကို ျဖည့္ဆည္းရန္အလိုရွိေနပါတယ္။ မာတီနက္ဇ္ က ေဆာက္တပ္တန္ နဲ႔ ပြဲမွာ ၿပိဳင္ဘက္တိုက္စစ္ရဲ႕ ဖိအားေပးမႈကို အမ်ားဆုံးခံခဲ့ရသူျဖစ္ေပမယ့္ လိမ္ေခါက္ျဖတ္ေက်ာ္မႈ (၁၀၀%) ေအာင္ျမင္ခဲ့သလို တိက်စြာေပးပို႔ႏိုင္မႈက (၈၈%)အထိရွိခဲ့ပါတယ္။ မာတီနက္ဇ္ ရဲ႕ ေပးပို႔မႈေတြမွာ side pass ေတြ ထက္ through ball ေတြ နဲ႔ long pass ေတြ အေတာ္ေလးမ်ားျပားၿပီး half space ထဲကို တိက်စြာ ေပးပို႔ႏိုင္သူလည္း ျဖစ္ပါတယ္။

မာတီနက္ဇ္ က တည္ၿငိမ္မႈရွိသလို ေဘာလုံးကိုင္ထားခ်ိန္မွာ ယုံၾကည္မႈအျပည့္နဲ႔ ကစားတတ္သူျဖစ္လို႔ ၿပိဳင္ဘက္ရဲ႕ဖိအားေပးမႈကို အသာအယာေက်ာ္ျဖတ္ႏိုင္ၿပီး အသင္းေဖာ္ေတြရဲ႕ေနရာယူမႈကို အခ်ိန္ျပည့္ ေစာင့္ၾကည့္ထားလို႔ ေဘာလုံးေပးပို႔ရာမွာ အျခားေသာ သူေတြထက္ ပိုမိုလွ်င္ျမန္စြာ ေပးပို႔ႏိုင္ပါေသးတယ္။ ၿပီးခဲ့တဲ့ ဘက္တစ္ နဲ႔ ပြဲမွာ ဒေဟးယား ရဲ႕ ဧရိယာထိပ္ခ်ေပးမႈကို ဘက္တစ္ ကစားသမား ႏွစ္ေယာက္ ဝင္လုတဲ့ၾကားကပဲ လွပစြာလိမ္ေခါက္ၿပီး ေရွာထံ ခပ္ျမန္ျမန္ေပးပို႔ခဲ့တာက သူ႔ရဲ႕ ေဘာလုံးအရည္အခ်င္းနဲ႔ ကစားကြက္ပုံေဖာ္ႏိုင္မႈကို သိသာေစတဲ့ အေျခအေနပဲ ျဖစ္ပါတယ္။

မာတီနက္ဇ္ က အသက္(၂၅)ႏွစ္သာ ရွိေသးသလို သူ႔ရဲ႕ ေဘာလုံးအရည္အခ်င္း နဲ႔ တိုက္ပြဲဝင္စိတ္ဓာတ္က အျမင့္ဆုံးမွာ ရွိေနလို႔ ပြဲဆက္ကစားရသည့္တိုင္ ေျခစြမ္းမက်သြားပဲ အျမင့္ဆုံးအဆင့္ေျခစြမ္းကို ဆက္လက္ထိန္းသိမ္းထားႏိုင္ပါတယ္။ ယူႏိုက္တဒ္အတြက္ ကတ္စမဲ႐ိုး ကို (၄)ပြဲေလာက္ လက္လႊတ္ရမယ့္ အေရးဟာ ကြင္းလယ္ခံစစ္လူအင္အား နည္းတဲ့ တန္ဟဂ္ အတြက္ အားနည္းခ်က္ျဖစ္လာႏိုင္ေပမယ့္ မာတီနက္ဇ္ ကို သာ ခံစစ္ကေန ကြင္းလယ္ျပန္ပို႔ခဲ့ရင္ အေျခအေနက တမ်ိဳးေျပာင္းလဲသြားႏိုင္ပါတယ္။

