စပါးရဲ႕ ဆုဖလားစိန္ေခၚႏိုင္မႈအေပၚ အယုံအၾကည္မရွိေတာ့တာေၾကာင့္ ယူႏိုက္တက္ရဲ႕ကမ္းလမ္းလာမႈကို တံခါးဖြင့္ထားတဲ့ ဟယ္ရီကိန္း
|အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းကို ေခၚယူႏိုင္ရန္ စုံစမ္းမႈမ်ားစတင္ေနၿပီျဖစ္တဲ့ တန္ဟက္ဂ္နဲ႔ မန္ခ်က္
စပါးရဲ႕ ဆုဖလားစိန္ေခၚႏိုင္မႈအေပၚ အယုံအၾကည္မရွိေတာ့တာေၾကာင့္ ယူႏိုက္တက္ရဲ႕ကမ္းလမ္းလာမႈကို တံခါးဖြင့္ထားတဲ့ ဟယ္ရီကိန္း
မန္ယူသည္ လာမည့္ေႏြရာသီတြင္ အဓိက ကစားသမားေခၚယူမႈအျဖစ္ စပါးအသင္းတိုက္စစ္မႉးကိန္းကို ေခၚယူရန္ ပစ္မွတ္ထားေနသည္။ တန္းဟက္သည္ တိုက္စစ္မႉးတစ္ဦးကိုေခၚယူရန္ အေရးႀကီးသည္ဟု ယူဆေနၿပီး ကိန္းသည္ မန္ယူကလိုခ်င္ေနၿပီး နံပါတစ္ပစ္မွတ္အျဖစ္ထားရွိသည့္ ကစားသမားျဖစ္သည္။
လက္ရွိေဘာလုံးရာသီအကုန္တြင္ ကိန္းကို ေခၚယူေရးႏွင့္ပတ္သက္ၿပီး စုံစမ္းမႈမ်ားစတင္ေနၿပီျဖစ္ေၾကာင္းလည္း အဂၤလန္မီဒီယာမ်ားက ေဖာ္ျပသည္။ ကိန္းကလည္း မန္ယူသို႔ ေျပာင္းေ႐ႊ႕ရန္ တံခါးဖြင့္ထားေၾကာင္း သတင္းမ်ားထြက္ေပၚလာသည္။
အသက္ ၂၉ ႏွစ္အ႐ြယ္ရွိကိန္းသည္ ယခုႏွစ္ေဘာလုံးရာသီအကုန္တြင္ စပါးႏွင့္စာခ်ဳပ္သက္တမ္း ၁၂ လသာက်န္ေတာ့မည္ျဖစ္သည္။ စပါးက ကိန္းကို စာခ်ဳပ္သက္တမ္းတိုးရန္ ႀကိဳးစားေသာ္လည္းေအာင္ျမင္မႈမရ ျဖစ္ေနသည္။
ပရီးမီးယားလိဂ္တြင္သြင္းဂိုးအမ်ားဆုံးစံခ်ိန္တင္ထားသည့္ ရွီးယားရား
စပါးအေနျဖင့္ ကိန္းကို အသင္းတြင္ဆက္ထိန္းထားလိုပါက လက္ရွိေဘာလုံးရာသီအကုန္တြင္ အဆင့္ ၄ အတြင္းဝင္ရန္လိုအပ္ဖြယ္ရွိေၾကာင္း သတင္းမ်ားကသုံးသပ္ေဖာ္ျပသည္။ စပါးသည္ ကိန္း၏ တန္ေၾကးကို ေပါင္ ၈၅ သန္းသတ္မွတ္ထားၿပီး စပါးအသင္းအႀကီးအကဲလဗ္ဗီက အဂၤလန္အသင္းေခါင္းေဆာင္ကို ေနာက္ဆုံးတြင္ ေရာင္းထုတ္ရန္ ဆုံးျဖတ္လာႏိုင္ေၾကာင္း သတင္းမ်ားက ေရးသားေဖာ္ျပသည္။
စပါးသည္ ၎တို႔၏ တိုက္စစ္မႉးကို ပရီးမီးယားလိဂ္ၿပိဳင္ဘက္အသင္းမ်ားသို႔ ေရာင္းခ်ရန္ တြန႔္ဆုတ္ေနၿပီး ျပည္ပကလပ္အသင္းမ်ားျဖစ္ၾကေသာ ဘိုင္ယန္ျမဴးနစ္ႏွင့္ ရီးရဲမက္ဒရစ္တို႔ကလည္း ကိန္းကို ေခၚယူရန္စိတ္ဝင္စားေနသည္။ ဘိုင္ယန္သည္ ကိန္းကို ေလးေလးနက္နက္စိတ္ဝင္စားေနၿပီး လက္ရွိေဘာလုံးရာသီမစတင္မီတြင္ ၎ကိုေခၚယူရန္ ခ်ဥ္းကပ္ခဲ့ေသးသည္။
ကိန္းသည္ ပရီးမီးယားလိဂ္၏ သြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို ရယူလိုေနၿပီး အသင္းေျပာင္းပါက အျခားပရီးမီးယားလိဂ္ကလပ္အသင္းတစ္သင္းသို႔သာ ေျပာင္းေ႐ႊ႕လိုေနသည္။ ကိန္းသည္ ပရီးမီးယားလိဂ္သြင္းဂိုး ၁၉၈ ဂိုးသြင္းယူထားၿပီး ရွီးယားရား၏ ပရီးမီးယားလိဂ္သြင္းဂိုးအမ်ားဆုံး စံခ်ိန္ကိုမီရန္ ၆၂ ဂိုးသာလိုေတာ့သည္။
crd
Unicode
အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ခေါ်ယူနိုင်ရန် စုံစမ်းမှုများစတင်နေပြီဖြစ်တဲ့ တန်ဟက်ဂ်နဲ့ မန်ချက်
စပါးရဲ့ ဆုဖလားစိန်ခေါ်နိုင်မှုအပေါ် အယုံအကြည်မရှိတော့တာကြောင့် ယူနိုက်တက်ရဲ့ကမ်းလမ်းလာမှုကို တံခါးဖွင့်ထားတဲ့ ဟယ်ရီကိန်း
မန်ယူသည် လာမည့်နွေရာသီတွင် အဓိက ကစားသမားခေါ်ယူမှုအဖြစ် စပါးအသင်းတိုက်စစ်မှူးကိန်းကို ခေါ်ယူရန် ပစ်မှတ်ထားနေသည်။ တန်းဟက်သည် တိုက်စစ်မှူးတစ်ဦးကိုခေါ်ယူရန် အရေးကြီးသည်ဟု ယူဆနေပြီး ကိန်းသည် မန်ယူကလိုချင်နေပြီး နံပါတစ်ပစ်မှတ်အဖြစ်ထားရှိသည့် ကစားသမားဖြစ်သည်။
လက်ရှိဘောလုံးရာသီအကုန်တွင် ကိန်းကို ခေါ်ယူရေးနှင့်ပတ်သက်ပြီး စုံစမ်းမှုများစတင်နေပြီဖြစ်ကြောင်းလည်း အင်္ဂလန်မီဒီယာများက ဖော်ပြသည်။ ကိန်းကလည်း မန်ယူသို့ ပြောင်းရွှေ့ရန် တံခါးဖွင့်ထားကြောင်း သတင်းများထွက်ပေါ်လာသည်။
အသက် ၂၉ နှစ်အရွယ်ရှိကိန်းသည် ယခုနှစ်ဘောလုံးရာသီအကုန်တွင် စပါးနှင့်စာချုပ်သက်တမ်း ၁၂ လသာကျန်တော့မည်ဖြစ်သည်။ စပါးက ကိန်းကို စာချုပ်သက်တမ်းတိုးရန် ကြိုးစားသော်လည်းအောင်မြင်မှုမရ ဖြစ်နေသည်။
ပရီးမီးယားလိဂ်တွင်သွင်းဂိုးအများဆုံးစံချိန်တင်ထားသည့် ရှီးယားရား
စပါးအနေဖြင့် ကိန်းကို အသင်းတွင်ဆက်ထိန်းထားလိုပါက လက်ရှိဘောလုံးရာသီအကုန်တွင် အဆင့် ၄ အတွင်းဝင်ရန်လိုအပ်ဖွယ်ရှိကြောင်း သတင်းများကသုံးသပ်ဖော်ပြသည်။ စပါးသည် ကိန်း၏ တန်ကြေးကို ပေါင် ၈၅ သန်းသတ်မှတ်ထားပြီး စပါးအသင်းအကြီးအကဲလဗ်ဗီက အင်္ဂလန်အသင်းခေါင်းဆောင်ကို နောက်ဆုံးတွင် ရောင်းထုတ်ရန် ဆုံးဖြတ်လာနိုင်ကြောင်း သတင်းများက ရေးသားဖော်ပြသည်။
စပါးသည် ၎င်းတို့၏ တိုက်စစ်မှူးကို ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းများသို့ ရောင်းချရန် တွန့်ဆုတ်နေပြီး ပြည်ပကလပ်အသင်းများဖြစ်ကြသော ဘိုင်ယန်မြူးနစ်နှင့် ရီးရဲမက်ဒရစ်တို့ကလည်း ကိန်းကို ခေါ်ယူရန်စိတ်ဝင်စားနေသည်။ ဘိုင်ယန်သည် ကိန်းကို လေးလေးနက်နက်စိတ်ဝင်စားနေပြီး လက်ရှိဘောလုံးရာသီမစတင်မီတွင် ၎င်းကိုခေါ်ယူရန် ချဉ်းကပ်ခဲ့သေးသည်။
ကိန်းသည် ပရီးမီးယားလိဂ်၏ သွင်းဂိုးအများဆုံးစံချိန်ကို ရယူလိုနေပြီး အသင်းပြောင်းပါက အခြားပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းသို့သာ ပြောင်းရွှေ့လိုနေသည်။ ကိန်းသည် ပရီးမီးယားလိဂ်သွင်းဂိုး ၁၉၈ ဂိုးသွင်းယူထားပြီး ရှီးယားရား၏ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံး စံချိန်ကိုမီရန် ၆၂ ဂိုးသာလိုတော့သည်။