စေကာ့တလန္အတြက္ ၂ ပြဲကစား ၄ ဂိုးသြင္းယူၿပီး တိုက္စစ္မွာအားထားရမယ့္ ကစားသမားမ်ိဳးျဖစ္ေၾကာင္း တန္ဟက္ဂ်္ကိုအသိေပးလိုက္တဲ့ သရဲနီကြင္းလယ္လူ ေတာ္မီေနး
|စေကာ့တလန္အတြက္ ၂ ပြဲကစား ၄ ဂိုးသြင္းယူၿပီး တိုက္စစ္မွာအားထားရမယ့္ ကစားသမားမ်ိဳးျဖစ္ေၾကာင္း တန္ဟက္ဂ်္ကိုအသိေပးလိုက္တဲ့ သရဲနီကြင္းလယ္လူ ေတာ္မီေနး
မန္ယူႏိုက္တဒ္အသင္းရဲ႕ တိုက္စစ္မႈး ဝက္စ္ဂိုစ့္ တစ္ယာက္မိခင္ႏိုင္ငံနယ္သာလန္အတြက္လည္း ဂိုးေပါက္ေပ်ာက္ေနလို႔ ပရိတ္သတ္ေတြက စိုးရိမ္ေနၾကခ်ိန္မွာပဲ ကြင္းလယ္လူေတြရဲ႕ သြင္းဂိုးေတြက စိတ္သက္သာရာရေစခဲ့ပါတယ္။ယခုတစ္ပတ္ကစားခဲ့တဲ့ ႏိုင္ငံတကာပြဲေတြမွာ ကတ္စမဲ႐ိုး၊ဆဘစ္ဇာ၊ဘ႐ူႏို နဲ႔ ေတာ္မီေနး တို႔က ဂိုးနဲ႔ဖန္တီးမႈေတြရခဲ့ၾကၿပီး တန္ဟဂ္ ရဲ႕ ကြင္းလယ္က ဂိုးလိုအပ္ခ်က္ရွိေနတဲ့အခ်က္ကိုေျဖေလွ်ာ့ႏိုင္ခဲ့ၾကပါတယ္။ ဒီအထဲမွာမွ (၂)ပြဲကစား (၄)ဂိုးသြင္းယူၿပီး တိုက္စစ္မႈးတစ္ေယာက္ တာဝန္ေတြ ထမ္းေဆာင္လာတဲ့ ေတာ္မီေနး ရဲ႕ ေျခစြမ္းကေတာ့ အထူးခ်ီးက်ဴးရမွာပဲျဖစ္ပါတယ္။
ေတာ္မီေနး က ဆိုက္ပရက္စ္ ကို (၃-ဝ) နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ (၂)ဂိုးသြင္းယူခဲ့ေပမယ့္ ႏိုင္ငံငယ္ေလးကို အႏိုင္ရခဲ့တာျဖစ္လို႔ အထူးတလည္ခ်ီးက်ဴးမႈမခံခဲ့ရေပမယ့္ စပိန္လို အင္အားႀကီးထိပ္သီးအသင္းကို (၂)ဂိုးသြင္းယူကာ အႏိုင္ယူခဲ့တဲ့ေနာက္ အထင္ေသးခဲ့ၾကတဲ့ ယူႏိုက္တဒ္ ပရိတ္သတ္ေတြပါ အံအားသင့္ခဲ့ရပါတယ္။ စပိန္အသင္းကို (၂-ဝ) နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲမွာ ေတာ္မေနး က ႏွစ္ဂိုးလုံးသြင္းယူခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ ဧရိယာထဲလႈပ္ရွားႏိုင္စြမ္းနဲ႔ အဆုံးသတ္စြမ္းရည္ကို ျပသခဲ့တာပဲျဖစ္ပါတယ္။ေတာ္မေနး ဟာ ခံစစ္မႈးေတြအမ်ားစုဝတ္ဆင္တဲ့ ေက်ာနံပတ္(၄)ကို ဝတ္ဆင္ခဲ့ၿပီး ကြင္းလယ္ခံစစ္လူအျဖစ္ ကစားခဲ့ေပမယ့္ တိုက္စစ္မႈးတာဝန္ကို ထမ္းေဆာင္ခဲ့တာေၾကာင့္ စြယ္စုံရကစားသမားလို႔ စေကာ့တလန္ပရိတ္သတ္ေတြက ခ်ီးမြန္းလ်က္ရွိပါတယ္။