ယူႏိုက္တဒ္ခံစစ္မွာ လင္ဒီေလာဖ့္၊လုခ္ေရွာ တို႔က မာတီနက္ဇ္ ေနရာကို ဝင္ျဖည့္ႏိုင္ၿပီး အာဂ်င္တိုင္းသာကြင္းလယ္တက္ကစားရင္ လွ်င္ျမန္မႈ၊မာေက်ာမႈ နဲ႔ တိက်စြာေပးပို႔ႏိုင္မႈတို႔က အားသာခ်က္ျဖစ္လာႏိုင္လို႔ ကတ္စမဲ႐ိုး ရဲ႕ ကြပ္လပ္ကို ယာယီျဖည့္တင္းႏိုင္႐ုံမက အနာဂတ္အတြက္ပါ ကြင္းလယ္ခံစစ္ကစားသမားေကာင္းတစ္ေယာက္ကို ပိုင္ဆိုင္သြားႏိုင္ေခ်ရွိပါတယ္။
crd

unicode

စွယ်စုံရအရည်အချင်းတွေ​ကြောင့် ကတ်စ်မဲရိုးရဲ့နေရာမှာပြောင်းကစားဖို့ ယူနိုက်တက်ပရိသတ်တွေအလိုရှိနေတဲ့ သရဲနီကြယ်ပွင့်

မန်ယူနိုက်တဒ် ရဲ့ ယခုနွေမှာ ပေါင်(၅၃)သန်းအထိ အကုန်ကျခံကာ ခေါ်ယူခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ် အပြောင်းရွှေ့က ယခုရာသီရဲ့ အကောင်းဆုံး ခေါ်ယူမှုအဖြစ် ပြောင်းလဲလာချိန်မှာတော့ ပရိတ်သတ်တွေက အာဂျင်တိုင်းသားကို ခံစစ်ကနေ ကွင်းလယ်တက်ကစားစေဖို့ အလိုရှိနေကြပါတယ်။ မာတီနက်ဇ် ရဲ့ မူလကစားတဲ့နေရာကလည်း ကွင်းလယ်အဖျတ်ဖြစ်ပြီး အိုင်းယက်စ် အသင်းမှာ ကွင်းလယ်ခံစစ်မှုးအဖြစ် ကနဦးဆော့ကစားခဲ့ပေမယ့် လိုအပ်ချက်ကြောင့် နောက်ပိုင်းမှာ ဗဟိုခံစစ်ဆင်း ကစားပေးရင်း တန်ဟဂ် ရဲ့ နည်းစနစ်ပိုင်းနဲ့ ကိုက်ညီသလို ဗျူဟာအရလည်း ပိုပြီးအသုံးတည့်နေတာကြောင့် ခံစစ်မှုးအဖြစ်သာ ဆက်လက်ဆော့ကစားခဲ့တာ ဖြစ်ပါတယ်။

မာတီနက်ဇ် က ဗဟိုခံစစ်၊ဘယ်ခြမ်းခံစစ် နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ အကောင်းဆုံးဆော့ကစားနိုင်သူဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်မှာပြသနေတဲ့ on the ball movement တွေကြောင့် ပရိတ်သတ်တွေကတော့ မာတီနက်ဇ် ကို ကတ်စမဲရိုး ရဲ့ ကွပ်လက် ကို ဖြည့်ဆည်းရန်အလိုရှိနေပါတယ်။ မာတီနက်ဇ် က ဆောက်တပ်တန် နဲ့ ပွဲမှာ ပြိုင်ဘက်တိုက်စစ်ရဲ့ ဖိအားပေးမှုကို အများဆုံးခံခဲ့ရသူဖြစ်ပေမယ့် လိမ်ခေါက်ဖြတ်ကျော်မှု (၁၀၀%) အောင်မြင်ခဲ့သလို တိကျစွာပေးပို့နိုင်မှုက (၈၈%)အထိရှိခဲ့ပါတယ်။ မာတီနက်ဇ် ရဲ့ ပေးပို့မှုတွေမှာ side pass တွေ ထက် through ball တွေ နဲ့ long pass တွေ အတော်လေးများပြားပြီး half space ထဲကို တိကျစွာ ပေးပို့နိုင်သူလည်း ဖြစ်ပါတယ်။

