ငှက်ကျားတို့ကို ကာရာဘောင်ရှုံးကြွေးဆပ်ဖို့ ခွင့်ပြုလိုက်ရတဲ့ စိန့်ဂျိမ်းပါ့ခ်မှ တန်ဟက်ဂ်ျရဲ့ ဗျူဟာအမှားသုံးရပ်
crd
unicode
ငှက်ကျားတို့ကို ကာရာဘောင်ရှုံးကြွေးဆပ်ဖို့ ခွင့်ပြုလိုက်ရတဲ့ စိန့်ဂျိမ်းပါ့ခ်မှ တန်ဟက်ဂျ်ရဲ့ ဗျူဟာအမှားသုံးရပ်
မန်ယူနိုက်တဒ် ကို ရောက်ရှိပြီးထဲက တန်ဟဂ် ရဲ့ နည်းစနစ်ပိုင်း နဲ့ ဗျူဟာချမှတ်မှုတွေဟာ အမှားကင်းတယ်လို့ဆိုရလောက်အောင်ထိ ကောင်းမွန်ခဲ့ပေမယ့် နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာတော့ ဒချ်နည်းပြကြီးတစ်ယောက် အလွဲလွဲအချော်ချော် ဖြစ်ခဲ့ရပါတယ်။တန်ဟဂ် ရဲ့ ပထမဆုံး အမှားက ပွဲထွက်အခင်းအကျင်းဖြစ်ပြီး နိုင်ငံတကာပွဲမှာ ခြေစွမ်းပြခဲ့တဲ့ တော်မနေး ကို ယုံကြည်ခဲ့တာပဲဖြစ်ပါတယ်။
ကတ်စမဲရိုး မပါဝင်လို့ တော်မနေး ကို အသုံးပြုခဲ့ရပေမယ့် စကော့သားကို နံပတ်(၆)အစား နံပတ်(၁၀)အထိ အသုံးပြုခဲ့ကာ ဘရူနို က နံပတ်(၈) အဖြစ် ကစားခဲ့ရပါတယ်။ ကွင်းလယ်ခံစစ် ကို ဆဘစ်ဇာ က တာဝန်ယူခဲ့ရပြီး အကျိုးဆက်အနေနဲ့ ယူနိုက်တဒ် ကွင်းလယ်ဟာ ပလိုင်းပေါက်နဲ့ဖားကောက်သလို ဖြစ်ခဲ့ရပါတယ်။
တော်မနေး က ဘောလုံးဆုံးရှုံးနေချိန်တွေ မှာ လိုက်လံလုယူတာမျိုးမရှိသလို ဘောလုံးပိုင်ဆိုင်ထားချိန်မှာလည်း နေရာလွတ်ရှာဖွေတာ၊ဘောလုံးလမ်းကြောင်းဖွင့်ပေးတာတွေ ပြုလုပ်နိုင်ခြင်းမရှိလို့ ယူနိုက်တဒ်အတွက် လူပိုတစ်ယောက် ဖြစ်ခဲ့ရပါတယ်။နိုင်ငံတကာပွဲတွေမှာ (၄)ဂိုးရခဲ့ပေမယ့် တော်မနေး ရဲ့ အရည်အချင်းဟာ ယူနိုက်တဒ် နဲ့ ထိုက်တန်မှုမရှိကြောင်း သိသာစေခဲ့တဲ့ ပွဲဖြစ်သလို တန်ဟဂ် ရဲ့ ဗျူဟာပိုင်းဆိုင်ရာ လွဲချော်မှုလည်းဖြစ်ပါတယ်။
ဒုတိယအမှားက စိန့်ဂျမ်းပါ့ခ် မှာ အထူးတလည်ခြေစွာနေတဲ့ အန်တိုနီ ကို လူစားလဲလိုက်ခြင်းပဲ ဖြစ်ပါတယ်။ဒီနေ့ပွဲမှာ ယူနိုက်တဒ်တိုက်စစ်ခြိမ်းခြောက်မှုရဲ့ (၆၀%)လောက်ကို အန်တိုနီ က သာ တာဝန်ယူထားခဲ့ပြီး ဆန်ချို နဲ့ လူစားလဲလိုက်တဲ့နောက် အတော်လေး အသက်မဲ့သွားခဲ့ရပါတယ်။ အန်တိုနီ ကြောင့်သာ နေရာလွတ်တွေရရှိပြီး ဂိုးကန်သွင်းခွင့်တချို့ရခဲ့ပေမယ့် ဆန်ချိူ ဝင်လာချိန်မှာတော့ အခြေအနေက ထင်တာထက်ပိုပြီးဆိုးရွားသွားခဲ့ပါတယ်။
တတိယအမှားက အမြင့်ဘောအားသာတဲ့ နယူးကာဆယ် ကို ခံစစ်မှုးတွေ ထုတ်ကာ စွန့်စားခဲ့ခြင်းပဲဖြစ်ပါတယ်။ ဗာရန်း နဲ့ မာတီနက်ဇ် ဟာ ဘယ်လိုအခြေအနေမှာမဆို လူစားလဲဖို့ လုံးဝမလိုအပ်သူတွေဖြစ်ပေမယ့် တန်ဟဂ် ကတော့ အရဲစွန့်ပြီး တိုက်စစ်ကစားသမားတွေ စုပြုံထည့်ကာ ဂိုးရဖို့ အလောတကြီး ပြုလုပ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့်ပဲ နယူးကာဆယ်အသင်းဟာ (၆)ကိုက်စည်းထဲ လွတ်လွတ်လပ်လပ်ခေါင်းတိုက်ခွင့်ရခဲ့တာဖြစ်ပြီး ဒီပွဲမှာ တန်ဟဂ် ရဲ့ ပွဲအပေါ်ချဉ်းကပ်မှု၊ပွဲတွင်းစီမံခန့်ခွဲမှု အားလုံးကအလွဲလွဲချော်ချော် ဖြစ်ခဲ့တယ်လို့ဆိုရပါလိမ့်မယ်။
Add a Comment
Your email address will not be published. Required fields are marked *