စေနေန႔ မန္ခ်က္စတာဒါဘီမွာ စီးတီးကို အလဲထိုးႏိုင္ဖို႔ အေရးအႀကီးဆုံး အခ်က္ကို ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ တန္ဟက္ဂ္

စေနေန႔ မန္ခ်က္စတာဒါဘီမွာ စီးတီးကို အလဲထိုးႏိုင္ဖို႔ အေရးအႀကီးဆုံး အခ်က္ကို ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ တန္ဟက္ဂ္
ခါးသီးၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးကို အႏိုင္ယူႏိုင္ဖို႔ လိုအပ္တဲ့ အခ်က္၃ခ်က္ကို တစ္သင္းလုံးကို သတိေပးလိုက္တဲ့ ယူႏိုက္တက္နည္းျပ တန္ဟက္ဂ္

ကမာၻ႔ဖလား ၿပိဳင္ပြဲႀကီး ၿပီးဆုံးသြားတဲ့ေနာက္ ရလဒ္ေတြ ဆက္တိုက္ ေကာင္းမြန္ခဲ့ရတဲ့ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ဒီတစ္ပါတ္မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္္ ၿမိဳ႕ခံၿပိဳင္ဖက္ မန္စီးတီး အသင္းနဲ႔ ရင္ဆိုင္ ကစားရေတာ့မွာပဲ ျဖစ္ပါတယ္ ။

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ 2021 မတ္လ ကေန အခုခ်ိန္ထိ မန္စီးတီး အသင္းနဲ႔ ရင္ဆိုင္ခဲ့ရာမွာ ရလဒ္္ေကာင္း မရယူႏိုင္ခဲ့ပါဘူး ။ ေနာက္ဆုံး အႀကိမ္ ေတြ႕ဆုံံခဲ့စဥ္တုန္းကလည္း ယူႏိုက္တက္တို႔ စီးတီးကို 6 – 3 နဲ႔ ရႈံးနိမ့္ထားခဲ့ၾကပါတယ္ ။

ဒါေပမဲ့ လက္ရွိ အခ်ိန္မွာေတာ့ မန္ခ်က္စတာ ယူႏိုက္တက္္ အသင္းဟာ ရလဒ္ေတြ ဆက္တိုက္ေကာင္းမြန္ေနခဲ့ၿပီး မန္စီးတီး အသင္းကေတာ့ ကာရာေဘာင္ဖလား ၿပိဳင္ပြဲမွာ ေဆာက္သမ္တန္ ကို ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲမွ ထြက္ခြာခဲ့ရတာပဲ ျဖစ္ပါတယ္ ။

ဒါ့ေၾကာင့္ ဒီတစ္ႀကိမ္ မန္ခ်က္စတာ ဒါဘီဟာ ပထမ အေက်ာ့ တုန္းကလို ဂိုးျပတ္ဖို႔ထက္ ပိုၿပီး ၿမိဳင္ဆိုင္သြားဖြယ္ ရွိေနခဲ့ရပါတယ္ ။ ဒါ့အျပင္ မန္စီးတီးတို႔ အႏိုင္ရပါက ထိပ္္ဆုံးေနရာမွ အာဆင္နယ္ကို အနီးကပ္ ဖိအားေပးႏိုင္မွာ ျဖစ္ၿပီး ယူႏိုက္တက္တို႔ အႏိုင္ရပါက နယူးကာဆယ္ ကို ေက်ာ္တက္ႏိုင္မွာပဲ ျဖစ္ပါတယ္ ။

ဒါ့ေၾကာင့္ ဒီပြဲမွာ အႏိုင္ရဖို႔ ႏွစ္ဖက္အသင္းလုံး ႀကိဳးစားသြားဖြယ္ ရွိေနၾကပါတယ္ ။ ဒီပြဲစဥ္ မတိုင္မီမွာေတာ့ ယူႏိုက္တက္ နည္းျပ အဲရစ္ တန္ဟတ္ က မန္စီးတီး ကို အႏိုင္ ကစားႏိုင္ဖို႔ အတြက္ သူ႔ရဲ႕ ကစားသမားေတြမွာ ရွိေနသင့္တဲ့ အရာသုံးခုကို ထုတ္ေျပာသြားခဲ့လိုက္ပါတယ္ ။

