ဂိုးမသြင္းႏိုင္ေပမယ့္ တန္ဟဂ္ရဲ႕စနစ္မွာဂ်ိဳကာတစ္ေကာင္လိုျဖစ္ေနတဲ့ ပရိသတ္အခ်စ္ေတာ္ တိုက္စစ္မႉး
|ဂိုးမသြင္းႏိုင္ေပမယ့္ တန္ဟဂ္ရဲ႕စနစ္မွာဂ်ိဳကာတစ္ေကာင္လိုျဖစ္ေနတဲ့ ပရိသတ္အခ်စ္ေတာ္ တိုက္စစ္မႉး
လက္စတာနဲ႔ပြဲမွာ မန္ယူရဲ႕အဓိက တိုက္စစ္မႉးေတြ ျဖစ္ၾကတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ ေဂ်ဒန္ဆန္ခ်ိဳတို႔ ဂိုးေတြသြင္းႏိုင္ခဲ့ၾကလို႔ ခ်ီးခ်ီးပပ ေျပာေနဆိုေနၾကတာမ်ိဳးေတြ ရွိေပမဲ့လည္း အသင္းအတြက္ ကိုယ္စြမ္းဉာဏ္စြမ္းရွိသေ႐ြ႕ ႀကိဳးစားေပးခဲ့တဲ့ တိုက္စစ္မႉး ဝုဒ္ဝက္ေဟာ့ကေတာ့ အေမ့ခံတစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ ၿပိဳင္ပြဲ ၄ ရပ္မွာ ပြဲစဥ္ေတြ ဇယ္ဆက္သလို ကစားေနရတဲ့ နည္းျပ အဲရစ္တန္ဟတ္ဟာ အသင္းရဲ႕ လူစာရင္းကို အလွည့္က် သုံးေနတာျဖစ္သလို ကစားသမားေတြရဲ႕ လုပ္အားႏႈန္းကိုလည္း အခ်ိဳးက် သုံးစြဲေနတဲ့ သေဘာမ်ိဳး ရွိပါတယ္။
ဒါေၾကာင့္ ၿပီးခဲ့တဲ့ ဘာစီလိုနာနဲ႔ ပြဲမွာဆိုရင္ ဝက္ေဟာ့ဟာ နံပါတ္ ၁၀ ေနရာကို ရပိုင္ခြင့္တစ္ရပ္အေနနဲ႔ ကစားခြင့္ရခဲ့တာမ်ိဳး ရွိေပမဲ့လည္း လက္စတာနဲ႔ ပြဲမွာေတာ့ နံပါတ္ ၁၀ ရပိုင္ခြင့္ဆိုတာထက္ တိုက္စစ္အားသန္ကြင္းလယ္လူ ဆိုတဲ့ ေနရာကို အေျခတည္ၿပီး ကစားခဲ့ရတာပါ။ အိုးလ္ထရက္ဖို႔ဒ္ကို နယ္သာလန္သားတစ္ေယာက္ ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ ေရာက္လာတုန္းက စီေရာ္နယ္ဒိုရဲ႕ ေနရာကို ယာယီ အစားထိုးဖို႔ဆိုၿပီး လူသိမ်ားခဲ့တာပါ။ ဒါေပမဲ့ ဝက္ေဟာ့ရဲ႕ ပကတိအရွိတရားဟာ နည္းျပ အဲရစ္တန္ဟတ္ရဲ႕ လက္ေအာက္မွာ အေျပာင္းအလဲရွိလာၿပီး သူ႔ရဲ႕ စံႏႈန္းေတြကလည္း ပုံရိပ္ေယာင္ေတြလို တစ္သမတ္တည္း မရွိေတာ့ပါဘူး။ ဆိုရရင္ မန္ယူ ကစားခဲ့တဲ့ အနီးဆုံးပြဲ ၂ ပြဲျဖစ္တဲ့ ဘာစီလိုနာနဲ႔ လက္စတာတို႔ရဲ႕ ပြဲေတြမွာဆိုရင္ ဝက္ေဟာ့ဟာ တိုက္စစ္မႉးဆိုတာထက္ ကြင္းလယ္နဲ႔ တိုက္စစ္ကို ခ်ိတ္ဆက္ ေပးရတဲ့ ေနရာမွာ အဓိက အသုံးေတာ္ခံခဲ့ရတာပါ။
ဒီေနရာကို တခ်ိဳ႕က ေနာက္ခ်န္တိုက္စစ္မႉးလို႔ နာမည္ေပးၾကသလို တခ်ိဳ႕ကလည္း False-9 လို႔ ကင္ပြန္းတပ္ၾကပါတယ္။ ဘယ္လိုပဲေျပာေျပာ အခုလက္ရွိ ဝက္ေဟာ့ရဲ႕ ကစားပုံဟာ တိုက္စစ္မႉးတစ္ေယာက္အျဖစ္ ဂိုးရဖို႔ ဆိုတာထက္ အသင္းရဲ႕ ကစားသမားေတြ ေနရာလြတ္ရဖို႔နဲ႔ အသင္းေဖာ္တိုက္စစ္မႉးေတြ ဂိုးသြင္းႏိုင္ေအာင္ အဓိက အားစိုက္ေပးေနရတဲ့ အလုပ္ပါ။ ဒီလိုေနရာမ်ိဳးမွာ ကစားရတဲ့ တိုက္စစ္သမားတစ္ေယာက္ဟာ သူကိုယ္တိုင္ ဂိုးသြင္းဖို႔ဆိုတာမ်ိဳးထက္ အသင္းေဖာ္ေတြ ဂိုးသြင္းႏိုင္ေအာင္ ဖန္တီးေပးဖို႔က အဓိက တာဝန္ျဖစ္သြားပါ တယ္။ ေနာက္ၿပီး လိုအပ္ရင္ ေဘာလုံးကို ကိုယ့္ကြင္းဘက္အထိ ဆင္းယူေပးရတဲ့ တာဝန္ကလည္း ပခုံးေပၚမွာရွိေနၿပီး အဲဒီ ကစားပုံမ်ိဳးနဲ႔အတူ ဆရာက်က် ဂိုးသြင္းႏိုင္ခဲ့တဲ့ ကစားသမားက မန္ယူမွာ ဝိန္း႐ြန္ေနးေနာက္ပိုင္း ဘယ္သူမွ မရွိခဲ့ပါဘူး။
အဲရစ္တန္ဟတ္ဟာ မန္ယူရဲ႕အသြင္ကူးေျပာင္းေရး ကာလမွာ ဝက္ေဟာ့ကို ဂ်ိဳကာလို လွည့္သုံးေနတာျဖစ္တဲ့အတြက္ နယ္သာလန္သားဟာ ဂိုးရဖို႔ဆိုတာကို အာ႐ုံမစိုက္ႏိုင္ေတာ့ဘဲ အသင္းေဖာ္ေတြ အလုပ္ျဖစ္ေရးကိုပဲ အဓိက ဦးစားေပးေနတာပါ။ ဒီအခ်က္ကို ေကာင္းေကာင္းနားလည္သေဘာေပါက္တဲ့ သရဲနီ ပရိသတ္ေတြကေတာ့ သူတို႔ရဲ႕ တိုက္စစ္မႉးကို အျပစ္မျမင္ဘဲ ခ်စ္ၾကင္နာဖို႔ကိုသာ စဥ္းစားေနေလရဲ႕။
crd
unicode
ဂိုးမသွင်းနိုင်ပေမယ့် တန်ဟဂ်ရဲ့စနစ်မှာဂျိုကာတစ်ကောင်လိုဖြစ်နေတဲ့ ပရိသတ်အချစ်တော် တိုက်စစ်မှူး
လက်စတာနဲ့ပွဲမှာ မန်ယူရဲ့အဓိက တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ဂျေဒန်ဆန်ချိုတို့ ဂိုးတွေသွင်းနိုင်ခဲ့ကြလို့ ချီးချီးပပ ပြောနေဆိုနေကြတာမျိုးတွေ ရှိပေမဲ့လည်း အသင်းအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားပေးခဲ့တဲ့ တိုက်စစ်မှူး ဝုဒ်ဝက်ဟော့ကတော့ အမေ့ခံတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲ ၄ ရပ်မှာ ပွဲစဉ်တွေ ဇယ်ဆက်သလို ကစားနေရတဲ့ နည်းပြ အဲရစ်တန်ဟတ်ဟာ အသင်းရဲ့ လူစာရင်းကို အလှည့်ကျ သုံးနေတာဖြစ်သလို ကစားသမားတွေရဲ့ လုပ်အားနှုန်းကိုလည်း အချိုးကျ သုံးစွဲနေတဲ့ သဘောမျိုး ရှိပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ဘာစီလိုနာနဲ့ ပွဲမှာဆိုရင် ဝက်ဟော့ဟာ နံပါတ် ၁၀ နေရာကို ရပိုင်ခွင့်တစ်ရပ်အနေနဲ့ ကစားခွင့်ရခဲ့တာမျိုး ရှိပေမဲ့လည်း လက်စတာနဲ့ ပွဲမှာတော့ နံပါတ် ၁၀ ရပိုင်ခွင့်ဆိုတာထက် တိုက်စစ်အားသန်ကွင်းလယ်လူ ဆိုတဲ့ နေရာကို အခြေတည်ပြီး ကစားခဲ့ရတာပါ။ အိုးလ်ထရက်ဖို့ဒ်ကို နယ်သာလန်သားတစ်ယောက် ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ရောက်လာတုန်းက စီရော်နယ်ဒိုရဲ့ နေရာကို ယာယီ အစားထိုးဖို့ဆိုပြီး လူသိများခဲ့တာပါ။ ဒါပေမဲ့ ဝက်ဟော့ရဲ့ ပကတိအရှိတရားဟာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ လက်အောက်မှာ အပြောင်းအလဲရှိလာပြီး သူ့ရဲ့ စံနှုန်းတွေကလည်း ပုံရိပ်ယောင်တွေလို တစ်သမတ်တည်း မရှိတော့ပါဘူး။ ဆိုရရင် မန်ယူ ကစားခဲ့တဲ့ အနီးဆုံးပွဲ ၂ ပွဲဖြစ်တဲ့ ဘာစီလိုနာနဲ့ လက်စတာတို့ရဲ့ ပွဲတွေမှာဆိုရင် ဝက်ဟော့ဟာ တိုက်စစ်မှူးဆိုတာထက် ကွင်းလယ်နဲ့ တိုက်စစ်ကို ချိတ်ဆက် ပေးရတဲ့ နေရာမှာ အဓိက အသုံးတော်ခံခဲ့ရတာပါ။
ဒီနေရာကို တချို့က နောက်ချန်တိုက်စစ်မှူးလို့ နာမည်ပေးကြသလို တချို့ကလည်း False-9 လို့ ကင်ပွန်းတပ်ကြပါတယ်။ ဘယ်လိုပဲပြောပြော အခုလက်ရှိ ဝက်ဟော့ရဲ့ ကစားပုံဟာ တိုက်စစ်မှူးတစ်ယောက်အဖြစ် ဂိုးရဖို့ ဆိုတာထက် အသင်းရဲ့ ကစားသမားတွေ နေရာလွတ်ရဖို့နဲ့ အသင်းဖော်တိုက်စစ်မှူးတွေ ဂိုးသွင်းနိုင်အောင် အဓိက အားစိုက်ပေးနေရတဲ့ အလုပ်ပါ။ ဒီလိုနေရာမျိုးမှာ ကစားရတဲ့ တိုက်စစ်သမားတစ်ယောက်ဟာ သူကိုယ်တိုင် ဂိုးသွင်းဖို့ဆိုတာမျိုးထက် အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် ဖန်တီးပေးဖို့က အဓိက တာဝန်ဖြစ်သွားပါ တယ်။
နောက်ပြီး လိုအပ်ရင် ဘောလုံးကို ကိုယ့်ကွင်းဘက်အထိ ဆင်းယူပေးရတဲ့ တာဝန်ကလည်း ပခုံးပေါ်မှာရှိနေပြီး အဲဒီ ကစားပုံမျိုးနဲ့အတူ ဆရာကျကျ ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားက မန်ယူမှာ ဝိန်းရွန်နေးနောက်ပိုင်း ဘယ်သူမှ မရှိခဲ့ပါဘူး။
အဲရစ်တန်ဟတ်ဟာ မန်ယူရဲ့အသွင်ကူးပြောင်းရေး ကာလမှာ ဝက်ဟော့ကို ဂျိုကာလို လှည့်သုံးနေတာဖြစ်တဲ့အတွက် နယ်သာလန်သားဟာ ဂိုးရဖို့ဆိုတာကို အာရုံမစိုက်နိုင်တော့ဘဲ အသင်းဖော်တွေ အလုပ်ဖြစ်ရေးကိုပဲ အဓိက ဦးစားပေးနေတာပါ။ ဒီအချက်ကို ကောင်းကောင်းနားလည်သဘောပေါက်တဲ့ သရဲနီ ပရိသတ်တွေကတော့ သူတို့ရဲ့ တိုက်စစ်မှူးကို အပြစ်မမြင်ဘဲ ချစ်ကြင်နာဖို့ကိုသာ စဉ်းစားနေလေရဲ့။