စိတ္လႈပ္ရွားဖြယ္ပုံစံေကာင္းေတြေၾကာင့္ ၂၀၂၃ ဘလြန္ေဒါဆုၿပိဳင္ပြဲထဲမွာ အံ့အားသင့္ဖြယ္ပါဝင္လာတဲ့ သရဲနီဂိုးသြင္းစက္ ေဒါက္တာရက္ရွ္ဖို႔ဒ္

မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ အိုးထရက္ဖို႔ဒ္မွာ အံ့အားသင့္ဖြယ္ပုံစံေကာင္း ရရွိေနခဲ့ၿပီးေနာက္ ၂၀၂၃ ဘလြန္ေဒါဆုအတြက္ ၿပိဳင္ပြဲမွာ ေလာင္းကစားဒိုင္ေတြရဲ႕ ေၾကးဖြင့္ရာမွာ လ်င္လ်င္ျမန္ျမန္ ဆနည္းလာခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ ယခုရာသီ နည္းျပ တန္ဟက္လက္ေအာက္မွာ ကစားသမားဘဝ ျပန္လည္သက္ဝင္လာခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ အဂၤလန္တိုက္စစ္မႉးဟာ ကစားသမားဘဝ အေကာင္းဆုံးပုံစံကို ရရွိေနတာ ျဖစ္ပါတယ္။

ပုံမွန္ေျခစြမ္း ရရွိေနတဲ့ ရက္ရွ္ဖို႔ဒ္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးကတည္းက ကစားခဲ့တဲ့ ၁၈ ပြဲမွာ ၁၇ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာျဖစ္ၿပီး ဥေရာပထိပ္တန္းလိဂ္ ၅ ခုက ဘယ္ကစားသမားမ်ိဳးထက္မဆို ပိုမိုမ်ားျပားေနတာ ျဖစ္ပါတယ္။ ဘန္ဇီမာဟာ ကမာၻ႔ဖလား အၿပီးမွာ (၁၀)ဂိုး သြင္းယူေပးထားႏိုင္ခဲ့ၿပီး ဂိုးသြင္းၾကမ္းပါတယ္ဆိုတဲ့ ဟာလန္းေတာင္ (၉)ဂိုး သြင္းယူေပးထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ (၉)ဂိုးသြင္းထားတဲ့ နာပိုလီက ဗစ္တာအိုဆင္ဟမ္ထက္လည္း သာလြန္ေနခဲ့တာ ျဖစ္ပါတယ္။ ဆိုေတာ့ တန္ဟတ္ရဲ႕ ေျပာင္းလဲမႈ ေအာက္မွာ ရက္ဖို႔ဒ္တစ္ေယာက္ အခုဆိုရင္ ဥေရာပရဲ႕ ေၾကာက္စရာ အေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးအျဖစ္ သက္မွတ္ခံေနရၿပီပဲ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္က ၂၀၂၄ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ရက္ရွ္ဖို႔ဒ္ကို ပီအက္စ္ဂ်ီအသင္းက စိတ္ဝင္စားမႈ ရွိေနခ်ိန္မွာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားဖို႔ ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္ရဲ႕ စိတ္လႈပ္ရွားဖြယ္ပုံစံေကာင္းေၾကာင့္ လာမယ့္ ဘလြန္ေဒါဆုေပးပြဲအတြက္ ေၾကးဖြင့္ရာမွာ ေလာင္းကစားဒိုင္ေတြရဲ႕ ဆသတ္မွတ္တဲ့ေနရာမွာ ၎ရဲ႕ ရပ္တည္မႈကို ပိုမိုအားေကာင္းေစခဲ့တာျဖစ္ၿပီး Sky Bet က အဂၤလန္တိုက္စစ္မႉးဟာ လက္ရွိမွာ ဟာရီကိန္း၊ ေနမာတို႔နဲ႔အတူ ၃၃ေလး ၁ ေလး ေၾကးဖြင့္ခံထားရတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးက ဘလြန္ေဒါဆုကို ၈ ႀကိမ္ေျမာက္စံခ်ိန္တင္ဆြတ္ခူးဖို႔အတြက္ ေရပန္းအစားဆုံးအျဖစ္ ၂ ေလး ၇ ေလး ေၾကးဖြင့္ျခင္းခံထားရၿပီး ခီလီယန္ အမ္ဘာေပက ၇ ေလး ၂ ေလးနဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။
crd

