စိတ္ဓာတ္နဲ႔ခံယူခ်က္ေတြတိုးတက္ေျပာင္းလာတဲ့ ဂါနာခ်ိဳကို အမွတ္ျပည့္ေပးလိုက္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္
|စိတ္ဓာတ္နဲ႔ခံယူခ်က္ေတြတိုးတက္ေျပာင္းလာတဲ့ ဂါနာခ်ိဳကို အမွတ္ျပည့္ေပးလိုက္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ ဟာ အသင္းရဲ႕ လူငယ္ စတားေလး ဂါနာခ်ိဳ ကို ခ်ီးက်ဳးေျပာဆိုမႈ ျပဳလုပ္သြားခဲ့ ပါတယ္ ။ အာဂ်င္တီးနားသားေလး အလီဂ်န္ဒ႐ို ဂါနာခ်ိဳ ဟာ မေန႔ ညက ယူ႐ိုပါလိဂ္ ပြဲမွာ အသင္းအတြက္ ပထမဆုံး ပြဲခ်ိန္ျပည့္ ပါဝင္ကစားခြင့္ ရခဲ့ၿပီး တလုံးတည္းေသာ အႏိုင္ဂိုး ကိုလည္း သြင္းယူေပးခဲ့ ပါတယ္ ။ ဂါနာခ်ိဳ ဟာ မႏွစ္တုန္းက အသင္းရဲ႕ အေကာင္းဆုံး လူငယ္ ကစားသမားဆုကို ရရွိခဲ့သူ ျဖစ္ၿပီး ဒီရာသီမွာ စီနီယာ အသင္းႀကီးနဲ႔ အတူ အခြင့္အေရးေတြ ရရွိလာမယ္လို႔ ထင္ေၾကး ေပးခံရသူ ျဖစ္ပါတယ္ ။ ဒါေပမယ့္ နည္းျပသစ္ တန္ဟတ္ ဟာ ဂါနာခ်ိဳ ကို အသုံးမျပဳဘဲ ထားခဲ့ၿပီး ကစားသမား ဘက္က မေပ်ာ္႐ႊင္ဘူး ဆိုတဲ့ သတင္းေတြ ထြက္လာခဲ့ ပါတယ္ ။
ေနာက္ပိုင္းမွာ ဂါနာခ်ိဳ ဟာ သူ႔ရဲ႕ ခံစားခ်က္ကို ေရွ႕တန္းမတင္ဘဲ ေလ့က်င့္ခန္း အစီအစဥ္ေတြမွာ ႀကိဳးစား အားထုတ္လာခဲ့တယ္လို႔ အေပါင္း လကၡဏာေဆာင္တဲ့ သတင္းေတြ ေပၚထြက္လာခဲ့ ပါတယ္ ။ ၿပီးခဲ့တဲ့ ရွရစ္ နဲ႔ ယူ႐ိုပါလိဂ္ ပြဲမွာ ဂါနာခ်ိဳ အခြင့္အေရး ရခဲ့ၿပီး မေန႔ညက ပြဲမွာေတာ့ ဒီရာသီ အတြက္ ပထမဆုံး ပြဲခ်ိန္ျပည့္ ကစားခြင့္ကို ရရွိ ခဲ့ပါတယ္ ။ ဘ႐ူႏို ဖာနန္ဒက္စ္ က ရာသီမစခင္ ႀကိဳတင္ျပင္ဆင္မႈ လုပ္ေနခ်ိန္တုန္းက ဂါနာခ်ိဳ ရဲ႕ စိတ္ထား နဲ႔ ခံယူခ်က္ ေတြဟာ အဲရစ္တန္ဟတ္ က အာဂ်င္သားေလးကို ခ်န္လွပ္ထားခဲ့တဲ့ အဓိက အေၾကာင္းအရင္း ျဖစ္တယ္လို႔ ဖြင့္ဟေျပာဆို သြားခဲ့ၿပီး စတား ကစားသမားေလး ရဲ႕ စိတ္ပိုင္းဆိုင္ရာ တိုးတက္ ေကာင္းမြန္လာမႈေတြကို ထုတ္ေဖာ္ ခ်ီးက်ဳး သြားခဲ့ ပါတယ္ ။
“ဂါနာခ်ိဳ တိုးတက္လာပါၿပီ ။ ဒါေပမယ့္ သူ႔ဆီက အမ်ားႀကီး ေမွ်ာ္လင့္ထားတယ္ ဆိုတာ သူလည္း သိမွာပါ ။ အခု သူက လူငယ္ေလးပဲ ရွိပါေသးတယ္ ။ အရင္ထက္ ပိုေကာင္းလာ ေပမယ့္ အမ်ားႀကီး သင္ယူရဥိးမွာပါ” “ရာသီ အစတုန္းက သူ အေကာင္းဆုံး ပုံစံမွာ မရွိခဲ့ ပါဘူး ။ ရာသီႀကိဳ ခရီးစဥ္ေတြ မွာ သူ႔ရဲ႕ ခံယူခ်က္ နဲ႔ အျပဳအမူ အခ်ိဳ႕က သိပ္မေကာင္းခဲ့ ပါဘူး ။ သူ႔မွာ ရွိသင့္ ရွိထိုက္တဲ့ အေနအထားမွာ မရွိေနခဲ့တာပါ ။ ဒါေၾကာင့္ အခုခ်ိန္ထိ သူ ေစာင့္ခဲ့ ရတာပါပဲ” “အခုေတာ့ သူ စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္း ဆိုင္ရာပါ အဆင္သင့္ ျဖစ္ေနပါၿပီ ၊ ဒါေၾကာင့္ သူ အခြင့္အေရး ရတယ္ ၊ သူ႔ရဲ႕ ေလ့က်င့္ေရးကြင္းက အေနအထားေတြ ကလည္း တိုးတက္ လာပါၿပီ ။ ခံယူခ်က္ အပိုင္းေတြေရာပါ ။ အခု အခြင့္အေရးနဲ႔ သူ ထိုက္တန္လာပါၿပီ” လို႔ ဖာနန္ဒက္စ္ က ေျပာဆို သြားခဲ့ ပါတယ္ ။
ယူႏိုက္တက္ ရဲ႕ နာမည္ေက်ာ္ တိုက္စစ္မႉးႀကီး ခရစၥတီယာႏို ႐ိုနယ္ဒို ဟာ ဂါနာခ်ိဳ ကို အနီးကပ္ ၾကည့္ရႈ ေစာင့္ေရွာက္ ေပးေနၿပီး ေလ့က်င့္ေရးကြင္းမွာ ေရာ ကစားကြင္း ထဲမွာပါ လူငယ္ေလး ကို အားေပး ခ်ီးေျမႇာက္ ကူညီေပး ေနတာကို ျမင္ေတြ႕ ခဲ့ရပါတယ္ ။ ယူႏိုက္တက္ ဟာ ဆိုဆီဒက္ ကို ၁-၀ နဲ႔ အႏိုင္ ကစား ႏိုင္ခဲ့ ေပမယ့္ ယူ႐ိုပါလိဂ္ ကို အုပ္စု ဒုတိယ အျဖစ္နဲ႔သာ အဆုံးသတ္ ခဲ့ရၿပီး ၃၂ သင္းဆင့္ ရႈံးထြက္ ပြဲေတြကေန စတင္ ကစားရေတာ့မွာ ျဖစ္ပါတယ္ ။ ယူႏိုက္တက္ ဟာ လာမယ့္ တနဂၤေႏြ မွာေတာ့ နည္းျပသစ္ ခန႔္အပ္ ထားတဲ့ အက္စတြန္ ဗီလာ ကို အေဝးကြင္းမွာ သြားေရာက္ ရင္ဆိုင္ရမွာပဲ ျဖစ္ပါတယ္ ။
crd
unicode
စိတ်ဓာတ်နဲ့ခံယူချက်တွေတိုးတက်ပြောင်းလာတဲ့ ဂါနာချိုကို အမှတ်ပြည့်ပေးလိုက်တဲ့ ဘရူနိုဖာနန်ဒက်စ်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဟာ အသင်းရဲ့ လူငယ် စတားလေး ဂါနာချို ကို ချီးကျုးပြောဆိုမှု ပြုလုပ်သွားခဲ့ ပါတယ် ။ အာဂျင်တီးနားသားလေး အလီဂျန်ဒရို ဂါနာချို ဟာ မနေ့ ညက ယူရိုပါလိဂ် ပွဲမှာ အသင်းအတွက် ပထမဆုံး ပွဲချိန်ပြည့် ပါဝင်ကစားခွင့် ရခဲ့ပြီး တလုံးတည်းသော အနိုင်ဂိုး ကိုလည်း သွင်းယူပေးခဲ့ ပါတယ် ။ ဂါနာချို ဟာ မနှစ်တုန်းက အသင်းရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကို ရရှိခဲ့သူ ဖြစ်ပြီး ဒီရာသီမှာ စီနီယာ အသင်းကြီးနဲ့ အတူ အခွင့်အရေးတွေ ရရှိလာမယ်လို့ ထင်ကြေး ပေးခံရသူ ဖြစ်ပါတယ် ။ ဒါပေမယ့် နည်းပြသစ် တန်ဟတ် ဟာ ဂါနာချို ကို အသုံးမပြုဘဲ ထားခဲ့ပြီး ကစားသမား ဘက်က မပျော်ရွှင်ဘူး ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ ပါတယ် ။
