စေကးျပလို႔ေဝဖန္ခံေနရတဲ့သရဲနီေကာင္ဇိုးေလးအန္တိုနီဘက္မွအျပည့္ဝကာကြယ္ေပးလိုက္တဲ့ ေနာင္ေတာ္ႀကီး ေနမာ

ဘရာဇီး နာမည္ေက်ာ္ ေဘာလုံးစတား ေနမာဟာ မန္ခ်က္စတာ ယူႏိုက္တက္မွာ ကစားေနတဲ့ ဘရာဇီးလက္ေ႐ြးစင္ အသင္းေဖာ္ အန္တိုနီ ဘက္ကေန အျပည့္အ၀ ရပ္တည္ သြားခဲ့ ပါတယ္ ။ အန္တိုနီ ဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ညက ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ ပြဲစဥ္မွာ သူ႔ရဲ႕ Trademark ျဖစ္တဲ့ ေဘာလုံး Spin လွည့္ကြက္ ကို ျပဳလုပ္ခဲ့ ပါတယ္ ။ အမွန္ေတာ့ ဒါဟာ ေဘာလုံး အလွျပကြက္ သာ ျဖစ္ၿပီး ၿပိဳင္ဘက္ကို ထိုးေဖာက္ ထြက္ႏိုင္တဲ့ စေကးကြက္မ်ိဳး မဟုတ္ခဲ့ပါဘူး ။ ပြဲကို တင္ဆက္ သုံးသပ္သူေတြ ကေတာ့ ဒီလို ထိေရာက္ အက်ိဳးရွိမႈ မပါတဲ့ အလွျပမႈ မ်ိဳးဟာ ၿပိဳင္ဘက္ ကို မေလးစားရာ က်ၿပီး ရွက္ဖို႔ ေကာင္းတဲ့ အျပဳအမူ ျဖစ္တယ္လို႔ ဝိုင္းဝန္း ေဝဖန္ခဲ့ၾကပါတယ္ ။

မန္ခ်က္စတာ ယူႏိုက္တက္ ပရိသတ္ အသိုင္းအဝိုင္း မွာေတာ့ အန္တိုနီ ကို ေထာက္ခံသူ မ်ားျပားခဲ့ ပါတယ္ ။ နည္းျပႀကီး အဲရစ္ တန္ဟတ္ ကိုယ္တိုင္ကလည္း အန္တိုနီအေနနဲ႔ သူ႔အလုပ္ကို သူပိုေကာင္းေအာင္ လုပ္ႏိုင္သေ႐ြ႕ ၊ အသင္းကို အကူအညီျဖစ္ေစသေ႐ြ႕ ဒီလို လုပ္တာမ်ိဳးက ျပႆနာမျဖစ္ႏိုင္ပါဘူးလို႔ ေျပာဆိုၿပီး ဘရာဇီးသားေလးကို ပိုေကာင္းလာေအာင္ ကူညီေပးမယ္လို႔ ေျပာဆိုသြားခဲ့ ပါတယ္ ။ အန္တိုနီ ကလည္း မေန႔က သူ႔ရဲ႕ အင္စတာဂရမ္ မွာ “ငါတို႔က ငါတို႔ရဲ႕ ေဘာလုံး အရည္အေသြးေတြ နဲ႔ ေက်ာ္ၾကား လူသိမ်ား လာတဲ့ သူေတြ ၊ ငါ့ကို အခု အန္တိုနီ ဆိုၿပီး ျဖစ္လာ ေစတဲ့ အရာကို ဘယ္ေတာ့မွ ရပ္တန႔္ သြားမွာ မဟုတ္ဘူး” လို႔ ေရးသား တုန႔္ျပန္ ခဲ့ပါတယ္ ။ အခု ေနာက္ဆုံးမွာေတာ့ အန္တိုနီ ရဲ႕ လက္ေ႐ြးစင္ အသင္းက စီနီယာႀကီး ေနမာ ကလည္း ဘရာဇီး အသင္းေဖာ္ အတြက္ စိတ္ဓါတ္ ခြန္အား ျဖစ္ေစမယ့္ အားေပး စကားေတြကို ဆိုရွယ္ မီဒီယာ ကေန ေရးသား အားျဖည့္ ေပးသြားခဲ့ ပါတယ္ ။

