crd
unicode
စပါးနှင့်ပွဲကဆမ်ဘာကွင်းလယ်အတွဲကိုချီးကျူးလိုက်တဲ့ တန်ဟဂ်
မန်ချက်စတာယူနိုက်အသင်းဟာ အိုးထရက်ဖိုဒ့်မှာကစားခဲ့တဲ့ တော့တင်ဟန်ဟော့စပါးအသင်းကိုအနိုင်ရခဲ့သောပွဲစဉ်တွင် မန်နေဂျာတန်ဟက်ဂ်ဟာ ဘရာဇီးကွင်းလယ်အတွဲနှစ်ယောက်ကိုချီးကျူးစကားဆိုလိုက်ပါတယ်။ အဆိုပါဘရာဇီးကွင်းလယ်ကစားသမားအတွဲတွေဖြစ်ကြတဲ့ ကတ်စမဲရိုးနဲ့ဖရက်ဒ်အတွဲဟာ စပါးအသင်းကွင်းလယ်ကို အပြတ်အသတ်ထိန်းချုပ်ကစားကာ ခြေစွမ်းပြခဲ့ပါတယ်။ အထူးသဖြင့်မန်နေဂျာတန်ဟက်ဂ်ဟာ ကတ်စမဲရိုးကို အသင်းရဲ့အမှန်တကယ်လိုအပ်နေတဲ့ ကစားသမားမလို့ဈေးကြီးပေးခေါ်ခဲ့ကြောင်း အခိုင်အမာဆိုခဲ့ပြီးချီးကျူးခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့နောက်ပိုင်းပွဲစဉ်တွေမှာကွင်းလယ်ကစားသမားကတ်စမဲရိုးဟာ အထူးခြေစွမ်းပြနေတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး စပါးနဲ့ပွဲစဉ်ကတော့ လုံးဝအဆင်အတန်းမြင့်တဲ့ခြေစွမ်းတစ်ရပ်ကိုပြသခဲ့ပါတယ်။ စပါးအသင်းနဲ့ပွဲစဉ်မှာသူ့ရဲ့ဦးဆောင်မောင်းနှင်မှုကြောင့် ဝေဖန်ခံနေရတဲ့ ဖရက်ဒ်အပြင် ဘရူနိုဖာနန်ဒက်စ်ပါခြေစွမ်းပြခဲ့ပြီး အသင်းအတွက်တစ်ဂိုးစီသွင်းယူပေးနိုင်ခဲ့ကြပါတယ်။
ယူနိုက်တက်မန်နေဂျာတန်ဟက်ဂ်ကို အသင်းအပေါ်ကတ်စမဲရိုးရဲ့သက်ရောက်မှုနဲ့အရေးပါပုံအကြောင်း၊ကတ်စမဲရိုးနဲ့ဖရက်ဒ်ရဲ့ အချိတ်အဆက်နားလည်မှုကစားပုံအကြောင်းနဲ့ပက်သတ်ပြီးမီဒီယာတွေမေးမြန်မှုကို တန်ဟက်ဂ်က “ဟုတ်ပါတယ်။ ကတ်စမဲရိုးနဲ့ဖရက်ဒ်က သူတို့ကြားမှာကောင်းမွန်တဲ့ ချိတ်ဆက်နားလည်မှုတွေရှိပါတယ်။ ဒါကလုံးဝသိသာပါတယ်။ အခုဆိုကတ်စမဲရိုးက အသင်းမှာ လုံးဝအထိုင်ကျသွားပြီဖြစ်သလို အသင်းအပေါ်သူဘယ်လောက်အထိအကျိုးပြုနေသလဲဆိုတာ ခင်းဗျားတို့အမြင်ပါပဲ။ဒါကြောင့်သူ့ကို ကျွန်တော်ခေါ်ယူခဲ့တာပါ။” “တစ်ပွဲနဲ့တစ်ပွဲ ပိုပိုပြီးကောင်းလာခဲ့ပြီးအသင်းအတွက်ဘယ်လောက်အရေးပါနေလဲဆိုတာအားလုံးအသိပါပဲ။အသင်းအတွက်သူဘာလုပ်ပေးနိုင်လဲဆိုတာကိုသူပြခဲ့ပြီးပါပြီ။ အသင်းမှာသူ့လိုကစားသမားလိုအပ်ပါတယ်။”
ဖရက်ဒ်နဲ့ပက်သတ်ပြီးတော့လည်းတန်ဟက်ဂ်က “ဖရက်ဒ်နဲ့ပက်သတ်ပြီးတော့ စပါးနဲ့ပွဲမတိုင်ခင် သူ့ကိုကျွန်တော်ပြောခဲ့ပါတယ်။မန်ယူအသင်းအတွက်ကစားပေးဖို့၊ဒီလိုပွဲတွေကစားတဲ့အခါ တောင်းဆိုမှုမှုတွေကအရမ်းမြင့်မားတယ်။မင်းအနေနဲ့အဆင့်သင့်ပဲလားလို့ ကျွန်တော်မေးခဲ့ပါတယ်။ ဖရက်ဒ်ကလည်း သူလည်းအဆင်သင့်ပါပဲ ဆိုပြီးပြန်ဖြေခဲ့ကြောင်း ” ပြောကြားခဲ့ပါတယ်။ ကွင်းလယ်ကစားသမားဖရက်ဒ်ကတော့ နယူးကာဆယ်နဲ့ပွဲစဉ်မှာခြေစွမ်းညံ့ဖျင်းမှုကြောင့်ဝေဖန်ခံနေရပြီး မန်နေဂျာတန်ဟက်ဂ်ကတော့ သူ့အပေါ်ယုံကြည်ပြီး စပါးနဲ့ပွဲမှာရွေးချယ်ခဲ့တဲ့လုပ်ရပ်ဟာမှန်ကန်မှုရှိခဲ့ပြီး အဆိုပါဘရာဇီးသားဟာ သွင်းဂိုးတစ်ဂိုးသွင်းယူပြီးအထူးခြေစွမ်းပြကစားခဲ့ပါတယ်။