


 



 

crd

unicode

ဂျစ်ကန်ကန်လူဆိုးလေးဘဝမှအောင်မြင်တဲ့ ဘောလုံးကစားသမားဖြစ်လာဖို့ပုံဖော်ပေးခဲ့တဲ့အဓိကပုဂ္ဂိုလ်နှစ်ဦးကိုပြောပြလာတဲ့ သရဲနီဂန္တဝင် ဝိန်းရွန်းနီ

မန်ချက်စတာယူနိက်တက်ကို အားပေးသူတိုင်း ဘယ်တော့မှမမေ့ဘဲ အမြဲသတိတရရှိပြီး အချစ်တွေပေးနေရတဲ့ ကစားသမားတဦးရှိပါတယ်…သူကတော့ ဝိန်းရွန်းနီဆိုတဲ့ ကျောနံပါတ် ၁၀ကို ဝတ်ဆင်ပြီး ယူနိက်တက်မှာ အနစ်နာခံဆုံးပေးဆပ်မှုအကြီးဆုံးကစားသမားပါ…. ယူနိက်တက်ရဲ့ ထာဝရအကောင်းဆုံး ကျောနံပါတ် ၁၀ပိုင်ရှင်လို့တောင်ပြောလို့ရပါတယ်… အသင်းမှာ လိုအပ်ချိန်တိုင်း ဒဏ်ရာရနေသည့်တိုင် လူစားလဲဖို့မကြိုးစားဘဲ ကွင်းထဲ ကြိတ်မှိတ်ပြေးလွှားကာ ယူနိက်တက် ရဲ့ ၂၀၀၀ပြည့်နှစ် အလွန်နောင်ပိုင်း အောင်မြင်မှုတွေကို ဆာအဲလက်စ်ဖာဂူဆန်နဲ့အတူ ပုံဖော်ခဲ့သူပါ…

မန်ချက်စတာယူနိက်တက် ကစားသမားဘဝတယောက်လုံး ပေးဆပ်မှုများစွာ ကြီးစိုးခဲ့ပြီး တကွင်းလုံးနီးပါးပြေးလွှားနေခဲ့တဲ့ ဝိန်းရွန်းနီတယောက်ကိုတော့ ပရိတ်သတ်တွေချစ်ပြီးသားပါ….သူ့ဘဝတယောက်လုံးမှာ အချိုးအကွေ့အများကြီး ရင်ဆိုင်ခဲ့ရသလို အသင်းရဲ့ အတက်အကျတွေ အောင်မြင်မှုတွေကိုလည်း ဆက်တိုက်ခံစားခဲ့ရတဲ့ နေဝင်ချိန်ပစ်ပယ်ခံခဲ့ရတဲ့ ကစားသမားပါ….ထိုအချိန်က ပရိတ်သတ်တွေ ယူနိက်တက်ကို စိတ်တိုခဲ့ဖူးပါတယ်…အဲ့ဒီလို ဆက်ဆံခံခဲ့ရပေမဲ့ အပြုံးမပျက်ဘဲ ထွက်သွားခဲ့ပြီးရောက်တဲ့အသင်းမှာ ခြေစွမ်းပြပြီး ယခုဆို ဒါဘီအသင်းကို တွင်းနက်ထဲကကယ်ထုတ်နေပြီး ယူနိက်တက်ကပြန်လိုချင်လောက်အောင် စွမ်းဆောင်နိုင်နေသော နည်းပြဖြစ်နေလေပြီ….

ယခုဆို ဒါဘီအသင်းကို တွင်းနက်ထဲကကယ်ထုတ်နေပြီး ယူနိက်တက်ကပြန်လိုချင်လောက်အောင် စွမ်းဆောင်နိုင်နေသော နည်းပြဖြစ်နေလေပြီ….ဝိန်းရွန်းနီ ငယ်ငယ်က စိတ်တိုစိတ်ဆတ်ပြီးကွင်းထဲ ဝုန်းဒိုင်းကျဲသူတဦးတယောက်ဖြစ်ပြီး မထင်ရင်မထင်သလို လုပ်တတ်သူမို့ အသင်းက ထွက်ခွာချိန်ဘာကြောင့် စိတ်မတိုခဲ့လဲဆိုတာရယ် ကစားသမားဘဝပေးဆပ်နိုင်ပြီး အောင်မြင်တဲ့လူတယောက်ဖြစ်လာအောင် ဘယ်သူလုပ်ပေးခဲ့လဲဆိုတာ ကို ဝိန်းရွန်းနီက Amazon ကထုတ်ပေးတဲ့ သူ့ရဲ့ Doucmentry Video အကြောင်းမေးမြန်းတဲံ သတင်းထောက်အား ယခုလိုပြန်ဖြေခဲ့ပါတယ်….

.ဝိန်းရွန်းနီ က ” ကျနော့် ဘဝတဝက်လောက်ရဲ့အောင်မြင်မှုအားလုံးကို အဓိက လူနှစ်ဦးက ပဲ့ကိုင်ရှင်လုပ်ခဲ့ကြပါတယ်…အရင်က စိတ်တို စိတ်ဆတ်တဲ့ လူငယ်လေးဖြစ်တဲ့ ကျနော့်ကို ခြေစွမ်းတည်ငြိမ်အောင် ပဲ့ကိုင်ပေးသူက ဆာအဲလက်စ်ဖာဂူဆန်ပါ….တဖက်အသင်းအပေါ် ပေါက်ကွဲတိုင်း လူတွေအပေါ် မထိရောက်စေဘဲ အနိုင်ဂိုးတွေအဖြစ်ပြောင်းပေးဖို့သင်ပေးခဲ့ပါတယ်…..အနီကဒ်တွေက ရှောင်ရှားဖို့ ပေါ့…..ကျနော့်ကစားသမားဘဝပေးဆပ်တတ်ဖို့ နဲ့ ကျနော့်ရဲ့ဆက်ဆံရေးတွေကို ပြောင်းလဲပစ်ပေးခဲ့တသူက ကျနော့် ဇနီးကောလင်းပါ….သူကြောင့် အများကြီးပြောင်းလဲသွားခဲ့ပါတယ်..လူတွေအပေါ် အကောင်းမြင်တတ်လာပါတယ်…နောက်ဆုံးသူက ကျနော့် ဆံပင်စတိုင်ကို အဓိက ပြောင်းလဲပေးခဲ့တဲ့သူဆိုလည်း မမှားဘူးပေါ့……(ရယ်လျက် ) ” ဟု ဖြေသွားခဲ့ပါတယ်….
crd

Add a Comment

Your email address will not be published. Required fields are marked *