စတမ္းဖို႔ဒ္ဘရစ္ခ်္မွာပရိသတ္ေတြႏွင့္အတူေအာင္ပြဲခံခဲ့တဲ့ သရဲနီခံစစ္မႉးမာတီနက္ဇ္ကိုခ်ီးက်ဴးလိုက္တဲ့ တန္ဟဂ္

စတမ္းဖို႔ဒ္ဘရစ္ခ်္မွာပရိသတ္ေတြႏွင့္အတူေအာင္ပြဲခံခဲ့တဲ့ သရဲနီခံစစ္မႉးမာတီနက္ဇ္ကိုခ်ီးက်ဴးလိုက္တဲ့ တန္ဟဂ္

စတန္းဖို႔ဒ္ဘရစ္ဂ္်မွာ ခ်ယ္လ္‌ဆီးအသင္းနဲ႔ တစ္ဖက္တစ္ဂိုးစီ သေရရလဒ္ထြက္ေပၚခဲ့တဲ့ ပြဲမွာ ယူႏိုက္တက္ပရိသတ္ေတြနဲ႔အတူ ေအာင္ပြဲခံခဲ့တဲ့ ခံစစ္ကစားသမားျဖစ္သူ လီဆန္ဒ႐ို မာတီးနက္ဇ္အေပၚ နည္းျပ အဲရစ္ တန္ဟန႔္က ေနာက္ဆုံးလုပ္ခဲ့တဲ့သတင္းစာရွင္းလင္းပြဲမွာ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။ မန္ယူအသင္းဟာ ပြဲၿပီးခါနီးမွာ ခြင့္ျပဳေပးခဲ့ရတဲ့ ပင္နယ္တီေၾကာင့္ ရႈံးနိမ့္ေတာ့မယ္လို႔ တြက္ထားခဲ့ၾကေပမယ့္၊ နာက်င္အခ်ိန္ပိုမွာ ေခ်ပဂိုးကို ကတ္စ္မဲ႐ိုးက ေခါင္းတိုက္သြင္းယူေပးခဲ့တာေၾကာင့္ ကစားသမားေတြေကာ၊ ပရိသတ္ေတြေကာ အေပ်ာ္ႀကီးေပ်ာ္ခဲ့ၾကပါတယ္။

 

ပုံမွန္အားျဖင့္ ပရိသတ္ေတြဟာ ကစားသမားေတြကို သူတို႔ဆီဆြဲယူၿပီးေအာင္ပြဲခံၾကတာျဖစ္ေပမယ့္၊ မန္ယူအသင္းကို ေရာက္တည္းက ပရိသတ္ေတြရဲ႕ ႏွလုံးသားကိုဖမ္းစားထားႏိုင္ခဲ့တဲ့ အာဂ်င္တီးနားသားခံစစ္မႉးကေတာ့ ပရိသတ္တစ္ဦးကို အက်ႌကေနဆြဲၿပီး အတူေအာင္ပြဲခံခဲ့ပါတယ္။ ပြဲအၿပီးမွာလည္း မာတီးနက္ဇ္က သူ႔ရဲ႕ ဆိုရွယ္မီဒီယာအေကာင့္မွာ ထိုဓါတ္ပုံနဲ႔အတူ ‘ မင္းကို ငါ မသိဘူး၊ ဒါေပမယ့္ ငါတို႔ေနာက္ဆုံးအခ်ိန္ထိ အတူတိုက္ပြဲဝင္ခဲ့ၾကတယ္ ’ ဆိုၿပီး ေရးသားခဲ့ပါတယ္။

ထိုအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီးေမးတဲ့အခါ တန္ဟန႔္က “ ကြၽန္ေတာ္တို႔က ယူႏိုက္တက္ျဖစ္ၾကပါတယ္။ ဒီေတာ့ ကစားသမားေတြအခ်င္းခ်င္းၾကားမွာ ေကာင္းမြန္တဲ့ဆက္ဆံေရးတစ္ခုရွိဖို႔လိုၿပီး အသင္းလိုက္အေနနဲ႔ အတူတိုက္ပြဲဝင္ႏိုင္ဖို႔ အေရးႀကီးပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ အတူတကြတိုက္ပြဲဝင္ခ်င္ၾကတယ္။ မာတီးနက္ဇ္က အဲ့ဒါကို သူ႔ရဲ႕ ကစားပုံမွာ အၿမဲတမ္းေဖာ္ျပေနတယ္၊ ကြၽန္ေတာ္ကေတာ့ အဲ့ဒါကို ” စိတ္ဓါတ္ႀကံ့ခိုင္တယ္လို႔ ေခၚပါတယ္။

 