“ဆက္လုပ္ ၊ ဘာမွ မေျပာင္းလဲနဲ႔ ၊ လုပ္ျပလိုက္စမ္းပါ ေကာင္းေလး ၊ ခံစားၿပီး ေပ်ာ္႐ႊင္လိုက္ပါ” လို႔ ဘရာဇီး လက္ေ႐ြးစင္ အသင္းေခါင္းေဆာင္ ေနမာ က အန္တိုနီ ရဲ႕ ဗီဒီယို နဲ႔ အတူ သူ႔ရဲ႕ ဆိုရွယ္ မီဒီယာ အေကာင့္မွာ ေရးသား ေဖာ္ျပ သြားခဲ့တာပဲ ျဖစ္ပါတယ္ ။ ဘရာဇီး ေဘာလုံးသမားေတြဟာ လွပတဲ့ ေဘာလုံးကစားပုံ ၊ ဆန္းျပားတဲ့ ကခုန္ ေအာင္ပြဲ ခံပုံေတြနဲ႔ ေဘာလုံးေလာကရဲ႕ ေဖ်ာ္ေျဖမႈ အေပးႏိုင္ဆုံး သူေတြ လို႔ သတ္မွတ္ ခံထားရပါတယ္ ။

Joga Bonito လို႔ ေခၚတဲ့ ဘရာဇီးသားေတြရဲ႕ ေဘာလုံး ကစားနည္းဟာ ဒီကေန႔ အထိ သူတို႔ ႏိုင္ငံ ၊ သူတို႔ လူမ်ိဳးေတြ ရဲ႕ ကိုယ္စားျပဳရာလည္း ျဖစ္ခဲ့ပါတယ္ ။ ဒါေပမယ့္ ေဘာလုံးကို ႐ိုး႐ိုး ရွင္းရွင္းနဲ႔ တိုက္႐ိုက္ဆန္ဆန္ ကစားတတ္တဲ့ ဥေရာပ မွာေတာ့ ဒီလို ဆန္းျပားတဲ့ လွည့္ကြက္ေတြ ၊ အလွျပမႈေတြ အေပၚ မႏွစ္သက္ သေဘာမေတြ႕သူေတြ ရွိခဲ့ပါတယ္ ။ ၿပီးခဲ့တဲ့ လေတြ တုန္းကလည္း စပိန္က ေအးဂ်င့္အဖြဲ႕အစည္း တခုရဲ႕ အႀကီးအကဲ ဟာ ရီးရဲမက္ဒရစ္ က ဘရာဇီး ေတာင္ပံ ကစားသမားေလး ဗီနီဆီယပ္ ဂ်ဴနီယာ ရဲ႕ ေအာင္ပြဲခံအကကို ေဝဖန္ခဲ့ဖူး ပါတယ္ ။ ဒါေပမယ့္ ဘရာဇီးသားေတြ ကေတာ့ သူတို႔ ႐ိုးရာ ၊ သူတို႔ ဓေလ့ ၊ သူတို႔ကို ဘရာဇီး လို႔ ျဖစ္လာေစတဲ့ အရာကို အခုထိ ညီညီၫြတ္ၫြတ္ နဲ႔ စုေပါင္း ကာကြယ္ ေနၾကဆဲပါပဲ ။
crd

unicode

စကေးပြလို့ဝေဖန်ခံနေရတဲ့သရဲနီကောင်ဇိုးလေးအန်တိုနီဘက်မှအပြည့်ဝကာကွယ်ပေးလိုက်တဲ့ နောင်တော်ကြီး နေမာ

ဘရာဇီး နာမည်ကျော် ဘောလုံးစတား နေမာဟာ မန်ချက်စတာ ယူနိုက်တက်မှာ ကစားနေတဲ့ ဘရာဇီးလက်ရွေးစင် အသင်းဖော် အန်တိုနီ ဘက်ကနေ အပြည့်အ၀ ရပ်တည် သွားခဲ့ ပါတယ် ။
အန်တိုနီ ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ သူ့ရဲ့ Trademark ဖြစ်တဲ့ ဘောလုံး Spin လှည့်ကွက် ကို ပြုလုပ်ခဲ့ ပါတယ် ။ အမှန်တော့ ဒါဟာ ဘောလုံး အလှပြကွက် သာ ဖြစ်ပြီး ပြိုင်ဘက်ကို ထိုးဖောက် ထွက်နိုင်တဲ့ စကေးကွက်မျိုး မဟုတ်ခဲ့ပါဘူး ။ ပွဲကို တင်ဆက် သုံးသပ်သူတွေ ကတော့ ဒီလို ထိရောက် အကျိုးရှိမှု မပါတဲ့ အလှပြမှု မျိုးဟာ ပြိုင်ဘက် ကို မလေးစားရာ ကျပြီး ရှက်ဖို့ ကောင်းတဲ့ အပြုအမူ ဖြစ်တယ်လို့ ဝိုင်းဝန်း ဝေဖန်ခဲ့ကြပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ပရိသတ် အသိုင်းအဝိုင်း မှာတော့ အန်တိုနီ ကို ထောက်ခံသူ များပြားခဲ့ ပါတယ် ။ နည်းပြကြီး အဲရစ် တန်ဟတ် ကိုယ်တိုင်ကလည်း အန်တိုနီအနေနဲ့ သူ့အလုပ်ကို သူပိုကောင်းအောင် လုပ်နိုင်သရွေ့ ၊ အသင်းကို အကူအညီဖြစ်စေသရွေ့ ဒီလို လုပ်တာမျိုးက ပြဿနာမဖြစ်နိုင်ပါဘူးလို့ ပြောဆိုပြီး ဘရာဇီးသားလေးကို ပိုကောင်းလာအောင် ကူညီပေးမယ်လို့ ပြောဆိုသွားခဲ့ ပါတယ် ။ အန်တိုနီ ကလည်း မနေ့က သူ့ရဲ့ အင်စတာဂရမ် မှာ “ငါတို့က ငါတို့ရဲ့ ဘောလုံး အရည်အသွေးတွေ နဲ့ ကျော်ကြား လူသိများ လာတဲ့ သူတွေ ၊ ငါ့ကို အခု အန်တိုနီ ဆိုပြီး ဖြစ်လာ စေတဲ့ အရာကို ဘယ်တော့မှ ရပ်တန့် သွားမှာ မဟုတ်ဘူး” လို့ ရေးသား တုန့်ပြန် ခဲ့ပါတယ် ။ အခု နောက်ဆုံးမှာတော့ အန်တိုနီ ရဲ့ လက်ရွေးစင် အသင်းက စီနီယာကြီး နေမာ ကလည်း ဘရာဇီး အသင်းဖော် အတွက် စိတ်ဓါတ် ခွန်အား ဖြစ်စေမယ့် အားပေး စကားတွေကို ဆိုရှယ် မီဒီယာ ကနေ ရေးသား အားဖြည့် ပေးသွားခဲ့ ပါတယ် ။

“ဆက်လုပ် ၊ ဘာမှ မပြောင်းလဲနဲ့ ၊ လုပ်ပြလိုက်စမ်းပါ ကောင်းလေး ၊ ခံစားပြီး ပျော်ရွှင်လိုက်ပါ” လို့ ဘရာဇီး လက်ရွေးစင် အသင်းခေါင်းဆောင် နေမာ က အန်တိုနီ ရဲ့ ဗီဒီယို နဲ့ အတူ သူ့ရဲ့ ဆိုရှယ် မီဒီယာ အကောင့်မှာ ရေးသား ဖော်ပြ သွားခဲ့တာပဲ ဖြစ်ပါတယ် ။ ဘရာဇီး ဘောလုံးသမားတွေဟာ လှပတဲ့ ဘောလုံးကစားပုံ ၊ ဆန်းပြားတဲ့ ကခုန် အောင်ပွဲ ခံပုံတွေနဲ့ ဘောလုံးလောကရဲ့ ဖျော်ဖြေမှု အပေးနိုင်ဆုံး သူတွေ လို့ သတ်မှတ် ခံထားရပါတယ် ။

Joga Bonito လို့ ခေါ်တဲ့ ဘရာဇီးသားတွေရဲ့ ဘောလုံး ကစားနည်းဟာ ဒီကနေ့ အထိ သူတို့ နိုင်ငံ ၊ သူတို့ လူမျိုးတွေ ရဲ့ ကိုယ်စားပြုရာလည်း ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် ဘောလုံးကို ရိုးရိုး ရှင်းရှင်းနဲ့ တိုက်ရိုက်ဆန်ဆန် ကစားတတ်တဲ့ ဥရောပ မှာတော့ ဒီလို ဆန်းပြားတဲ့ လှည့်ကွက်တွေ ၊ အလှပြမှုတွေ အပေါ် မနှစ်သက် သဘောမတွေ့သူတွေ ရှိခဲ့ပါတယ် ။ ပြီးခဲ့တဲ့ လတွေ တုန်းကလည်း စပိန်က အေးဂျင့်အဖွဲ့အစည်း တခုရဲ့ အကြီးအကဲ ဟာ ရီးရဲမက်ဒရစ် က ဘရာဇီး တောင်ပံ ကစားသမားလေး ဗီနီဆီယပ် ဂျူနီယာ ရဲ့ အောင်ပွဲခံအကကို ဝေဖန်ခဲ့ဖူး ပါတယ် ။ ဒါပေမယ့် ဘရာဇီးသားတွေ ကတော့ သူတို့ ရိုးရာ ၊ သူတို့ ဓလေ့ ၊ သူတို့ကို ဘရာဇီး လို့ ဖြစ်လာစေတဲ့ အရာကို အခုထိ ညီညီညွတ်ညွတ် နဲ့ စုပေါင်း ကာကွယ် နေကြဆဲပါပဲ ။

Add a Comment

Your email address will not be published. Required fields are marked *