ငွက္က်ားတို႔ရဲ႕ေပါက္ကြဲအားကို မယွဥ္ႏိုင္ဘဲ အဆင့္ ၃ ေနရာက ဆင္းေပးလိုက္ရတဲ့ တန္ဟက္ဂ်္ရဲ႕ မန္ယူႏိုက္တက္ [နယူးကာဆယ္လ္ ၂-၀ မန္ယူ] ပြဲၿပီးသုံးသပ္ခ်က္
|ငွက္က်ားတို႔ရဲ႕ေပါက္ကြဲအားကို မယွဥ္ႏိုင္ဘဲ အဆင့္ ၃ ေနရာက ဆင္းေပးလိုက္ရတဲ့ တန္ဟက္ဂ်္ရဲ႕ မန္ယူႏိုက္တက္ [နယူးကာဆယ္လ္ ၂-၀ မန္ယူ] ပြဲၿပီးသုံးသပ္ခ်က္
နယူးကာဆယ္လ္ယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား နစ္ခ္ ပုပ္၊ ဖာဘီယန္ ရွား၊ ေဘာ့တ္မန္၊ ထရစ္ပီယာနဲ႔ ဒန္ဘန္းတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ေလာင္းစတပ္ဖ္နဲ႔ ဝီေလာ့ခ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ မာဖီ၊ စန္မက္ဇီမန္နဲ႔ အီဆက္ခ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။ ဧည့္သည္ မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ ခံစစ္မွာ ဗာ႐ြန္း၊ လီဆန္ဒ႐ို မာတီနက္ဇ္၊ ဒါေလာ့နဲ႔ လုခ္ေရွာတို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ မက္ေတာ္မီေနး၊ ဆာဘစ္ဇာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဗက္ဂ္ေဟာ့စ္တို႔ကိုပဲ အေျပာင္းအလဲမရွိ ေ႐ြးခ်ယ္ခဲ့ရတာပါ။
တန္ဟတ္ေရာက္လာေပမယ့္လည္း အၿမဲတမ္း Passive ျဖစ္တဲ့ ကစားပုံနဲ႔ နည္းျပအဆက္ဆက္ အသားက်ေနမႈကို ေျပာင္းလဲေနခဲ့ရၿပီး အလုံးစုံ မေအာင္ျမင္ႏိုင္ေသးတာက မန္ယူတို႔အတြက္ ေဘာလုံးကိုင္ကစားတဲ့ အသင္းေတြနဲ႔ေတြ႕ရင္ ငါတို႔က အသင္းႀကီးဆိုတာ ျပသႏိုင္ျခင္း မရွိေသးဘဲ ျဖစ္ေနခဲ့သလို နယူးကာဆယ္လ္နဲ႔ အေတြ႕မွာလည္း ေအာက္ကေနပဲ ကစားေနခဲ့ရပါတယ္။ ပြဲစကတည္းက နယူးကာဆယ္လ္တို႔ ဖိကစားေနခဲ့သလို ဆာဘစ္ဇာနဲ႔ မက္ေတာ္မီေနးတို႔ အတြဲမညီမႈက မန္ယူဘက္ကို ျပႆနာမ်ားေစခဲ့ၿပီး ပြဲခ်ိန္ ၁၆ မိနစ္မွာ အီဆက္ခ္ရဲ႕ ေခါင္းတိုက္ခ်က္နဲ႔ ဝီေလာ့ခ္ရဲ႕ အနီးကပ္ကန္ခ်က္ကို ဒေဟးယားက ဆက္တိုက္ကာကြယ္သြားႏိုင္ခဲ့လို႔ ေစာေစာစီးစီး ဂိုးမေပးခဲ့ရတာျဖစ္သလို ဧည့္သည္ေတြအေနနဲ႔ ေတာင္ပံခံစစ္ေတြမွာလည္း ေပါ့ေလ်ာ့မႈ မ်ားလြန္းလို႔ ျမင္မေကာင္း ရႈမေကာင္း ၿခိမ္းေျခာက္ခံခဲ့ရတာပါ။
ဗာ႐ြန္းေရာ မာတီနက္ဇ္ပါ ဒီေန႔မွာ ဖ်က္အားမရွိဘဲျဖစ္ေနခဲ့ၾကၿပီး နယူးကာဆယ္လ္တို႔ အဆုံးသတ္ မေသခ်ာခဲ့လို႔သာ ဂိုးေတြနဲ႔ ေဝးခဲ့ရသလို မန္ယူတို႔အေနနဲ႔ေတာ့ ေကာင္တာတစ္ေပါက္နဲ႔ အသင္းႀကီးလုပ္ခ်င္လို႔ မရေသးဘူးဆိုတာ လက္ေတြ႕ သေဘာေပါက္ခဲ့ရသလို အိမ္ရွင္ေတြအေနနဲ႔ ပထမပိုင္းမွာ အပိုင္အခြင့္အေရး ငါးႀကိမ္ထက္မနည္း ျဖဳန္းတီးခဲ့လို႔သာ ဂိုးမရွိသေရက်ေနခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာလည္း တန္ဟတ္အေနနဲ႔ သူ႔အသင္းကို ဘာမွ မျပင္ဆင္ႏိုင္ခဲ့သလို အန္တိုနီကေတာ့ ေဝဖန္သူေတြ ေျပာလဲေျပာခ်င္စရာအျဖစ္ ဘယ္ေျခတစ္ေပါက္နဲ႔ ဟိုမေရာက္ ဒီမေရာက္ေတြပဲ ေလွ်ာက္ကန္ေနခဲ့လို႔ ပြဲခ်ိန္ ၆၂ မိနစ္မွာ သူနဲ႔ ဗက္ဂ္ေဟာ့စ္တို႔ကို ဆန္ခ်ိဳ၊ မာစီယယ္လ္တို႔နဲ႔ လူစားလဲခဲ့ရတာပါ။
ပြဲခ်ိန္ ၆၅ မိနစ္မွာ နယူးကာဆယ္လ္တို႔ အဖြင့္ဂိုး ရခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဘ႐ူႏို ဂီမာ႐ိုင္းစ္ရဲ႕ ျဖတ္တင္ေဘာက အေဝးတိုင္ဘက္ကို က်လာရာမွာ စန္မက္ဇီမန္က ဂိုးေရွ႕ကို ေခါင္းျပန္တိုက္ခ်ေပးတဲ့ ေဘာလုံးကို ဝီေလာ့ခ္က မန္ယူေနာက္ခံလူေတြနဲ႔ ဂိုးသမား ဒေဟးယားတို႔ၾကားကေန အနီးကပ္ ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဂိုးရအၿပီးမွာေတာ့ နယူးကာဆယ္လ္တို႔ဘက္က ကစားအားကို ထိန္းသိမ္းဖို႔ လြဲေခ်ာ္မႈေတြ မ်ားေနတဲ့ စန္မက္ဇီမန္နဲ႔ မာဖီတို႔အစား Pressing နဲ႔ လိုက္အားပိုေကာင္းသူေတြျဖစ္ၾကတဲ့ ဂ်ိဳလင္တန္နဲ႔ ေဂၚဒန္တို႔ကို ထည့္သြင္းသြားခဲ့သလို ေထာင့္ကန္ေဘာကေန ဂ်ိဳလင္တန္ရဲ႕ ေခါင္းတိုက္ခ်က္ကို ဒေဟးယား ပုတ္ထုတ္ခဲ့ရၿပီး ျပန္ထြက္လာတာကို ရွားက ေခါင္းတိုက္သြင္းရာမွာလည္း မာစီယယ္လ္က ဂိုးစည္းေပၚက ပိတ္ဆို႔ခဲ့ရတာပါ။
