crd
unicode
ငါ့ကောင်လေးအန်တိုနီကိုမထိကြနဲ့လို့ အာချောင်နေတဲ့လက်ဂျန့်ကြီးတွေကိုပါးစပ်ပေါက်ပိတ်ပေးလိုက်တဲ့ တန်ဟဂ်
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အန်တိုနီကတော့ ပြိုင်ဘက် ကစားသမားတွေကို စကေးပြပြီး အရူးလုပ်ခဲ့ပါတယ်။ မန်ယူကစားသမားတွေအနေနဲ့ ပွဲကစားနေချိန်အတွင်းမှာ အလှအပစကေးတွေ ပြတာဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်ပဲဖြစ်ပြီး အကျိုးမယုတ်ဘူးဆိုရင် ဆက်ပြီး လုပ်ပိုင်ခွင့်ရှိတယ်လို့ မန်ယူနည်းပြ တန်ဟတ်က ပြောဆိုလိုက်ပါတယ်။ ရှရစ်ဖ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ယူတိုက်စစ်မှူး အန်တိုနီရဲ့ ဘောလုံးနဲ့အတူ ကိုယ်လုံးကို ပတ်ချာလည်လှည့်တဲ့ ပြကွက်ဟာ ပရိသတ်တွေကြားမှာတော့ ဝေဖန်စရာဖြစ်ခဲ့ပြီး မန်ယူကစားသမားဟောင်း ပေါးလ်စခိုး၊ အိုဝင်ဟားဂရေ့ဗ် တို့ကိုယ်တိုင်ကလည်း မနှစ်သက်တဲ့အကြောင်းကို ပြောခဲ့ကြပါတယ်။
ဒါပေမဲ့ လည်း တန်ဟတ်ကတော့ ဒီလိုမျိုး စကေးပြတာတွေဟာ လက်တွေ့ အသုံး တည့်နေတာမျိုး ဖြစ်မယ်ဆိုရင် ဘာမှ ပြဿနာမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ‘’အဲဒါက လက်တွေ့ကျနေသမျှ ကာလပတ်လုံး ကျွန်တော့်မှာ ဘာပြဿနာမှ မရှိပါဘူး။ သူ့အတွက်လည်းပဲ ကျွန်တော် ပိုပြီး တောင်းဆိုထားတာမျိုးရှိပါ တယ်။ များများပြေးလွှားဖို့၊ ပင်နယ်တီဧရိယာထဲကို မကြာခဏဆိုသလို ဆွဲဝင်ဖို့၊ အရှိန်ပါတဲ့လှည့်စားမှုမျိုးတွေ များများလုပ်ဖို့၊ အထူးသဖြင့် အပိုင်အခွင့် အရေးရအောင် ကစားဖို့ပေါ့။ ဒါကြောင့် ဒီပွဲထဲမှာကျွန်တော်တို့ လွှမ်းမိုးနိုင် ဖို့အတွက် ကျွန်တော်တို့ တောင်းဆိုခဲ့တာပါ။
အခုလိုမျိုး လှည့်စားမှုတွေ ရှိ လာတော့လည်း ကောင်းတာပေါ့။ အဲဒါက အလုပ်ဖြစ်နေသရွေ့ ဘောလုံးလည်း မဆုံးရှုံးဘူးဆိုရင် တိုက်စစ်မှူးတစ်ယောက်အတွက်ကတော့ အိုကေ ပေါ့ဗျာ။ ဒါပေမဲ့ ဒါက လှည့်စားမှု ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ လှည့်စား ပြရမယ်ဆိုရင်လည်း ကျွန်တော်ကတော့ သူ့ကို အမှန်ခြစ်ကလေး ပေးမှာပါ’’ လို့ တန်ဟတ်က ရှရစ်ဖ်ကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။
ဘောလုံးတစ်လုံးနဲ့အတူ ပြိုင်ဘက်ကို လှည့်ဖြားတဲ့ နေရာမှာ စူပါစတားလို့ တင်စားရတဲ့ စီရော်နယ်ဒိုတောင် ပြီးခဲ့တဲ့ရာသီမှာ သူ့ရဲ့ စကေးပြမှုတွေကို လျှော့ချခဲ့ပြီး အသင်းဖော်တွေအတွက် နေရာလွတ်တွေ ဖန်တီးနိုင်ဖို့ကိုသာ ဦးစားပေးကစားခဲ့တဲ့ သာဓကမျိုး ရှိနေပေမယ့်လည်း တန်ဟတ်ကတော့ အန်တိုနီဘက်ကနေပြီး လုပ်ပိုင်ခွင့် ပေးထားတယ်လို့ ပြောဆိုတာမျိုးလည်း ဖြစ်ခဲ့ပါတယ်။ တိုက်စစ်မှုး အန်တိုနီကတော့ ဘရာဇီးကစားသမား ဖြစ်တာနဲ့အညီ ဘောလုံးကစားရာမှာ လျင်မြန်ပြီး ပိုင်ပိုင်နိုင်နိုင် ကစားလေ့ရှိသူ ဖြစ်တာကြောင့် ပရိတ်သတ်တွေ အသည်းစွဲ ဖြစ်နေပါတယ်။