နောက်ပိုင်းမှာ ဂါနာချို ဟာ သူ့ရဲ့ ခံစားချက်ကို ရှေ့တန်းမတင်ဘဲ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ကြိုးစား အားထုတ်လာခဲ့တယ်လို့ အပေါင်း လက္ခဏာဆောင်တဲ့ သတင်းတွေ ပေါ်ထွက်လာခဲ့ ပါတယ် ။ ပြီးခဲ့တဲ့ ရှရစ် နဲ့ ယူရိုပါလိဂ် ပွဲမှာ ဂါနာချို အခွင့်အရေး ရခဲ့ပြီး မနေ့ညက ပွဲမှာတော့ ဒီရာသီ အတွက် ပထမဆုံး ပွဲချိန်ပြည့် ကစားခွင့်ကို ရရှိ ခဲ့ပါတယ် ။ ဘရူနို ဖာနန်ဒက်စ် က ရာသီမစခင် ကြိုတင်ပြင်ဆင်မှု လုပ်နေချိန်တုန်းက ဂါနာချို ရဲ့ စိတ်ထား နဲ့ ခံယူချက် တွေဟာ အဲရစ်တန်ဟတ် က အာဂျင်သားလေးကို ချန်လှပ်ထားခဲ့တဲ့ အဓိက အကြောင်းအရင်း ဖြစ်တယ်လို့ ဖွင့်ဟပြောဆို သွားခဲ့ပြီး စတား ကစားသမားလေး ရဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက် ကောင်းမွန်လာမှုတွေကို ထုတ်ဖော် ချီးကျုး သွားခဲ့ ပါတယ် ။
“ဂါနာချို တိုးတက်လာပါပြီ ။ ဒါပေမယ့် သူ့ဆီက အများကြီး မျှော်လင့်ထားတယ် ဆိုတာ သူလည်း သိမှာပါ ။ အခု သူက လူငယ်လေးပဲ ရှိပါသေးတယ် ။ အရင်ထက် ပိုကောင်းလာ ပေမယ့် အများကြီး သင်ယူရဥိးမှာပါ” “ရာသီ အစတုန်းက သူ အကောင်းဆုံး ပုံစံမှာ မရှိခဲ့ ပါဘူး ။ ရာသီကြို ခရီးစဉ်တွေ မှာ သူ့ရဲ့ ခံယူချက် နဲ့ အပြုအမူ အချို့က သိပ်မကောင်းခဲ့ ပါဘူး ။ သူ့မှာ ရှိသင့် ရှိထိုက်တဲ့ အနေအထားမှာ မရှိနေခဲ့တာပါ ။ ဒါကြောင့် အခုချိန်ထိ သူ စောင့်ခဲ့ ရတာပါပဲ” “အခုတော့ သူ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်း ဆိုင်ရာပါ အဆင်သင့် ဖြစ်နေပါပြီ ၊ ဒါကြောင့် သူ အခွင့်အရေး ရတယ် ၊ သူ့ရဲ့ လေ့ကျင့်ရေးကွင်းက အနေအထားတွေ ကလည်း တိုးတက် လာပါပြီ ။ ခံယူချက် အပိုင်းတွေရောပါ ။ အခု အခွင့်အရေးနဲ့ သူ ထိုက်တန်လာပါပြီ” လို့ ဖာနန်ဒက်စ် က ပြောဆို သွားခဲ့ ပါတယ် ။
ယူနိုက်တက် ရဲ့ နာမည်ကျော် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ ဂါနာချို ကို အနီးကပ် ကြည့်ရှု စောင့်ရှောက် ပေးနေပြီး လေ့ကျင့်ရေးကွင်းမှာ ရော ကစားကွင်း ထဲမှာပါ လူငယ်လေး ကို အားပေး ချီးမြှောက် ကူညီပေး နေတာကို မြင်တွေ့ ခဲ့ရပါတယ် ။ ယူနိုက်တက် ဟာ ဆိုဆီဒက် ကို ၁-၀ နဲ့ အနိုင် ကစား နိုင်ခဲ့ ပေမယ့် ယူရိုပါလိဂ် ကို အုပ်စု ဒုတိယ အဖြစ်နဲ့သာ အဆုံးသတ် ခဲ့ရပြီး ၃၂ သင်းဆင့် ရှုံးထွက် ပွဲတွေကနေ စတင် ကစားရတော့မှာ ဖြစ်ပါတယ် ။ ယူနိုက်တက် ဟာ လာမယ့် တနင်္ဂနွေ မှာတော့ နည်းပြသစ် ခန့်အပ် ထားတဲ့ အက်စတွန် ဗီလာ ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ် ။