” ကြၽန္ေတာ္တို႔ အသင္းတိုင္းကို ယွဥ္ႏိုင္စြမ္း ရွိတယ္လို႔ ထင္ပါတယ္ ။ ဒါေပမဲ့ အေကာင္းဆုံး ပုံစံမွာ ရွိေနတဲ့ မန္ခ်က္စတာ စီးတီူ အသင္းကေတာ့ အသင္းတိုင္း အတြက္ ခက္ခဲတဲ့ ၿပိဳင္ဖက္ပါပဲ ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ အေကာင္းဆုံး ကစားႏိုင္ရင္ အခြင့္အလမ္း ရွိသြားမွာပါ ”

” သူတို႔ကို (6-3 ရႈံးတုန္းက) အရင္လို ကစားရင္ေတာ့ အခြင့္အေရး ရွိလာမွာ မဟုတ္ပါဘူး ။ ဒါ့ေၾကာင့္ ကြၽန္ေတာ္တို႔ အေနနဲ႔ အသင္းေကာင္း တစ္သင္းျဖစ္ေနဖို႔ ၊ ပူးေပါင္း ကစားႏိုင္ဖို႔ ၊ ကြင္းထဲ မွန္ကန္တဲ့ attitude ရွိေနဖို႔ လိုအပ္ေနမွာ အေသအခ်ာပါပဲ ”

” ဟုတ္ပါတယ္ ၊ attitude ေကာင္းဖို႔ လိုပါတယ္ ။ အႏိုင္ ရလိုတဲ့ attitude မ်ိဳးေပါ့ဗ်ာ ။ စေနေန႔မွာ ကြၽန္ေတာ္တို႔ ဒီလို အရာေတြမွာ ေကာင္းမြန္ေနဖို႔ လိုအပ္ေနပါလိမ့္မယ္ ။ ကြၽန္ေတာ္တို႔အတြက္ အေရးႀကီးတာက အသင္းအဖြဲ႕တစ္ခု အျဖစ္ ရွိေနၾကဖို႔ပါပဲ ”

” ဒီမွာ အသင္းထက္ ႀကီးတာ ဘာမွ မရွိပါဘူး ။ လူတိုင္း အသင္းအတြက္ ကစားေပးရပါ့မယ္ ။ ကြၽန္ေတာ္ ေျပာခ်င္္တာ ကစားသမား XI ေယာက္ထဲကို မဟုတ္ပါဘူး ၊ ရွိေနသမွ် ကစားသမား အားလုံးကို ေျပာေနတာပါ ။ အသင္းက ဝန္ထမ္းေတြ အားလုံး ၊ နည္းျပေတြ အားလုံးေပါ့ ”

” အားလုံးမွာ အသင္းအတြက္ ပါဝင္ကူညီလိုတယ္ ၊ အသင္္းအတြက္ အလုပ္ႀကိဳးစားၿပီး အတူတကြ ရွိေနလိုတယ္္ဆိုတဲ့ ရည္မွန္းခ်က္ တစ္ခုပဲ ရွိေနဖို႔ လိုအပ္ပါတယ္ ။ ဒါကို လုပ္ႏိုင္ရင္ ကြၽန္ေတာ္တို႔ ေအာင္ျမင္မႈေတြ ရယူႏိုင္မွာပါ ” လို႔ တန္ဟတ္ က ေျပာခဲ့တာပဲ ျဖစ္ပါတယ္ ။
crd

Unicode
စနေနေ့ မန်ချက်စတာဒါဘီမှာ စီးတီးကို အလဲထိုးနိုင်ဖို့ အရေးအကြီးဆုံး အချက်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ တန်ဟက်ဂ်
ခါးသီးမြို့ခံပြိုင်ဘက် မန်စီးတီးကို အနိုင်ယူနိုင်ဖို့ လိုအပ်တဲ့ အချက်၃ချက်ကို တစ်သင်းလုံးကို သတိပေးလိုက်တဲ့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ပြီးဆုံးသွားတဲ့နောက် ရလဒ်တွေ ဆက်တိုက် ကောင်းမွန်ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဥ်အဖြစ်် မြို့ခံပြိုင်ဖက် မန်စီးတီး အသင်းနဲ့ ရင်ဆိုင် ကစားရတော့မှာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2021 မတ်လ ကနေ အခုချိန်ထိ မန်စီးတီး အသင်းနဲ့ ရင်ဆိုင်ခဲ့ရာမှာ ရလဒ််ကောင်း မရယူနိုင်ခဲ့ပါဘူး ။ နောက်ဆုံး အကြိမ် တွေ့ဆုံံခဲ့စဥ်တုန်းကလည်း ယူနိုက်တက်တို့ စီးတီးကို 6 – 3 နဲ့ ရှုံးနိမ့်ထားခဲ့ကြပါတယ် ။

ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်် အသင်းဟာ ရလဒ်တွေ ဆက်တိုက်ကောင်းမွန်နေခဲ့ပြီး မန်စီးတီး အသင်းကတော့ ကာရာဘောင်ဖလား ပြိုင်ပွဲမှာ ဆောက်သမ်တန် ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ဒီတစ်ကြိမ် မန်ချက်စတာ ဒါဘီဟာ ပထမ အကျော့ တုန်းကလို ဂိုးပြတ်ဖို့ထက် ပိုပြီး မြိုင်ဆိုင်သွားဖွယ် ရှိနေခဲ့ရပါတယ် ။ ဒါ့အပြင် မန်စီးတီးတို့ အနိုင်ရပါက ထိပ််ဆုံးနေရာမှ အာဆင်နယ်ကို အနီးကပ် ဖိအားပေးနိုင်မှာ ဖြစ်ပြီး ယူနိုက်တက်တို့ အနိုင်ရပါက နယူးကာဆယ် ကို ကျော်တက်နိုင်မှာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ဒီပွဲမှာ အနိုင်ရဖို့ နှစ်ဖက်အသင်းလုံး ကြိုးစားသွားဖွယ် ရှိနေကြပါတယ် ။ ဒီပွဲစဥ် မတိုင်မီမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က မန်စီးတီး ကို အနိုင် ကစားနိုင်ဖို့ အတွက် သူ့ရဲ့ ကစားသမားတွေမှာ ရှိနေသင့်တဲ့ အရာသုံးခုကို ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ အသင်းတိုင်းကို ယှဥ်နိုင်စွမ်း ရှိတယ်လို့ ထင်ပါတယ် ။ ဒါပေမဲ့ အကောင်းဆုံး ပုံစံမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီူ အသင်းကတော့ အသင်းတိုင်း အတွက် ခက်ခဲတဲ့ ပြိုင်ဖက်ပါပဲ ။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ရင် အခွင့်အလမ်း ရှိသွားမှာပါ ”

” သူတို့ကို (6-3 ရှုံးတုန်းက) အရင်လို ကစားရင်တော့ အခွင့်အရေး ရှိလာမှာ မဟုတ်ပါဘူး ။ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ အသင်းကောင်း တစ်သင်းဖြစ်နေဖို့ ၊ ပူးပေါင်း ကစားနိုင်ဖို့ ၊ ကွင်းထဲ မှန်ကန်တဲ့ attitude ရှိနေဖို့ လိုအပ်နေမှာ အသေအချာပါပဲ ”

” ဟုတ်ပါတယ် ၊ attitude ကောင်းဖို့ လိုပါတယ် ။ အနိုင် ရလိုတဲ့ attitude မျိုးပေါ့ဗျာ ။ စနေနေ့မှာ ကျွန်တော်တို့ ဒီလို အရာတွေမှာ ကောင်းမွန်နေဖို့ လိုအပ်နေပါလိမ့်မယ် ။ ကျွန်တော်တို့အတွက် အရေးကြီးတာက အသင်းအဖွဲ့တစ်ခု အဖြစ် ရှိနေကြဖို့ပါပဲ ”

” ဒီမှာ အသင်းထက် ကြီးတာ ဘာမှ မရှိပါဘူး ။ လူတိုင်း အသင်းအတွက် ကစားပေးရပါ့မယ် ။ ကျွန်တော် ပြောချင််တာ ကစားသမား XI ယောက်ထဲကို မဟုတ်ပါဘူး ၊ ရှိနေသမျှ ကစားသမား အားလုံးကို ပြောနေတာပါ ။ အသင်းက ဝန်ထမ်းတွေ အားလုံး ၊ နည်းပြတွေ အားလုံးပေါ့ ”

” အားလုံးမှာ အသင်းအတွက် ပါဝင်ကူညီလိုတယ် ၊ အသင််းအတွက် အလုပ်ကြိုးစားပြီး အတူတကွ ရှိနေလိုတယ််ဆိုတဲ့ ရည်မှန်းချက် တစ်ခုပဲ ရှိနေဖို့ လိုအပ်ပါတယ် ။ ဒါကို လုပ်နိုင်ရင် ကျွန်တော်တို့ အောင်မြင်မှုတွေ ရယူနိုင်မှာပါ ” လို့ တန်ဟတ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။
crd

Add a Comment

Your email address will not be published. Required fields are marked *