unicode

စိတ်လှုပ်ရှားဖွယ်ပုံစံကောင်းတွေကြောင့် ၂၀၂၃ ဘလွန်ဒေါဆုပြိုင်ပွဲထဲမှာ အံ့အားသင့်ဖွယ်ပါဝင်လာတဲ့ သရဲနီဂိုးသွင်းစက် ဒေါက်တာရက်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ အိုးထရက်ဖို့ဒ်မှာ အံ့အားသင့်ဖွယ်ပုံစံကောင်း ရရှိနေခဲ့ပြီးနောက် ၂၀၂၃ ဘလွန်ဒေါဆုအတွက် ပြိုင်ပွဲမှာ လောင်းကစားဒိုင်တွေရဲ့ ကြေးဖွင့်ရာမှာ လျင်လျင်မြန်မြန် ဆနည်းလာခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီ နည်းပြ တန်ဟက်လက်အောက်မှာ ကစားသမားဘဝ ပြန်လည်သက်ဝင်လာခဲ့တာကို မြင်တွေ့ခဲ့ရပြီး အသက် ၂၅ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ ကစားသမားဘဝ အကောင်းဆုံးပုံစံကို ရရှိနေတာ ဖြစ်ပါတယ်။

ပုံမှန်ခြေစွမ်း ရရှိနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကတည်းက ကစားခဲ့တဲ့ ၁၈ ပွဲမှာ ၁၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုက ဘယ်ကစားသမားမျိုးထက်မဆို ပိုမိုများပြားနေတာ ဖြစ်ပါတယ်။ ဘန်ဇီမာဟာ ကမ္ဘာ့ဖလား အပြီးမှာ (၁၀)ဂိုး သွင်းယူပေးထားနိုင်ခဲ့ပြီး ဂိုးသွင်းကြမ်းပါတယ်ဆိုတဲ့ ဟာလန်းတောင် (၉)ဂိုး သွင်းယူပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် (၉)ဂိုးသွင်းထားတဲ့ နာပိုလီက ဗစ်တာအိုဆင်ဟမ်ထက်လည်း သာလွန်နေခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ တန်ဟတ်ရဲ့ ပြောင်းလဲမှု အောက်မှာ ရက်ဖို့ဒ်တစ်ယောက် အခုဆိုရင် ဥရောပရဲ့ ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သက်မှတ်ခံနေရပြီပဲ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က ၂၀၂၄ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ရက်ရှ်ဖို့ဒ်ကို ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားမှု ရှိနေချိန်မှာ စာချုပ်သစ် ချုပ်ဆိုသွားဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ စိတ်လှုပ်ရှားဖွယ်ပုံစံကောင်းကြောင့် လာမယ့် ဘလွန်ဒေါဆုပေးပွဲအတွက် ကြေးဖွင့်ရာမှာ လောင်းကစားဒိုင်တွေရဲ့ ဆသတ်မှတ်တဲ့နေရာမှာ ၎င်းရဲ့ ရပ်တည်မှုကို ပိုမိုအားကောင်းစေခဲ့တာဖြစ်ပြီး Sky Bet က အင်္ဂလန်တိုက်စစ်မှူးဟာ လက်ရှိမှာ ဟာရီကိန်း၊ နေမာတို့နဲ့အတူ ၃၃လေး ၁ လေး ကြေးဖွင့်ခံထားရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးက ဘလွန်ဒေါဆုကို ၈ ကြိမ်မြောက်စံချိန်တင်ဆွတ်ခူးဖို့အတွက် ရေပန်းအစားဆုံးအဖြစ် ၂ လေး ၇ လေး ကြေးဖွင့်ခြင်းခံထားရပြီး ခီလီယန် အမ်ဘာပေက ၇ လေး ၂ လေးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *