crd
unicode
စတမ်းဖို့ဒ်ဘရစ်စီးချင်းထိုးပွဲမှ ယူနိုက်တက်ရဲ့စွမ်းဆောင်ရည်အကောင်းဆုံးကစားသမား ၃ ဦး
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ ပွဲစဥ်မှာ ဒရမ်မာဆန်ဆန်ပဲ ( ၁-၁ ) သရေရလာဒ် ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါပွဲစဥ်မှာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမား ( ၃ ) ဦးကို သုံးသပ်တင်ပြပေးလိုက်ပါတယ်။
( ၁ ) ကက်စမဲရိုး ။ ။ ဘရာဇီးလ် လက်ရွေးစင်ဟာ ခံစစ်ပိုင်း စွမ်းဆောင်ရည်သာမက အထူးသဖြင့် ပထမပိုင်းအတွင်းမှာ ဘောလုံးပေးပို့မှုတွေပါ အတော်လေး ကောင်းမွန်ခဲ့ပါတယ်။ ရီးရဲမက်ဒရစ် ကွင်းလယ်လူဟောင်းဟာ နာကျင်အချိန်ပိုမှာ ခေါင်းတိုက်သွင်းဂိုးနဲ့အတူ ယူနိုက်တက်အတွက် ထိုက်တန်တဲ့ သရေတစ်မှတ် ရယူပေးခဲ့ပါတယ်။
( ၂ ) ခရစ်ရှန် အဲရစ်ဆင် ။ ။ အဲရစ် တင်ဟာ့ခ်က တော့တင်ဟမ်နဲ့ ပွဲစဥ် ပွဲထွက်လူစာရင်းကို တစ်နေရာ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဖရက်နေရာ အဲရစ်ဆင်ကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ သူ့ရဲ့ တည်ငြိမ်မှု ဘောလုံး ကိုင်ကစားနိုင်မှုတွေက အထူးသဖြင့် အစောပိုင်း ယူနိုက်တက် ထိန်းချုပ်ကစားနိုင်ခဲ့တဲ့ အချိန်တွေမှာ အဓိက ကျခဲ့ပါတယ်။
( ၃ ) လီဆန်ဒရို မာတီးနက် ။ ။ ချဲလ်ဆီးရဲ့ တိုက်စစ်ဆင်းမှုတွေအားလုံးကို ဖျက်ဆီးပစ်ခဲ့သူပါ။ ရာဖာ ဗာရန်းက စောစောစီးစီး ဒဏ်ရာရပြီး လူစားလဲခဲ့ရပေမယ့် မာတီးနက်က တည်တည်ငြိမ်ငြိမ်ပဲ ခံစစ်ကို ဦးဆောင် ကစားသွားခဲ့ပါတယ်။ ဒေတာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ WhoScored အရ မာတီးနက်က ရှင်းထုတ်မှု ( ၇ ) ကြိမ် ၊ ဖြတ်တောက်မှု ( ၅ ) ကြိမ် ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
crd
စတမ်းဖို့ဒ်ဘရစ်စီးချင်းထိုးပွဲမှ ယူနိုက်တက်ရဲ့စွမ်းဆောင်ရည်အကောင်းဆုံးကစားသမား ၃ ဦး
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ ပွဲစဥ်မှာ ဒရမ်မာဆန်ဆန်ပဲ ( ၁-၁ ) သရေရလာဒ် ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါပွဲစဥ်မှာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမား ( ၃ ) ဦးကို သုံးသပ်တင်ပြပေးလိုက်ပါတယ်။
( ၁ ) ကက်စမဲရိုး ။ ။ ဘရာဇီးလ် လက်ရွေးစင်ဟာ ခံစစ်ပိုင်း စွမ်းဆောင်ရည်သာမက အထူးသဖြင့် ပထမပိုင်းအတွင်းမှာ ဘောလုံးပေးပို့မှုတွေပါ အတော်လေး ကောင်းမွန်ခဲ့ပါတယ်။ ရီးရဲမက်ဒရစ် ကွင်းလယ်လူဟောင်းဟာ နာကျင်အချိန်ပိုမှာ ခေါင်းတိုက်သွင်းဂိုးနဲ့အတူ ယူနိုက်တက်အတွက် ထိုက်တန်တဲ့ သရေတစ်မှတ် ရယူပေးခဲ့ပါတယ်။
( ၂ ) ခရစ်ရှန် အဲရစ်ဆင် ။ ။ အဲရစ် တင်ဟာ့ခ်က တော့တင်ဟမ်နဲ့ ပွဲစဥ် ပွဲထွက်လူစာရင်းကို
တစ်နေရာ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဖရက်နေရာ အဲရစ်ဆင်ကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ သူ့ရဲ့ တည်ငြိမ်မှု ဘောလုံး ကိုင်ကစားနိုင်မှုတွေက အထူးသဖြင့် အစောပိုင်း ယူနိုက်တက် ထိန်းချုပ်ကစားနိုင်ခဲ့တဲ့ အချိန်တွေမှာ အဓိက ကျခဲ့ပါတယ်။
( ၃ ) လီဆန်ဒရို မာတီးနက် ။ ။ ချဲလ်ဆီးရဲ့ တိုက်စစ်ဆင်းမှုတွေအားလုံးကို ဖျက်ဆီးပစ်ခဲ့သူပါ။ ရာဖာ ဗာရန်းက စောစောစီးစီး ဒဏ်ရာရပြီး လူစားလဲခဲ့ရပေမယ့် မာတီးနက်က တည်တည်ငြိမ်ငြိမ်ပဲ ခံစစ်ကို ဦးဆောင် ကစားသွားခဲ့ပါတယ်။ ဒေတာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ WhoScored အရ မာတီးနက်က ရှင်းထုတ်မှု ( ၇ ) ကြိမ် ၊ ဖြတ်တောက်မှု ( ၅ ) ကြိမ် ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
crd
Add a Comment
Your email address will not be published. Required fields are marked *