ဝီေလာ့ခ္သာ ေတာက္ေလွ်ာက္ျဖဳန္းမေနခဲ့ရင္ နယူးကာဆယ္လ္တို႔အေနနဲ႔ ဒီထက္ပိုၿပီး ဂိုးရႏိုင္ခဲ့မွာျဖစ္ေပမယ့္ အဆုံးသတ္ပိုင္းမွာေတာ့ လိုအပ္ခ်က္ေတြ မ်ားေနတဲ့ တိုက္စစ္ကို ထိန္းသိမ္းဖို႔ နည္းျပ အက္ဒီေဟာင္းအေနနဲ႔ အီဆက္ခ္နဲ႔ ဝီေလာ့ခ္အစား ဝီလ္ဆန္နဲ႔ အန္ဒါဆန္တို႔ကို ထည့္ခဲ့ၿပီး မန္ယူတို႔ကေတာ့ မက္ေတာ္မီေနး၊ ဗာ႐ြန္းနဲ႔ မာတီနက္ဇ္တို႔အစား ဖရက္ဒ္၊ လင္ဒီေလာ့ဖ္နဲ႔ ပယ္လစၥထရီတို႔ကို ထည့္သြင္းသြားခဲ့ပါတယ္။ ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို ငွက္က်ားေတြပဲ သြင္းယူသြားခဲ့သလို ဒီဂိုးကိုေတာ့ ေလာင္းစတပ္ဖ္ေၾကာင့္ ရတဲ့ ဖရီးကစ္ကို ထရစ္ပီယာ ကန္တင္ေပးရာမွာ လူစားဝင္တိုက္စစ္မႉး ဝီလ္ဆန္က မန္ယူခံစစ္ၾကားကေန ေခါင္းတိုက္သြင္းခဲ့ရာမွာ ဘယ္ဘက္တိုင္ေျခကို ဝင္သြားခဲ့လို႔ ဒေဟးယား ငုတ္တုတ္ေမ့ခဲ့ရတာပါ။
ပြဲခ်ိန္အျပည့္မွာေတာ့ နယူးကာဆယ္လ္တို႔က မန္ယူတို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူၿပီး ဂိုးကြာျခားခ်က္ ေလးဂိုးဆိုတာ အသင္းႀကီးေတြနဲ႔ ရည္မွန္းခ်က္ျမင့္မားတဲ့ အသင္းေတြဆီမွာ ရွိေနရမယ့္ ရလဒ္မ်ိဳး မဟုတ္လို႔ ပိုၿပီး ႀကိဳးစားဖို႔လိုေၾကာင္း သင္ခန္းစာ ေပးသြားခဲ့သလို ခ်န္ပီယံလိဂ္ကစားခြင့္ စိတ္ခ်ရဖို႔ အဆင့္ ၃ ကိုပါ သိမ္းပိုက္လိုက္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
crd
unicode
ငှက်ကျားတို့ရဲ့ပေါက်ကွဲအားကို မယှဥ်နိုင်ဘဲ အဆင့် ၃ နေရာက ဆင်းပေးလိုက်ရတဲ့ တန်ဟက်ဂျ်ရဲ့ မန်ယူနိုက်တက် [နယူးကာဆယ်လ် ၂-၀ မန်ယူ] ပွဲပြီးသုံးသပ်ချက်
နယူးကာဆယ်လ်ယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နစ်ခ် ပုပ်၊ ဖာဘီယန် ရှား၊ ဘော့တ်မန်၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ လောင်းစတပ်ဖ်နဲ့ ဝီလော့ခ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မာဖီ၊ စန်မက်ဇီမန်နဲ့ အီဆက်ခ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။ ဧည့်သည် မန်ချက်စတာယူနိုက်တက်တို့ကတော့ ခံစစ်မှာ ဗာရွန်း၊ လီဆန်ဒရို မာတီနက်ဇ်၊ ဒါလော့နဲ့ လုခ်ရှောတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး၊ ဆာဘစ်ဇာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ရက်ရှ်ဖို့ဒ်နဲ့ ဗက်ဂ်ဟော့စ်တို့ကိုပဲ အပြောင်းအလဲမရှိ ရွေးချယ်ခဲ့ရတာပါ။
တန်ဟတ်ရောက်လာပေမယ့်လည်း အမြဲတမ်း Passive ဖြစ်တဲ့ ကစားပုံနဲ့ နည်းပြအဆက်ဆက် အသားကျနေမှုကို ပြောင်းလဲနေခဲ့ရပြီး အလုံးစုံ မအောင်မြင်နိုင်သေးတာက မန်ယူတို့အတွက် ဘောလုံးကိုင်ကစားတဲ့ အသင်းတွေနဲ့တွေ့ရင် ငါတို့က အသင်းကြီးဆိုတာ ပြသနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေခဲ့သလို နယူးကာဆယ်လ်နဲ့ အတွေ့မှာလည်း အောက်ကနေပဲ ကစားနေခဲ့ရပါတယ်။ ပွဲစကတည်းက နယူးကာဆယ်လ်တို့ ဖိကစားနေခဲ့သလို ဆာဘစ်ဇာနဲ့ မက်တော်မီနေးတို့ အတွဲမညီမှုက မန်ယူဘက်ကို ပြဿနာများစေခဲ့ပြီး ပွဲချိန် ၁၆ မိနစ်မှာ အီဆက်ခ်ရဲ့ ခေါင်းတိုက်ချက်နဲ့ ဝီလော့ခ်ရဲ့ အနီးကပ်ကန်ချက်ကို ဒဟေးယားက ဆက်တိုက်ကာကွယ်သွားနိုင်ခဲ့လို့ စောစောစီးစီး ဂိုးမပေးခဲ့ရတာဖြစ်သလို ဧည့်သည်တွေအနေနဲ့ တောင်ပံခံစစ်တွေမှာလည်း ပေါ့လျော့မှု များလွန်းလို့ မြင်မကောင်း ရှုမကောင်း ခြိမ်းခြောက်ခံခဲ့ရတာပါ။
ဗာရွန်းရော မာတီနက်ဇ်ပါ ဒီနေ့မှာ ဖျက်အားမရှိဘဲဖြစ်နေခဲ့ကြပြီး နယူးကာဆယ်လ်တို့ အဆုံးသတ် မသေချာခဲ့လို့သာ ဂိုးတွေနဲ့ ဝေးခဲ့ရသလို မန်ယူတို့အနေနဲ့တော့ ကောင်တာတစ်ပေါက်နဲ့ အသင်းကြီးလုပ်ချင်လို့ မရသေးဘူးဆိုတာ လက်တွေ့ သဘောပေါက်ခဲ့ရသလို အိမ်ရှင်တွေအနေနဲ့ ပထမပိုင်းမှာ အပိုင်အခွင့်အရေး ငါးကြိမ်ထက်မနည်း ဖြုန်းတီးခဲ့လို့သာ ဂိုးမရှိသရေကျနေခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း တန်ဟတ်အနေနဲ့ သူ့အသင်းကို ဘာမှ မပြင်ဆင်နိုင်ခဲ့သလို အန်တိုနီကတော့ ဝေဖန်သူတွေ ပြောလဲပြောချင်စရာအဖြစ် ဘယ်ခြေတစ်ပေါက်နဲ့ ဟိုမရောက် ဒီမရောက်တွေပဲ လျှောက်ကန်နေခဲ့လို့ ပွဲချိန် ၆၂ မိနစ်မှာ သူနဲ့ ဗက်ဂ်ဟော့စ်တို့ကို ဆန်ချို၊ မာစီယယ်လ်တို့နဲ့ လူစားလဲခဲ့ရတာပါ။
ပွဲချိန် ၆၅ မိနစ်မှာ နယူးကာဆယ်လ်တို့ အဖွင့်ဂိုး ရခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘရူနို ဂီမာရိုင်းစ်ရဲ့ ဖြတ်တင်ဘောက အဝေးတိုင်ဘက်ကို ကျလာရာမှာ စန်မက်ဇီမန်က ဂိုးရှေ့ကို ခေါင်းပြန်တိုက်ချပေးတဲ့ ဘောလုံးကို ဝီလော့ခ်က မန်ယူနောက်ခံလူတွေနဲ့ ဂိုးသမား ဒဟေးယားတို့ကြားကနေ အနီးကပ် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဂိုးရအပြီးမှာတော့ နယူးကာဆယ်လ်တို့ဘက်က ကစားအားကို ထိန်းသိမ်းဖို့ လွဲချော်မှုတွေ များနေတဲ့ စန်မက်ဇီမန်နဲ့ မာဖီတို့အစား Pressing နဲ့ လိုက်အားပိုကောင်းသူတွေဖြစ်ကြတဲ့ ဂျိုလင်တန်နဲ့ ဂေါ်ဒန်တို့ကို ထည့်သွင်းသွားခဲ့သလို ထောင့်ကန်ဘောကနေ ဂျိုလင်တန်ရဲ့ ခေါင်းတိုက်ချက်ကို ဒဟေးယား ပုတ်ထုတ်ခဲ့ရပြီး ပြန်ထွက်လာတာကို ရှားက ခေါင်းတိုက်သွင်းရာမှာလည်း မာစီယယ်လ်က ဂိုးစည်းပေါ်က ပိတ်ဆို့ခဲ့ရတာပါ။
ဝီလော့ခ်သာ တောက်လျှောက်ဖြုန်းမနေခဲ့ရင် နယူးကာဆယ်လ်တို့အနေနဲ့ ဒီထက်ပိုပြီး ဂိုးရနိုင်ခဲ့မှာဖြစ်ပေမယ့် အဆုံးသတ်ပိုင်းမှာတော့ လိုအပ်ချက်တွေ များနေတဲ့ တိုက်စစ်ကို ထိန်းသိမ်းဖို့ နည်းပြ အက်ဒီဟောင်းအနေနဲ့ အီဆက်ခ်နဲ့ ဝီလော့ခ်အစား ဝီလ်ဆန်နဲ့ အန်ဒါဆန်တို့ကို ထည့်ခဲ့ပြီး မန်ယူတို့ကတော့ မက်တော်မီနေး၊ ဗာရွန်းနဲ့ မာတီနက်ဇ်တို့အစား ဖရက်ဒ်၊ လင်ဒီလော့ဖ်နဲ့ ပယ်လစ္စထရီတို့ကို ထည့်သွင်းသွားခဲ့ပါတယ်။ ပွဲချိန် ၈၈ မိနစ်မှာတော့ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ငှက်ကျားတွေပဲ သွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ လောင်းစတပ်ဖ်ကြောင့် ရတဲ့ ဖရီးကစ်ကို ထရစ်ပီယာ ကန်တင်ပေးရာမှာ လူစားဝင်တိုက်စစ်မှူး ဝီလ်ဆန်က မန်ယူခံစစ်ကြားကနေ ခေါင်းတိုက်သွင်းခဲ့ရာမှာ ဘယ်ဘက်တိုင်ခြေကို ဝင်သွားခဲ့လို့ ဒဟေးယား ငုတ်တုတ်မေ့ခဲ့ရတာပါ။
ပွဲချိန်အပြည့်မှာတော့ နယူးကာဆယ်လ်တို့က မန်ယူတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး ဂိုးကွာခြားချက် လေးဂိုးဆိုတာ အသင်းကြီးတွေနဲ့ ရည်မှန်းချက်မြင့်မားတဲ့ အသင်းတွေဆီမှာ ရှိနေရမယ့် ရလဒ်မျိုး မဟုတ်လို့ ပိုပြီး ကြိုးစားဖို့လိုကြောင်း သင်ခန်းစာ ပေးသွားခဲ့သလို ချန်ပီယံလိဂ်ကစားခွင့် စိတ်ချရဖို့ အဆင့် ၃ ကိုပါ သိမ်းပိုက်လိုက်ကြောင်း ဖော်ပြလိုက်ရပါတယ်။
crd