သူဟာ စေကာ့တလန္အတြက္ အရင္ ၃၆ ပြဲတုန္းက ၁ ဂိုးသာသြင္းႏိုင္ခဲ့ေပမယ့္ အခုေတာ့ ႏိုင္ငံအသင္းအတြက္ ေနာက္ဆုံး ၂ ပြဲမွာ ၄ ဂိုးသြင္းႏိုင္ခဲ့တာပါ။ ဒါကလည္း အရင္က စေကာ့တလန္ရဲ႕ပြဲေတြမွာ သူဟာ ကြင္းလယ္ဗဟိုေနရာက အျပင္ ဗဟိုခံစစ္မႈးတစ္ေယာက္အေနနဲ႔ေတာင္ ကစားခဲ့ရလို႔ ျဖစ္ပါတယ္။ လက္ရွိစေကာ့တလန္မွာေတာ့ တြမ္မီေနးကို နည္းျပက ၿပိဳင္ဘက္ box ထဲအထိ ဝင္ခြင့္ျပဳထားၿပီး အဲဒါက သူ႔ရဲ႕ဂိုးသြင္းစြမ္းရည္ကို ဖြင့္ေပးလိုက္သလို ျဖစ္ခဲ့တာပါ။
ေတာ္မေနး က လူငယ္ကစားသမားဘဝကို တိုက္စစ္မႈးအျဖစ္ ကစားခဲ့သူျဖစ္ၿပီး အဆုံးသတ္ေကာင္းသူအျဖစ္ ထင္ရွားခဲ့ပါတယ္။သို႔ေသာ္လည္း ေမာ္ရင္ဟို လက္ထက္မွာ ကြင္းလယ္လိုအပ္ခ်က္ေၾကာင့္ ႀကံခိုင္မႈေကာင္းၿပီး အရပ္လည္းျမင့္တဲ့ စေကာ့ ကို ကြင္းလယ္အဖ်တ္ကစားခိုင္းခဲ့တာျဖစ္ၿပီး ထိုအခ်ိန္ကစလို႔ ကြင္းလယ္လူအျဖစ္သာ ေတာ္မေနး ကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ သူဟာ ငယ္႐ြယ္စဥ္တုန္းက တိုက္စစ္အသားေပးကြင္းလယ္လူတစ္ေယာက္ပါလို႔ လည္း ၂၆ ႏွစ္အ႐ြယ္ ကစားသမားက စပိန္နဲ႔ပြဲအၿပီးမွာ ဖြင့္ဟခဲ့တာပါ။
”ငယ္ငယ္တုန္းကေတာ့ ကြၽန္ေတာ္ဟာ တိုက္စစ္အသားေပးကြင္းလယ္လူ တစ္ေယာက္ျဖစ္ခဲ့တာပါ။ ဒါေပမဲ့ အဲဒီအတြက္ ကြၽန္ေတာ္က အရပ္အရမ္း ရွည္လြန္းတယ္ေလဗ်ာ။ box ထဲဝင္ရတာကို ႀကိဳက္သလို အသင္းေဖာ္ေတြကို ကူညီေပးခ်င္ပါတယ္။ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈေတြ ကြၽန္ေတာ္ပိုလုပ္ႏိုင္ပါတယ္” လို႔ ၅ ႏွစ္အ႐ြယ္ကတည္းက မန္ယူကိုေရာက္ေနတဲ့တြမ္မီေနးက ေျပာခဲ့ပါတယ္။ စေကာ့တလန္ အသင္းမွာ ေတာ္မေနး ဟာ ဗဟိုခံစစ္အထိ ဆင္းကစားခဲ့ရၿပီး ယူႏိုက္တဒ္မွာလည္းနည္းျပအဆက္ဆက္ ကြင္းလယ္လူအျဖစ္သာ ကစားေနရတာျဖစ္ကာ မူလတိုက္စစ္မႈးေနရာကို စြန႔္လႊတ္ထားရသူပဲျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာေတာ့ သူ႔ရဲ႕ ေကာင္းမြန္တဲ့အဆုံးသတ္စြမ္းေဆာင္ရည္ေတြေၾကာင့္ ေတာ္မေနး ဟာ တန္ဟဂ္ ရဲ႕ တိုက္စစ္လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မယ့္သူျဖစ္လာမလားဆိုတာေတာ့..
crd
unicode
စကော့တလန်အတွက် ၂ ပွဲကစား ၄ ဂိုးသွင်းယူပြီး တိုက်စစ်မှာအားထားရမယ့် ကစားသမားမျိုးဖြစ်ကြောင်း တန်ဟက်ဂျ်ကိုအသိပေးလိုက်တဲ့ သရဲနီကွင်းလယ်လူ တော်မီနေး
မန်ယူနိုက်တဒ်အသင်းရဲ့ တိုက်စစ်မှုး ဝက်စ်ဂိုစ့် တစ်ယာက်မိခင်နိုင်ငံနယ်သာလန်အတွက်လည်း ဂိုးပေါက်ပျောက်နေလို့ ပရိတ်သတ်တွေက စိုးရိမ်နေကြချိန်မှာပဲ ကွင်းလယ်လူတွေရဲ့ သွင်းဂိုးတွေက စိတ်သက်သာရာရစေခဲ့ပါတယ်။ယခုတစ်ပတ်ကစားခဲ့တဲ့ နိုင်ငံတကာပွဲတွေမှာ ကတ်စမဲရိုး၊ဆဘစ်ဇာ၊ဘရူနို နဲ့ တော်မီနေး တို့က ဂိုးနဲ့ဖန်တီးမှုတွေရခဲ့ကြပြီး တန်ဟဂ် ရဲ့ ကွင်းလယ်က ဂိုးလိုအပ်ချက်ရှိနေတဲ့အချက်ကိုဖြေလျှော့နိုင်ခဲ့ကြပါတယ်။ ဒီအထဲမှာမှ (၂)ပွဲကစား (၄)ဂိုးသွင်းယူပြီး တိုက်စစ်မှုးတစ်ယောက် တာဝန်တွေ ထမ်းဆောင်လာတဲ့ တော်မီနေး ရဲ့ ခြေစွမ်းကတော့ အထူးချီးကျူးရမှာပဲဖြစ်ပါတယ်။
တော်မီနေး က ဆိုက်ပရက်စ် ကို (၃-ဝ) နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ (၂)ဂိုးသွင်းယူခဲ့ပေမယ့် နိုင်ငံငယ်လေးကို အနိုင်ရခဲ့တာဖြစ်လို့ အထူးတလည်ချီးကျူးမှုမခံခဲ့ရပေမယ့် စပိန်လို အင်အားကြီးထိပ်သီးအသင်းကို (၂)ဂိုးသွင်းယူကာ အနိုင်ယူခဲ့တဲ့နောက် အထင်သေးခဲ့ကြတဲ့ ယူနိုက်တဒ် ပရိတ်သတ်တွေပါ အံအားသင့်ခဲ့ရပါတယ်။ စပိန်အသင်းကို (၂-ဝ) နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ တော်မနေး က နှစ်ဂိုးလုံးသွင်းယူခဲ့တာဖြစ်ပြီး သူ့ရဲ့ ဧရိယာထဲလှုပ်ရှားနိုင်စွမ်းနဲ့ အဆုံးသတ်စွမ်းရည်ကို ပြသခဲ့တာပဲဖြစ်ပါတယ်။တော်မနေး ဟာ ခံစစ်မှုးတွေအများစုဝတ်ဆင်တဲ့ ကျောနံပတ်(၄)ကို ဝတ်ဆင်ခဲ့ပြီး ကွင်းလယ်ခံစစ်လူအဖြစ် ကစားခဲ့ပေမယ့် တိုက်စစ်မှုးတာဝန်ကို ထမ်းဆောင်ခဲ့တာကြောင့် စွယ်စုံရကစားသမားလို့ စကော့တလန်ပရိတ်သတ်တွေက ချီးမွန်းလျက်ရှိပါတယ်။