မာတီနက်ဇ် က တည်ငြိမ်မှုရှိသလို ဘောလုံးကိုင်ထားချိန်မှာ ယုံကြည်မှုအပြည့်နဲ့ ကစားတတ်သူဖြစ်လို့ ပြိုင်ဘက်ရဲ့ဖိအားပေးမှုကို အသာအယာကျော်ဖြတ်နိုင်ပြီး အသင်းဖော်တွေရဲ့နေရာယူမှုကို အချိန်ပြည့် စောင့်ကြည့်ထားလို့ ဘောလုံးပေးပို့ရာမှာ အခြားသော သူတွေထက် ပိုမိုလျှင်မြန်စွာ ပေးပို့နိုင်ပါသေးတယ်။ ပြီးခဲ့တဲ့ ဘက်တစ် နဲ့ ပွဲမှာ ဒဟေးယား ရဲ့ ဧရိယာထိပ်ချပေးမှုကို ဘက်တစ် ကစားသမား နှစ်ယောက် ဝင်လုတဲ့ကြားကပဲ လှပစွာလိမ်ခေါက်ပြီး ရှောထံ ခပ်မြန်မြန်ပေးပို့ခဲ့တာက သူ့ရဲ့ ဘောလုံးအရည်အချင်းနဲ့ ကစားကွက်ပုံဖော်နိုင်မှုကို သိသာစေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

မာတီနက်ဇ် က အသက်(၂၅)နှစ်သာ ရှိသေးသလို သူ့ရဲ့ ဘောလုံးအရည်အချင်း နဲ့ တိုက်ပွဲဝင်စိတ်ဓာတ်က အမြင့်ဆုံးမှာ ရှိနေလို့ ပွဲဆက်ကစားရသည့်တိုင် ခြေစွမ်းမကျသွားပဲ အမြင့်ဆုံးအဆင့်ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါတယ်။ ယူနိုက်တဒ်အတွက် ကတ်စမဲရိုး ကို (၄)ပွဲလောက် လက်လွှတ်ရမယ့် အရေးဟာ ကွင်းလယ်ခံစစ်လူအင်အား နည်းတဲ့ တန်ဟဂ် အတွက် အားနည်းချက်ဖြစ်လာနိုင်ပေမယ့် မာတီနက်ဇ် ကို သာ ခံစစ်ကနေ ကွင်းလယ်ပြန်ပို့ခဲ့ရင် အခြေအနေက တမျိုးပြောင်းလဲသွားနိုင်ပါတယ်။

ယူနိုက်တဒ်ခံစစ်မှာ လင်ဒီလောဖ့်၊လုခ်ရှော တို့က မာတီနက်ဇ် နေရာကို ဝင်ဖြည့်နိုင်ပြီး အာဂျင်တိုင်းသာကွင်းလယ်တက်ကစားရင် လျှင်မြန်မှု၊မာကျောမှု နဲ့ တိကျစွာပေးပို့နိုင်မှုတို့က အားသာချက်ဖြစ်လာနိုင်လို့ ကတ်စမဲရိုး ရဲ့ ကွပ်လပ်ကို ယာယီဖြည့်တင်းနိုင်ရုံမက အနာဂတ်အတွက်ပါ ကွင်းလယ်ခံစစ်ကစားသမားကောင်းတစ်ယောက်ကို ပိုင်ဆိုင်သွားနိုင်ချေရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *