crd
unicode
စီးရီးအေမှာဂိုးသွင်းကြမ်းနေတဲ့အထောင်တိုက်စစ်မှူးကိုခေါ်ယူဖို့အဓိကပစ်မှတ်ထားလာတဲ့ မန်ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ နည်းပြသစ် အဲရစ်တန်ဟန့်ရဲ့ ပထမဆုံး တာဝန်ယူကိုင်တွယ်တဲ့ ရာသီမှာပဲ အားရစရာ ဖြစ်နေပါတယ်။ သို့ပေမယ့်လည်း လတ်တလော အနေအထားတွေအရ အသင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတာကိုတော့ မြင်တွေ့ရပါတယ်။အထူးသဖြင့် သိသိသာသာ အားနည်း‌နေတဲ့ အပိုင်းကတော့ ဂိုးသွင်းခွင့်တွေကို ကောင်းကောင်းအသုံးမချနိုင်သေးတဲ့ တိုက်စစ်ပိုင်းပါပဲ။
အသင်းရဲ့ လက်ရှိ တိုက်စစ်မှုးတွေအနေနဲ့ ဒဏ်ရာပြဿနာနဲ့ အနာဂတ် မရေရာမှုတွေကြောင့် နောက်ထပ် အားဖြည့်ဖို့ မဖြစ်မနေ လိုအပ်နေတာပါ။ ယူနိုက်တက်အသင်းဘက်က ခေါ်ယူဖို့ စီစဥ်နေတဲ့ တိုက်စစ်မှုးတွေထဲမှာတော့ နာပိုလီတိုက်စစ်မှုး ဗစ်တာအိုစီမန်လည်း အပါအဝင်ဖြစ်ပါတယ်။ နာမည်ကျော် အားကစားဂျာနယ်လစ်တစ်ဦးဖြစ်သူ ‌Fabrizio Roamno ကိုယ်တိုင် ယူနိုက်တက်အသင်းနဲ့ ဗစ်တာအိုစီမန်တို့ရဲ့ အပြောင်းအရွေ့ကို အတည်ပြုထားတာပါ။
ယူနိုက်တက်အသင်းအနေနဲ့ တိုက်စစ်မှုး အိုစီမန်ကို ခေါ်ယူဖို့ အကောင်းဆုံး ချဥ်းကပ်လျက် အပြောင်းအရွေ့ဖြစ်မြောက်ဖို့ မျှော်လင့်နေပါတယ်။ အိုစီမန်ကတော့ လက်ရှိ နာပိုလီအသင်းနဲ့အတူ အကောင်းဆုံး ခြေစွမ်းပြနေပြီး စီးရီးအေချန်ပီယံဖြစ်ဖို့ ရေပမ်းစားနေတာပါ။ လက်ရှိ စီးရီးအေပြိုင်ပွဲမှာလည်း (၁၀)ပွဲ ပါဝင်ကစားထားပြီးချိန်မှာ သွင်းဂိုး (၈)ဂိုးအထိ သွင်းယူထားသလို၊ ဂိုးဖန်တီးမှု (၃)ကြိမ်အထိ ပြုလုပ်ထားပါတယ်။
ယူနိုက်တဒ်ဟာ လာမယ့်စျေးကွက်မှာ အသင်းတိုက်စစ်ကို အဓိကအားဖြည့်ဖို့လုပ်ဆောင်နေပါတယ်။ တိုက်စစ်မှာသွင်းဂိုးတွေရယူပေးနိုင်မယ့်အပြင် အသင်းမှာရေရှည်ကစားနိုင်မယ့်ကစားသမားမျိုးကို ခေါ်ယူသွားမှာဖြစ်ပြီး နာပိုလီတိုက်စစ်မှူး Victor Osimhen ဟာ ယူနိုက်တဒ်ရဲ့ အဓိကပစ်မှတ်ကစားသမားစာရင်းထဲမှာ ပါဝင်နေတယ်လို့သိရပါတယ်။ အသက်(၂၃)နှစ်သာ ရှိသေးတဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှုးဟာ အထောင်တိုက်စစ်မှုးတစ်ဦးဖြစ်သလို၊ အဆုံးသတ် သေချာသူတစ်ယောက်ပါ။ သို့ဖြစ်၍ အထောင်တိုက်စစ်မှုး စစ်စစ်တစ်ယောက် လိုအပ်နေတဲ့ ယူနိုက်တက်အသင်းအနေနဲ့ နာပိုလီဂိုးသွင်းစက်ကို ခေါ်ယူသင့်လားဆိုတာ မှတ်ချက်ပေခဲ့ပါဦး။
Add a Comment
Your email address will not be published. Required fields are marked *