စြမ္းေဆာင္ရည္နိမ့္တဲ့သရဲနီေတြကို ယူ ( ၂၁ ) ျပန္ပို႔ဖို႔ နည္းျပသစ္တစ္ဦး ထပ္မံေခၚယူလိုက္တဲ့ မန္ယူႏိုက္တက္
|စြမ္းေဆာင္ရည္နိမ့္တဲ့သရဲနီေတြကို ယူ ( ၂၁ ) ျပန္ပို႔ဖို႔ နည္းျပသစ္တစ္ဦး ထပ္မံေခၚယူလိုက္တဲ့ မန္ယူႏိုက္တက္
လီဗာပူးကို ဂိုးျပတ္ရႈံးတဲ့ပြဲအၿပီးမွာ မန္ယူအသင္းဟာ နည္းျပသစ္တစ္ေယာက္ကို တိတ္တိတ္ေလး ေခၚလိုက္ပါတယ္။ အဲလက္စ္ ကလင္းလို႔ အမည္ရၿပီး၊ ေဆာက္သမ္တန္မွာ နည္းျပခ်ဳပ္တစ္ေနရာနဲ႔ လုပ္ကိုင္ေနတဲ့သူပါ။ အဲလက္စ္ကလင္းက ဘယ္အရာနဲ႔ပတ္သက္လို႔ နည္းျပလုပ္တာလဲဆိုရင္ ေဒတာသိပၸံနည္းျပ ရာထူးကို တာဝန္ယူထားပါတယ္။ ကစားသမားေတြရဲ႕ အားသာခ်က္၊ အားနည္းခ်က္ေတြကို အခ်က္အလက္အတိအက်နဲ႔ ဆန္းစစ္ေပးတဲ့ နည္းျပရာထူးလို႔ အလြယ္ေခၚႏိုင္ပါတယ္။
ဒီနည္းျပရွိတဲ့ အသင္းေတြရဲ႕အားသာခ်က္က ဘ႐ိုက္တန္၊ ဘရန္းဖို႔ဒ္တိုလိုမ်ိဳး ကလပ္ေတြဟာ အရည္အေသြးျမင့္တဲ့ ကစားသမားေတြကို ဂိမ္းထဲကလို ရွာေဖြေခၚယူႏိုင္တာလာျဖစ္ပါတယ္။ တန္ဟတ္နဲ႔ မန္ယူကလည္း ဒီအခ်က္အတြက္ အဲလက္စ္ကလင္းကို ေခၚလိုက္ပါတယ္။ မန္ယူမွာေတာ့ ကလင္းက ကစားသမားရွာေဖြေခၚယူမႈအပိုင္းနဲ႔ လက္ရွိကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္တိုးတက္မႈကို အကဲျဖတ္ရမွာပါ။
ဥပမာ – လီဗာပူးနဲ႔ပြဲကလိုမ်ိဳး ကစားရင္ Rating အနိမ့္ေတြထြက္လာရင္ အဲဒီကစားသမားဟာ ယူ(၂၁)ဆင္းကစားရဖို႔ရွိပါတယ္။ သူ႔ထက္ စြမ္းေဆာင္ရည္သာတဲ့ လူငယ္ကစားသမားက အစားထိုးဝင္ေရာက္ႏိုင္မွာပါ။ ေဘာလုံးရာသီၿပီးဖို႔ကလည္း (၁၀)ပြဲေက်ာ္ပဲက်န္ေတာ့တဲ့အတြက္ လက္က်န္ပြဲေတြမွာ စြမ္းေဆာင္ရည္မေကာင္းတာပဲျဖစ္ျဖစ္၊ အသင္းအတြက္ ကစားသမားအသစ္လိုတာပဲျဖစ္ျဖစ္ ကလင္းက အခ်က္အလက္ေတြနဲ႔ ကူညီေပးမွာျဖစ္ပါတယ္။
တိုးတက္လာတဲ့ေခတ္ေနာက္ပိုင္းမွာ ေဘာလုံးမန္ေနဂ်ာလို ဂိမ္းေတြဟာ ဒီလိုေဒတာသိပၸံေတြကို အေျခခံထားတာျဖစ္လို႔ ဂိမ္းထဲမွာေကာင္းရင္ အျပင္မွာေကာင္းတယ္ဆိုတဲ့အထိ ကစားသမားေကာင္းေတြ ေပၚထြက္လာပါတယ္။ ေဆာက္သမ္တန္မွာလည္း ကလင္းက ကစားသမားေကာင္းေတြရွာေပးထားလို႔ မန္ယူအသင္းမွာ စြမ္းေဆာင္ရည္နိမ့္တဲ့သူေတြ ထပ္ရွိလာဖို႔ မျမင္ေတာ့ပါဘူး။ ရွိလာခဲ့ရင္လည္း တန္ဟတ္က သူ႔အျမင္နဲ႔တင္မဟုတ္ဘဲ ကလင္းဆီက အခ်က္အလက္ေတြၾကည့္ၿပီး၊ ယူ (၂၁) ပို႔မွာမလို႔ ႀကိဳးစားရင္ႀကိဳးစား မႀကိဳးစားရင္ အရန္ခုံေရာက္ဖို႔ရွိေနပါတယ္။
crd
unicode
စွမ်းဆောင်ရည်နိမ့်တဲ့သရဲနီတွေကို ယူ ( ၂၁ ) ပြန်ပို့ဖို့ နည်းပြသစ်တစ်ဦး ထပ်မံခေါ်ယူလိုက်တဲ့ မန်ယူနိုက်တက်
လီဗာပူးကို ဂိုးပြတ်ရှုံးတဲ့ပွဲအပြီးမှာ မန်ယူအသင်းဟာ နည်းပြသစ်တစ်ယောက်ကို တိတ်တိတ်လေး ခေါ်လိုက်ပါတယ်။ အဲလက်စ် ကလင်းလို့ အမည်ရပြီး၊ ဆောက်သမ်တန်မှာ နည်းပြချုပ်တစ်နေရာနဲ့ လုပ်ကိုင်နေတဲ့သူပါ။ အဲလက်စ်ကလင်းက ဘယ်အရာနဲ့ပတ်သက်လို့ နည်းပြလုပ်တာလဲဆိုရင် ဒေတာသိပ္ပံနည်းပြ ရာထူးကို တာဝန်ယူထားပါတယ်။ ကစားသမားတွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို အချက်အလက်အတိအကျနဲ့ ဆန်းစစ်ပေးတဲ့ နည်းပြရာထူးလို့ အလွယ်ခေါ်နိုင်ပါတယ်။
ဒီနည်းပြရှိတဲ့ အသင်းတွေရဲ့အားသာချက်က ဘရိုက်တန်၊ ဘရန်းဖို့ဒ်တိုလိုမျိုး ကလပ်တွေဟာ အရည်အသွေးမြင့်တဲ့ ကစားသမားတွေကို ဂိမ်းထဲကလို ရှာဖွေခေါ်ယူနိုင်တာလာဖြစ်ပါတယ်။ တန်ဟတ်နဲ့ မန်ယူကလည်း ဒီအချက်အတွက် အဲလက်စ်ကလင်းကို ခေါ်လိုက်ပါတယ်။ မန်ယူမှာတော့ ကလင်းက ကစားသမားရှာဖွေခေါ်ယူမှုအပိုင်းနဲ့ လက်ရှိကစားသမားတွေရဲ့ စွမ်းဆောင်ရည်တိုးတက်မှုကို အကဲဖြတ်ရမှာပါ။
ဥပမာ – လီဗာပူးနဲ့ပွဲကလိုမျိုး ကစားရင် Rating အနိမ့်တွေထွက်လာရင် အဲဒီကစားသမားဟာ ယူ(၂၁)ဆင်းကစားရဖို့ရှိပါတယ်။ သူ့ထက် စွမ်းဆောင်ရည်သာတဲ့ လူငယ်ကစားသမားက အစားထိုးဝင်ရောက်နိုင်မှာပါ။ ဘောလုံးရာသီပြီးဖို့ကလည်း (၁၀)ပွဲကျော်ပဲကျန်တော့တဲ့အတွက် လက်ကျန်ပွဲတွေမှာ စွမ်းဆောင်ရည်မကောင်းတာပဲဖြစ်ဖြစ်၊ အသင်းအတွက် ကစားသမားအသစ်လိုတာပဲဖြစ်ဖြစ် ကလင်းက အချက်အလက်တွေနဲ့ ကူညီပေးမှာဖြစ်ပါတယ်။
တိုးတက်လာတဲ့ခေတ်နောက်ပိုင်းမှာ ဘောလုံးမန်နေဂျာလို ဂိမ်းတွေဟာ ဒီလိုဒေတာသိပ္ပံတွေကို အခြေခံထားတာဖြစ်လို့ ဂိမ်းထဲမှာကောင်းရင် အပြင်မှာကောင်းတယ်ဆိုတဲ့အထိ ကစားသမားကောင်းတွေ ပေါ်ထွက်လာပါတယ်။ ဆောက်သမ်တန်မှာလည်း ကလင်းက ကစားသမားကောင်းတွေရှာပေးထားလို့ မန်ယူအသင်းမှာ စွမ်းဆောင်ရည်နိမ့်တဲ့သူတွေ ထပ်ရှိလာဖို့ မမြင်တော့ပါဘူး။ ရှိလာခဲ့ရင်လည်း တန်ဟတ်က သူ့အမြင်နဲ့တင်မဟုတ်ဘဲ ကလင်းဆီက အချက်အလက်တွေကြည့်ပြီး၊ ယူ (၂၁) ပို့မှာမလို့ ကြိုးစားရင်ကြိုးစား မကြိုးစားရင် အရန်ခုံရောက်ဖို့ရှိနေပါတယ်။
crd