စီးတီးၿပီးရင္ ဂန္းနားေတြအလွည့္လို႔ ယေန႔ညပြဲၾကပ္ကန္ရမယ့္ အာတီတာကို ဖိအားေတြေပးလိုက္တဲ့ သရဲနီေဟာင္းႀကီး ရီယိုဖာဒီ
|စီးတီးၿပီးရင္ ဂန္းနားေတြအလွည့္လို႔ ယေန႔ညပြဲၾကပ္ကန္ရမယ့္ အာတီတာကို ဖိအားေတြေပးလိုက္တဲ့ သရဲနီေဟာင္းႀကီး ရီယိုဖာဒီနန္
အာဆင္နယ္ကို တစ္သင္းတည္းေသာ အႏိုင္ကစားထားတဲ့ ယူႏိုက္တက္ရဲ႕ၿခိမ္းေျခာက္ႏိုင္စြမ္းနဲ႔ ပတ္သက္ၿပီး အာတီတာကို အိပ္မက္ဆိုးေတြ ေပးလိုက္ျပန္တဲ့ ရီယိုဖာဒီနန္
ရီယို ဖာဒီနန္က လာမယ့္အပတ္ အမ္းမရိတ္စ္ကြင္းက ပရီးမီးယားလိဂ္ပြဲစဥ္မတိုင္ခင္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ၿခိမ္းေျခာက္ႏိုင္စြမ္းနဲ႔ပတ္သက္ၿပီး အာဆင္နယ္ကို သတိေပးေျပာၾကားခဲ့ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ စေနေန႔ညေနက မန္ခ်က္စတာဒါဘီမွာ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ မားကပ္စ္ ရက္ရွ္ဖို႔ဒ္တို႔ရဲ႕ ေနာက္က်သြင္းဂိုးေတြေၾကာင့္ မန္ခ်က္စတာစီးတီးကို ၂-၁ နဲ႔ ေနာက္ကေန လိုက္ကစားၿပီး အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ လက္ရွိမွာ နည္းျပ တန္ဟက္လက္ေအာက္ ၂၈ ပြဲမွာ ၂၁ ပြဲအထိ အႏိုင္ရရွိခဲ့ၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယား ဒုတိယေနရာက မန္စီးတီးနဲ႔ ၁ မွတ္အကြာ အမွတ္ေပးဇယားဦးေဆာင္သူ ဂန္းနားေတြနဲ႔ ၆ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။
အာဆင္နယ္အသင္းဟာ ယေန႔ညမွာ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္အျဖစ္ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး လာမယ့္အပတ္မွာ မန္ခ်က္စတာယူႏိုက္တက္ကို အိမ္ကြင္း အမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ ယခုရာသီမွာ အာဆင္နယ္ကို အႏိုင္ကစားထားတဲ့ တစ္သင္းတည္းေသာ အသင္းျဖစ္ၿပီး တန္ဟက္ရဲ႕ အသင္းဟာ စက္တင္ဘာလတုန္းက အိုးထရက္ဖို႔ဒ္မွာ ဂန္းနားေတြကို ၃-၁ နဲ႔ အႏိုင္ရရွိထားခဲ့တာ ျဖစ္ပါတယ္။
ဖာဒီနန္က မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေျမာက္လန္ဒန္မွာ အလားတူ ရလဒ္မ်ိဳး ရရွိေအာင္ စြမ္းေဆာင္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၿပီး တန္ဟက္ အသင္းရဲ႕ ကစားဟန္က အာဆင္နယ္အတြက္ ျပႆနာျဖစ္လိမ့္မယ္လို႔ သတိေပးခဲ့တာ ျဖစ္ပါတယ္။ “မန္ခ်က္စတာယူႏိုက္တက္ကစားတဲ့ပုံစံက ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္တို႔က အာဆင္နယ္အတြက္ ျပႆနာျဖစ္ေနတယ္။ ဒီေန႔ မန္စီးတီးအတြက္လည္း ျပႆနာျဖစ္ခဲ့ပါတယ္။ အာဆင္နယ္က ေဘာလုံးကို အမ်ားအားျဖင့္ ရရွိမွာျဖစ္ေပမယ့္ အကူအေျပာင္းေတြမွာ ယူႏိုက္တက္က အရမ္းကို အႏၲရာယ္ရွိပါတယ္။ အိုေလ လက္ထက္တုန္းေတာင္ အႏၲရာယ္ရွိခဲ့ပါတယ္”
