crd
unicode
စပါးနှင့်ပွဲမှာအလန်းစားစကေးတစ်ကွက်နဲ့ပါရီဆစ်ကိုခရိုအေးရှားပြန်ပို့လိုက်တဲ့ သရဲနီ အန်တိုနီ
မန်ယူနိုက်တက်တို့ဟာ စပါးအသင်းနဲ့ ပွဲစဉ်မှာ (၂-ဝ)ဆိုတဲ့ ရလဒ်နဲ့ ပြတ်သားတဲ့ အနိုင်ရလဒ်တစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂)ကို ရောက်ရှိလာချိန်မှာ မန်ယူနိုက်တက်တို့ဟာ ကြီး (၆)ကြီးထဲက အာဆင်နယ်၊ စပါး၊ လီဗာပူးလ်၊ မန်စီးတီးတို့နဲ့ တွေ့ဆုံထားခဲ့ပြီး ဖြစ်ကာ လီဗာပူးလ်၊ အာဆင်နယ်နဲ့ စပါးတို့ကို အနိုင်ရရှိထားခဲ့ပါတယ်။ တန်ဟတ်လက်အောက်မှာ တဖြည်းဖြည်း ပုံစံ ကျလာတဲ့မန်ယူနိုက်တက်တို့ဟာ ကစားသမားတွေရဲ့ တစ်ဦးချင်း ခြေစွမ်းပိုင်းတွေက အစ တိုးတက်လာနေခဲ့တာကို ပွဲစဉ်တွေမှာ မြင်တွေ့နေခဲ့ရပြီး ဖြစ်ပါတယ်။ အထူးသဖြင့် နွေဈေးကွက်ထဲမှာ ယူရိုသန်း (၁၀၀)နဲ့ ခေါ်ယူခဲ့တဲ့ ညာတောင်ပံ ကစားသမား အန်တိုနီဟာ မန်ယူနိုက်တ် ညာခြမ်းမှာ ပျောက်ဆုံးနေတဲ့ အရာတစ်ခုကို ပြန်လည်ပြီးတော့ သယ်ဆောင်လာနိုင်ခဲ့ပြီလို့ဆိုရမှာ ဖြစ်ပါတယ်။
သူ့အတွက် ပထမဆုံး ပွဲဦးထွက်ဖြစ်တဲ့ အာဆင်နယ်နဲ့ ပွဲစဉ်မှာကတည်းက ဂိုးတန်းသွင်းပြီး ပရီးမီးယားလိဂ်ကို အန်တိုနီရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း ကြေညာပြခဲ့တဲ့ အန်တိုနီဟာ ဒီနေ့ပွဲစဉ်မှာလည်း စပါး ကစားသမား ပါရီဆစ်ကို ခရိုအေးရှားကို ပြန်ရောက်သွားစေတဲ့ အကွက်တစ်ခုနဲ့ အရူးလုပ်သွားခဲ့ပါတယ်။ ဟိုဂျက်နဲ့ ပါရီဆစ်တို့ နှစ်ဦးလုံးကို အရူးလုပ်လှည့်စားသွားခဲ့တာ ဖြစ်ပြီး အန်ုတိုနီရဲ့ အဆိုပါ လှည့်ကွက်ကို ပရိသတ်တွေက တော်တော်လေး သဘောကျနေခဲ့ကြတာဖြစ်ပါတယ်။
ပထမပိုင်း ပွဲကစားချိန် (၃၆) မိနစ်အရောက်မှာ စပါးကွင်း ညာဘက်ခြမ်းမှာ အန်တိုနီဟာ ခြေယောင်ပြပြီး ခန္ဓာကိုယ် အယိမ်းအလှုပ်တွေနဲ့ ပါရီဆစ်နဲ့ ဟိုဂျက်တို့ နှစ်ဦးကို ကျော်ဖြတ်ပြသွားခဲ့တာ ဖြစ်ပါတယ်။ ပါရီဆစ်ဆိုရင် ဟန်ချက်ပျက်ပြီး လဲကျသွားခဲ့တာပါ။ ပရိသတ်တစ်ဦးကတော့ ” အန်တိုနီက ပါရီဆစ်ကို ခရိုးအေးရှားကို ပြန်ပို့လိုက်ပါပြီ ” လို့ ရေးသား သွားခဲ့ပါတယ်။ တော်တော်လေးကို ကောင်းမွန်တဲ့ ခြေစွမ်းတွေ ပြသွားနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ စီရော်နယ်ဒို ခေတ်လွန် မန်ယူနိုက်တက် ညာခြမ်းမှာ ပျောက်ဆုံးနေတဲ့ အယိမ်းအလှုပ်တွေ ပြိုင်ဘက် ဂိုးဧရိယာ အတွင်းထဲ ဆွဲပြေးပြီး ဂိုးကန်သွင်းချက်တွေကို ဒီနေ့ညမှာ ပြန်လည်ပြီးတော့ မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။
ဘရာဇီးသား ပီပီ စကေးပိုင်းမှာ အန်တိုနီဟာ ပြောစရာ မရှိခဲ့ပဲ တစတစနဲ့ မန်ယူနိုက်တက် အတွက် တောက်ပလာနေခဲ့ ကစားသမားတစ်ဦးအဖြစ် ရှိနေတာလည်း ဖြစ်ပါတယ်။ လက်ရှိ မန်ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် (၅) ပွဲကစားပေးထားခဲ့ပြီး (၃)ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ နောက်လာမယ့် ပွဲစဉ်တွေမှာ ဒီထက်ပိုကောင်းလာဖို့ ရှိနေတာ ဖြစ်ပြီး အန်တိုနီဟာ မန်ယူနိုက်တက်ညာခြမ်းမှာခေတ်တစ်ခုကို တည်ဆောက်မယ့် ကစားသမားတစ်ယောက် ဖြစ်လာဖို့မန်ယူနိုက်တက် ပရိသတ်တွေကလည်း မျှော်လင့်လျက် ရှိနေကြပါတယ်။ တန်ဟတ်နဲ့ အတူ အန်တိုနီတစ်ယောက် ဘယ်အတိုင်းအတာထိ ဖြစ်မြောက်လာမလဲဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပြီး ဒီရာသီမှာ စောင့်ကြည့်သားရမှာပဲ ဖြစ်ပါတယ်။