သူဟာ စကော့တလန်အတွက် အရင် ၃၆ ပွဲတုန်းက ၁ ဂိုးသာသွင်းနိုင်ခဲ့ပေမယ့် အခုတော့ နိုင်ငံအသင်းအတွက် နောက်ဆုံး ၂ ပွဲမှာ ၄ ဂိုးသွင်းနိုင်ခဲ့တာပါ။ ဒါကလည်း အရင်က စကော့တလန်ရဲ့ပွဲတွေမှာ သူဟာ ကွင်းလယ်ဗဟိုနေရာက အပြင် ဗဟိုခံစစ်မှုးတစ်ယောက်အနေနဲ့တောင် ကစားခဲ့ရလို့ ဖြစ်ပါတယ်။ လက်ရှိစကော့တလန်မှာတော့ တွမ်မီနေးကို နည်းပြက ပြိုင်ဘက် box ထဲအထိ ဝင်ခွင့်ပြုထားပြီး အဲဒါက သူ့ရဲ့ဂိုးသွင်းစွမ်းရည်ကို ဖွင့်ပေးလိုက်သလို ဖြစ်ခဲ့တာပါ။
တော်မနေး က လူငယ်ကစားသမားဘဝကို တိုက်စစ်မှုးအဖြစ် ကစားခဲ့သူဖြစ်ပြီး အဆုံးသတ်ကောင်းသူအဖြစ် ထင်ရှားခဲ့ပါတယ်။သို့သော်လည်း မော်ရင်ဟို လက်ထက်မှာ ကွင်းလယ်လိုအပ်ချက်ကြောင့် ကြံခိုင်မှုကောင်းပြီး အရပ်လည်းမြင့်တဲ့ စကော့ ကို ကွင်းလယ်အဖျတ်ကစားခိုင်းခဲ့တာဖြစ်ပြီး ထိုအချိန်ကစလို့ ကွင်းလယ်လူအဖြစ်သာ တော်မနေး ကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ သူဟာ ငယ်ရွယ်စဉ်တုန်းက တိုက်စစ်အသားပေးကွင်းလယ်လူတစ်ယောက်ပါလို့ လည်း ၂၆ နှစ်အရွယ် ကစားသမားက စပိန်နဲ့ပွဲအပြီးမှာ ဖွင့်ဟခဲ့တာပါ။
”ငယ်ငယ်တုန်းကတော့ ကျွန်တော်ဟာ တိုက်စစ်အသားပေးကွင်းလယ်လူ တစ်ယောက်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီအတွက် ကျွန်တော်က အရပ်အရမ်း ရှည်လွန်းတယ်လေဗျာ။ box ထဲဝင်ရတာကို ကြိုက်သလို အသင်းဖော်တွေကို ကူညီပေးချင်ပါတယ်။ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ကျွန်တော်ပိုလုပ်နိုင်ပါတယ်” လို့ ၅ နှစ်အရွယ်ကတည်းက မန်ယူကိုရောက်နေတဲ့တွမ်မီနေးက ပြောခဲ့ပါတယ်။
စကော့တလန် အသင်းမှာ တော်မနေး ဟာ ဗဟိုခံစစ်အထိ ဆင်းကစားခဲ့ရပြီး ယူနိုက်တဒ်မှာလည်းနည်းပြအဆက်ဆက် ကွင်းလယ်လူအဖြစ်သာ ကစားနေရတာဖြစ်ကာ မူလတိုက်စစ်မှုးနေရာကို စွန့်လွှတ်ထားရသူပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ သူ့ရဲ့ ကောင်းမွန်တဲ့အဆုံးသတ်စွမ်းဆောင်ရည်တွေကြောင့် တော်မနေး ဟာ တန်ဟဂ် ရဲ့ တိုက်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့်သူဖြစ်လာမလားဆိုတာတော့..
crd