“ဒါေပမယ့္ အခု ပိုၿပီးေတာ့ေတာင္ အႏၲရာယ္ရွိေနပါၿပီ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔က ပိုၿပီးေတာ့ တည္ေဆာက္ပုံ ခိုင္မာလာၿပီး ၿဖိဳခြဲဖို႔ ပိုၿပီး ခက္ခဲလာလို႔ပါ။ မန္စီးတီးက အခြင့္အေရးမ်ားမ်ားစားစား မရခဲ့ပါဘူး။ ၿပီးခဲ့တဲ့ ရာသီအနည္းငယ္အတြင္း မန္ခ်က္စတာယူႏိုက္တက္မွာ ထိခိုက္လြယ္တာေတြရွိခဲ့ပါတယ္။ စီးတီးနဲ႔ပြဲမွာ ၁-၀ နဲ႔ လိုက္ကစားခဲ့ရၿပီး ၿပီးခဲ့တဲ့ရာသီေတြမွာ ခင္ဗ်ား ရႈံးနိမ့္သြားၿပီလို႔ ခံစားခဲ့ရမွာပါ။ ဒါေပမယ့္ ဒီေန႔မွာ သူတို႔ေတြ စိတ္လႈပ္ရွားမႈမရွိခဲ့ဘူး။ သူတို႔ေတြ ႀကံ့ႀကံ့ခံၿပီး တကယ္ကို ေကာင္းေကာင္း ျပန္လာႏိုင္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
မန္ခ်က္စတာစီးတီးအသင္းဟာ စေနေန႔ညေနပြဲစဥ္မတိုင္ခင္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္ျဖတ္ ဦးေဆာင္ထားတဲ့ အာဆင္နယ္နဲ႔ ရမွတ္ကြာဟမႈကို ေလွ်ာ့ခ်ႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့တာျဖစ္ၿပီး ဒုတိယပိုင္း မိနစ္ ၆၀ မွာ ဂရီးလစ္ရွ္က ဂိုးသြင္းယူသြားခ်ိန္မွာ ရမွတ္ကြာဟမႈကို ၂ မွတ္အထိ ေလွ်ာ့ခ်ႏိုင္ၿပီလို႔ ထင္ျမင္ခဲ့ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္က ၇၈ မိနစ္ကေန ၈၂ မိနစ္အတြင္း ၂ ဂိုးဆက္တိုက္ ျပန္သြင္းသြားခဲ့တာျဖစ္ပါတယ္။
crd
Unicode
စီးတီးပြီးရင် ဂန်းနားတွေအလှည့်လို့ ယနေ့ညပွဲကြပ်ကန်ရမယ့် အာတီတာကို ဖိအားတွေပေးလိုက်တဲ့ သရဲနီဟောင်းကြီး ရီယိုဖာဒီနန်
အာဆင်နယ်ကို တစ်သင်းတည်းသော အနိုင်ကစားထားတဲ့ ယူနိုက်တက်ရဲ့ခြိမ်းခြောက်နိုင်စွမ်းနဲ့ ပတ်သက်ပြီး အာတီတာကို အိပ်မက်ဆိုးတွေ ပေးလိုက်ပြန်တဲ့ ရီယိုဖာဒီနန်
ရီယို ဖာဒီနန်က လာမယ့်အပတ် အမ်းမရိတ်စ်ကွင်းက ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် မန်ချက်စတာယူနိုက်တက်ရဲ့ခြိမ်းခြောက်နိုင်စွမ်းနဲ့ပတ်သက်ပြီး အာဆင်နယ်ကို သတိပေးပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ စနေနေ့ညနေက မန်ချက်စတာဒါဘီမှာ ဘရူနို ဖာနန်ဒက်စ်နဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်တို့ရဲ့ နောက်ကျသွင်းဂိုးတွေကြောင့် မန်ချက်စတာစီးတီးကို ၂-၁ နဲ့ နောက်ကနေ လိုက်ကစားပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာ နည်းပြ တန်ဟက်လက်အောက် ၂၈ ပွဲမှာ ၂၁ ပွဲအထိ အနိုင်ရရှိခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးနဲ့ ၁ မှတ်အကွာ အမှတ်ပေးဇယားဦးဆောင်သူ ဂန်းနားတွေနဲ့ ၆ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ယနေ့ညမှာ မြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လာမယ့်အပတ်မှာ မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်း အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီမှာ အာဆင်နယ်ကို အနိုင်ကစားထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး တန်ဟက်ရဲ့ အသင်းဟာ စက်တင်ဘာလတုန်းက အိုးထရက်ဖို့ဒ်မှာ ဂန်းနားတွေကို ၃-၁ နဲ့ အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။
ဖာဒီနန်က မန်ချက်စတာယူနိုက်တက်အသင်းဟာ မြောက်လန်ဒန်မှာ အလားတူ ရလဒ်မျိုး ရရှိအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပြီး တန်ဟက် အသင်းရဲ့ ကစားဟန်က အာဆင်နယ်အတွက် ပြဿနာဖြစ်လိမ့်မယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။ “မန်ချက်စတာယူနိုက်တက်ကစားတဲ့ပုံစံက ကျွန်တော် ထင်တယ်။ ကျွန်တော်တို့က အာဆင်နယ်အတွက် ပြဿနာဖြစ်နေတယ်။ ဒီနေ့ မန်စီးတီးအတွက်လည်း ပြဿနာဖြစ်ခဲ့ပါတယ်။ အာဆင်နယ်က ဘောလုံးကို အများအားဖြင့် ရရှိမှာဖြစ်ပေမယ့် အကူအပြောင်းတွေမှာ ယူနိုက်တက်က အရမ်းကို အန္တရာယ်ရှိပါတယ်။ အိုလေ လက်ထက်တုန်းတောင် အန္တရာယ်ရှိခဲ့ပါတယ်”
“ဒါပေမယ့် အခု ပိုပြီးတော့တောင် အန္တရာယ်ရှိနေပါပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ပိုပြီးတော့ တည်ဆောက်ပုံ ခိုင်မာလာပြီး ဖြိုခွဲဖို့ ပိုပြီး ခက်ခဲလာလို့ပါ။ မန်စီးတီးက အခွင့်အရေးများများစားစား မရခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရာသီအနည်းငယ်အတွင်း မန်ချက်စတာယူနိုက်တက်မှာ ထိခိုက်လွယ်တာတွေရှိခဲ့ပါတယ်။ စီးတီးနဲ့ပွဲမှာ ၁-၀ နဲ့ လိုက်ကစားခဲ့ရပြီး ပြီးခဲ့တဲ့ရာသီတွေမှာ ခင်ဗျား ရှုံးနိမ့်သွားပြီလို့ ခံစားခဲ့ရမှာပါ။ ဒါပေမယ့် ဒီနေ့မှာ သူတို့တွေ စိတ်လှုပ်ရှားမှုမရှိခဲ့ဘူး။ သူတို့တွေ ကြံ့ကြံ့ခံပြီး တကယ်ကို ကောင်းကောင်း ပြန်လာနိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ စနေနေ့ညနေပွဲစဉ်မတိုင်ခင် အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ဖြတ် ဦးဆောင်ထားတဲ့ အာဆင်နယ်နဲ့ ရမှတ်ကွာဟမှုကို လျှော့ချနိုင်ဖို့ မျှော်လင့်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်း မိနစ် ၆၀ မှာ ဂရီးလစ်ရှ်က ဂိုးသွင်းယူသွားချိန်မှာ ရမှတ်ကွာဟမှုကို ၂ မှတ်အထိ လျှော့ချနိုင်ပြီလို့ ထင်မြင်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်က ၇၈ မိနစ်ကနေ ၈၂ မိနစ်အတွင်း ၂ ဂိုးဆက်တိုက် ပြန်သွင်းသွားခဲ့တာဖြစ်ပါတယ်။
crd