Licha ကအၿမဲတမ္းအဲ့ဒီလိုေနတတ္တဲ့သူတစ္ေယာက္ပါ။ ႀကဳံေတြ႕လာရတဲ့ စိန္ေခၚမႈတိုင္း၊ ကြင္းအတြင္းက ၿပိဳင္ဆိုင္မႈတိုင္းကို သူ႔မွာရွိသမွ်အရာအားလုံးေပးဆပ္ၿပီး ရင္ဆိုင္တတ္သူတစ္ေယာက္ပါ။ ဒါေၾကာင့္လည္း ယူႏိုက္တဒ္ပရိသတ္ေတြက Licha ကိုခ်စ္ၾကတယ္။ အသင္းတစ္သင္းမွာ ဒီလိုမ်ိဳးစိတ္ဓာတ္ျပင္းထန္တဲ့ကစားသမားေတြ ရွိဖို႔လိုအပ္ပါတယ္။ ” လို႔ Boss ကေတာ့ သူ႔ရဲ႕တပည့္ကို အျပည့္အဝခ်ီးက်ဴးၿပီး အမွတ္ျပည့္ေပးသြားခဲ့ပါတယ္။
crd

unicode

စတမ်းဖို့ဒ်ဘရစ်ချ်မှာပရိသတ်တွေနှင့်အတူအောင်ပွဲခံခဲ့တဲ့ သရဲနီခံစစ်မှူးမာတီနက်ဇ်ကိုချီးကျူးလိုက်တဲ့ တန်ဟဂ်

စတန်းဖို့ဒ်ဘရစ်ဂ်ျမှာ ချယ်လ်‌ဆီးအသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ပွဲမှာ ယူနိုက်တက်ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့တဲ့ ခံစစ်ကစားသမားဖြစ်သူ လီဆန်ဒရို မာတီးနက်ဇ်အပေါ် နည်းပြ အဲရစ် တန်ဟန့်က နောက်ဆုံးလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ပွဲပြီးခါနီးမှာ ခွင့်ပြုပေးခဲ့ရတဲ့ ပင်နယ်တီကြောင့် ရှုံးနိမ့်တော့မယ်လို့ တွက်ထားခဲ့ကြပေမယ့်၊ နာကျင်အချိန်ပိုမှာ ချေပဂိုးကို ကတ်စ်မဲရိုးက ခေါင်းတိုက်သွင်းယူပေးခဲ့တာကြောင့် ကစားသမားတွေကော၊ ပရိသတ်တွေကော အပျော်ကြီးပျော်ခဲ့ကြပါတယ်။

ပုံမှန်အားဖြင့် ပရိသတ်တွေဟာ ကစားသမားတွေကို သူတို့ဆီဆွဲယူပြီးအောင်ပွဲခံကြတာဖြစ်ပေမယ့်၊ မန်ယူအသင်းကို ရောက်တည်းက ပရိသတ်တွေရဲ့ နှလုံးသားကိုဖမ်းစားထားနိုင်ခဲ့တဲ့ အာဂျင်တီးနားသားခံစစ်မှူးကတော့ ပရိသတ်တစ်ဦးကို အင်္ကျီကနေဆွဲပြီး အတူအောင်ပွဲခံခဲ့ပါတယ်။ ပွဲအပြီးမှာလည်း မာတီးနက်ဇ်က သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ထိုဓါတ်ပုံနဲ့အတူ ‘ မင်းကို ငါ မသိဘူး၊ ဒါပေမယ့် ငါတို့နောက်ဆုံးအချိန်ထိ အတူတိုက်ပွဲဝင်ခဲ့ကြတယ် ’ ဆိုပြီး ရေးသားခဲ့ပါတယ်။

ထိုအဖြစ်အပျက်နဲ့ ပတ်သက်ပြီးမေးတဲ့အခါ တန်ဟန့်က “ ကျွန်တော်တို့က ယူနိုက်တက်ဖြစ်ကြပါတယ်။ ဒီတော့ ကစားသမားတွေအချင်းချင်းကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိဖို့လိုပြီး အသင်းလိုက်အနေနဲ့ အတူတိုက်ပွဲဝင်နိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ အတူတကွတိုက်ပွဲဝင်ချင်ကြတယ်။ မာတီးနက်ဇ်က အဲ့ဒါကို သူ့ရဲ့ ကစားပုံမှာ အမြဲတမ်းဖော်ပြနေတယ်၊ ကျွန်တော်ကတော့ အဲ့ဒါကို ” စိတ်ဓါတ်ကြံ့ခိုင်တယ်လို့ ခေါ်ပါတယ်။

Licha ကအမြဲတမ်းအဲ့ဒီလိုနေတတ်တဲ့သူတစ်ယောက်ပါ။ ကြုံတွေ့လာရတဲ့ စိန်ခေါ်မှုတိုင်း၊ ကွင်းအတွင်းက ပြိုင်ဆိုင်မှုတိုင်းကို သူ့မှာရှိသမျှအရာအားလုံးပေးဆပ်ပြီး ရင်ဆိုင်တတ်သူတစ်ယောက်ပါ။ ဒါကြောင့်လည်း ယူနိုက်တဒ်ပရိသတ်တွေက Licha ကိုချစ်ကြတယ်။ အသင်းတစ်သင်းမှာ ဒီလိုမျိုးစိတ်ဓာတ်ပြင်းထန်တဲ့ကစားသမားတွေ ရှိဖို့လိုအပ်ပါတယ်။ ” လို့ Boss ကတော့ သူ့ရဲ့တပည့်ကို အပြည့်အဝချီးကျူးပြီး အမှတ်ပြည့်ပေးသွားခဲ့ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *