စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မည့္ ဒီဂီယာေနရာကို ေပၚတူဂီနံပါတ္တစ္ဂိုးသမား ေကာ္စတာနဲ႔အစားထိုးရန္ အဲရစ္တန္ဟဂ္ ႀကံစည္ေန

စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မည့္ ဒီဂီယာေနရာကို ေပၚတူဂီနံပါတ္တစ္ဂိုးသမား ေကာ္စတာနဲ႔အစားထိုးရန္ အဲရစ္တန္ဟဂ္ ႀကံစည္ေန
သက္ေတာ္ရွည္ ဂိုးသမားဒီဂီယာေနရာမွာ ေပၚတိုအသင္းရဲ႕ေပၚတူဂီလက္ေ႐ြးစင္ဂိုးသမား ေကာ္စတာနဲ႔ အစားထိုးဖို႔ ႀကံေနတဲ့ ယူႏိုက္တက္နည္းျပတန္ဟက္ဂ္

ယခုရာသီကုန္ဆုံးခ်ိန္တြင္ မန္ခ်က္စတာယူႏိုက္တက္အသင္းႏွင့္ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မည့္ စပိန္လက္ေ႐ြးစင္ဂိုးသမားေဟာင္း ေဒးဗစ္ဒီဂီယာရဲ႕ စာခ်ဳပ္သစ္ကိစၥႏွင့္ပတ္သတ္ၿပီး ယူႏိုက္တက္ဘက္မွ တစ္စုံတစ္ရာ ေဆြးေႏြးမႈမ်ား ျပဳလုပ္ထားျခင္း မရွိေသးေပ။

ဒီဂီယာဟာ လြန္ခဲ့သည့္ရက္ပိုင္းက အင္တာဗ်ဳးတြင္ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ ကစားခြင့္ရရွိခဲ့သည့္အေပၚ ဂုဏ္ယူဝမ္းေျမာက္မိေၾကာင္းႏွင့္ ကစားသမားဘဝကို မန္ခ်က္စတာယူႏိုက္တက္အသင္းမွာသာ ျမႇဳပ္ႏွံလိုေၾကာင္း ဖြင့္ဟသြားခဲ့သည္။

ဒီဂီယာေနရာအစားထိုးဖို႔အတြက္ ယူႏိုက္တက္ႏွင့္ အဲရစ္တန္ဟဂ္တို႔ စိတ္ဝင္စားေနသည့္ ဂိုးသမားသစ္ဟာ ေပၚတိုအသင္းရဲ႕ေပၚတူဂီလက္ေ႐ြးစင္ ဂိုးသမား ဒီ‌ေယဂို ေကာ္စတာဘဲ ျဖစ္ပါတယ္။ ေကာ္စတာသည္ ေပၚတိုအသင္းႏွင့္အတူ ခ်န္ပီယံလိဂ္တြင္ အံ့ဩေလာက္စရာ လက္စြမ္းမ်ိဳးျပသထားႏိုင္သူျဖစ္ၿပီး အသက္အ႐ြယ္ ငယ္႐ြယ္သည့္ ဂိုးသမားတစ္ဦး ျဖစ္ပါတယ္။

ေပၚတူဂီနာမည္ေက်ာ္ သတင္းစာ A Bola ရဲ႕ေဖာ္ျပခ်က္အရ ” မန္ခ်က္စတာယူႏိုက္တက္အသင္းသည္ ေကာ္စတာကို ‌ေဒးဗစ္ဒီဂီယာေနရာရဲ႕ ဆက္ခံသူအျဖစ္ သတ္မွတ္ထားၿပီး ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလတြင္ ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ေပၚတိုအသင္းဟာ ၎တို႔ဂိုးသမားကို ေရာင္းခ်ဖို႔အတြက္ အစီအစဥ္လုံးဝမရွိေသာ္လည္း ယူႏိုက္တက္အသင္းသာ ေငြေၾကးအလုံးအရင္းျဖင့္ ယင္းကစားသမားရဲ႕အေျပာင္းအေ႐ႊ႕ကို ဝင္ေရာက္လာခဲ့မည္ဆိုပါက ဆက္လက္ေတာင့္ခံႏိုင္ဖြယ္မရွိေၾကာင္း A Bola က ထပ္မံေဖာ္ျပထားခဲ့သည္။
crd

Unicode
စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ဒီဂီယာနေရာကို ပေါ်တူဂီနံပါတ်တစ်ဂိုးသမား ကော်စတာနဲ့အစားထိုးရန် အဲရစ်တန်ဟဂ် ကြံစည်နေ
သက်တော်ရှည် ဂိုးသမားဒီဂီယာနေရာမှာ ပေါ်တိုအသင်းရဲ့ပေါ်တူဂီလက်ရွေးစင်ဂိုးသမား ကော်စတာနဲ့ အစားထိုးဖို့ ကြံနေတဲ့ ယူနိုက်တက်နည်းပြတန်ဟက်ဂ်

ယခုရာသီကုန်ဆုံးချိန်တွင် မန်ချက်စတာယူနိုက်တက်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် စပိန်လက်ရွေးစင်ဂိုးသမားဟောင်း ဒေးဗစ်ဒီဂီယာရဲ့ စာချုပ်သစ်ကိစ္စနှင့်ပတ်သတ်ပြီး ယူနိုက်တက်ဘက်မှ တစ်စုံတစ်ရာ ဆွေးနွေးမှုများ ပြုလုပ်ထားခြင်း မရှိသေးပေ။

ဒီဂီယာဟာ လွန်ခဲ့သည့်ရက်ပိုင်းက အင်တာဗျုးတွင် မန်ချက်စတာယူနိုက်တက်အသင်းမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ကစားခွင့်ရရှိခဲ့သည့်အပေါ် ဂုဏ်ယူဝမ်းမြောက်မိကြောင်းနှင့် ကစားသမားဘဝကို မန်ချက်စတာယူနိုက်တက်အသင်းမှာသာ မြှုပ်နှံလိုကြောင်း ဖွင့်ဟသွားခဲ့သည်။

ဒီဂီယာနေရာအစားထိုးဖို့အတွက် ယူနိုက်တက်နှင့် အဲရစ်တန်ဟဂ်တို့ စိတ်ဝင်စားနေသည့် ဂိုးသမားသစ်ဟာ ပေါ်တိုအသင်းရဲ့ပေါ်တူဂီလက်ရွေးစင် ဂိုးသမား ဒီ‌ယေဂို ကော်စတာဘဲ ဖြစ်ပါတယ်။ ကော်စတာသည် ပေါ်တိုအသင်းနှင့်အတူ ချန်ပီယံလိဂ်တွင် အံ့ဩလောက်စရာ လက်စွမ်းမျိုးပြသထားနိုင်သူဖြစ်ပြီး အသက်အရွယ် ငယ်ရွယ်သည့် ဂိုးသမားတစ်ဦး ဖြစ်ပါတယ်။

ပေါ်တူဂီနာမည်ကျော် သတင်းစာ A Bola ရဲ့ဖော်ပြချက်အရ ” မန်ချက်စတာယူနိုက်တက်အသင်းသည် ကော်စတာကို ‌ဒေးဗစ်ဒီဂီယာနေရာရဲ့ ဆက်ခံသူအဖြစ် သတ်မှတ်ထားပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပေါ်တိုအသင်းဟာ ၎င်းတို့ဂိုးသမားကို ရောင်းချဖို့အတွက် အစီအစဉ်လုံးဝမရှိသော်လည်း ယူနိုက်တက်အသင်းသာ ငွေကြေးအလုံးအရင်းဖြင့် ယင်းကစားသမားရဲ့အပြောင်းအရွှေ့ကို ဝင်ရောက်လာခဲ့မည်ဆိုပါက ဆက်လက်တောင့်ခံနိုင်ဖွယ်မရှိကြောင်း A Bola က ထပ်မံဖော်ပြထားခဲ့သည်။
crd

Add a Comment

Your email address will not be published. Required fields are marked *