ဂိုသြင္းႏိုင္ဖို႔ထက္အသင္းအႏိုင္ရေရးဦးစားေပးကစားလာေနတဲ့ သရဲနီဘုရင္ႀကီး စီေရာ္နယ္ဒို

ဂိုသြင္းႏိုင္ဖို႔ထက္အသင္းအႏိုင္ရေရးဦးစားေပးကစားလာေနတဲ့ သရဲနီဘုရင္ႀကီး စီေရာ္နယ္ဒို

ယူႏိုက္တတ္အသင္းဟာေနာက္ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ္ႏွစ္ပြဲဆက္တိုက္အႏိုင္ရရွိခဲ့ၿပီးေနာက္မွာေတာ့ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္ေလးေနရာအထိတတ္လွမ္းလာႏိုင္ခဲ့ၿပီလည္းျဖစ္ပါတယ္။ယူႏိုက္တတ္အသင္းရဲ႕ေနာက္ဆုံးႏိုင္ပြဲႏွစ္ပြဲလုံးမွာ အသင္းရဲ႕အဓိကတိုက္စစ္မႉးေရာ္နယ္ဒိုဟာသြင္းဂိုးမသြင္းႏိုင္ခဲ့သလိုဂိုးဖန္တီးမႈလည္းမလုပ္ႏိုင္ခဲ့ေပမယ့္အသင္းရဲ႕ဂိုးေတြမွာအေရးႀကီးတဲ့အခန္းက႑ကပါဝင္ေနေၾကာင္းအခ်က္အလက္ေတြထြက္ေပၚလာပါတယ္။မန္ယူအသင္းက ဝက္စ္ဟမ္းကို ၁-၀ နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ မန္ယူရသြားတဲ့ဂိုးကို ကာဗာနီကဖန္တီးေပးၿပီး ရက္ရွ္ဖို႔ဒ္ကသြင္းယူခဲ့တာမွန္ေပမယ့္ဒီဂိုးရသြားတဲ့ တကယ့္အေၾကာင္းအရင္းအမွန္က စီေရာ္နယ္ဒိုရဲ႕လႈပ္ရွားမႈဘဲျဖစ္တယ္လို႔ သိရပါတယ္။ဒါကိုေထာက္ျပခဲ့တာက ဝက္စ္ဟမ္းနဲ႔ပတ္သက္ၿပီး ေလ့လာသုံးသပ္သူတစ္ဦးျဖစ္ၿပီး စီေရာ္နယ္ဒိုရဲ႕ ဆရာက်တဲ့လႈပ္ရွားမႈသာမပါရင္ ပြဲၿပီးကာနီးမွာဂိုးရဖို႔မရွိဘူးလို႔လည္းဆိုပါတယ္။

 

 

 

၉၃ မိနစ္ေရာက္မွ ရက္ရွ္ဖို႔ဒ္သြင္းယူခဲ့တဲ့ ဒီဂိုးအတြက္ လူစားဝင္လာသူေတြျဖစ္တဲ့ ကာဗာနီနဲ႔ မာရွယ္ တို႔ကအဓိကက်ခဲ့တာမွန္ေပမယ့္နည္းစနစ္ပိုင္းနဲ႔ၾကည့္ရင္ ဂိုးရဖို႔တကယ္လုပ္ေဆာင္ေပးႏိုင္ခဲ့သူက စီေရာ္နယ္ဒိုဘဲျဖစ္ပါတယ္။မန္ခ်က္စတာညေနခင္းသတင္းစာက ဆမ္ျမဴရယ္လုခ္ဟက္စ္က” ဝက္စ္ဟမ္းအသင္းကိုေလ့လာသုံးသပ္ေနသူတစ္ဦးေျပာတာကေတာ့ ဒီဂိုးဟာ စီေရာ္နယ္ဒိုေကာင္းလို႔ရခဲ့တာပါတဲ့။စီေရာ္နယ္ဒိုဟာသူ႔လႈပ္ရွားမႈနဲ႔ ဝက္စ္ဟမ္းကိုသတ္သြားတာေပါ့ဗ်ာ။ဂိုးဘက္ကိုျပန္ၾကည့္ရင္ စီေရာ္နယ္ဒိုဟာ ဂိုးရႏိုင္တဲ့ဧရိယာမွာေတာ့မရွိပါဘူး။ဒါေပမယ့္သူဟာ ဝက္စ္ဟမ္းကစားသမားႏွစ္ဦးသူ႔နားကိုေရာက္ေအာင္ မွ်ားေခၚၿပီးမွ မာရွယ္နဲ႔ ကာဗာနီ တို႔ကိုေနရာလြတ္ေတြရေအာင္ လုပ္ေပးလိုက္တာပါ” လို႔ သူ႔တြစ္တာမွာေျပာသြားပါတယ္။တကယ္တမ္းမွာလည္း စီေရာ္နယ္ဒိုဟာ ေဘာလုံးရခ်ိန္မွာသူ႔ဆီလာၿပီး ၿပိဳင္ဘက္ႏွစ္ဦးဖ်က္ထုတ္ဖို႔ႀကိဳးစားခ်ိန္မွာ သူ႔ေၾကာင့္ေနရာလြတ္ေနတဲ့ မာရွယ္ဆီေဘာလုံးေပးလိုက္တာပါ။မာရွယ္က ေတာင္ပံကိုဖြင့္ၿပီးေနရာယူထားေပးတဲ့ ကာဗာနီဆီေဘာလုံးေပးလိုက္ရာမွာ ဒီဥ႐ုေဂြးသားရဲ႕ဖန္တီးေပးမႈကေန ရက္ရွ္ဖို႔ဒ္က အပိုင္ပိတ္သြင္းႏိုင္ခဲ့တာပါ။

စီေရာ္နယ္ဒိုဟာ မန္ယူအသင္းအတြက္ၿပိဳင္ပြဲအရပ္ရပ္ ၁၄ ဂိုးသြင္းထားေပမယ့္ သူ႔ေၾကာင့္ မန္ယူရဲ႕ဟန္ခ်က္ပ်က္တယ္ဆိုၿပီးေဝဖန္မႈေတြခံခဲ့ရပါတယ္။ဒါေပမယ့္ ေနာက္ပိုင္းမွာ သူဟာအသင္းလိုက္ကစားသမားအျဖစ္ပိုမိုတာဝန္ယူလာတာကိုလည္းေတြ႕ရပါတယ္။ဘရန္းဖို႔ဒ္နဲ႔ပြဲတုန္းကလည္း အီလန္ဂါသြင္းခဲ့တဲ့ဂိုးဟာလည္း သူေကာင္းလို႔ရရွိခဲ့တာျဖစ္ပါတယ္။အဲဒီပြဲမွာလည္းသူ႔နားကို ဘရန္းဖို႔ဒ္ခံစစ္ကစားသမားႏွစ္ဦးေရာက္လာေအာင္ လုပ္ခဲ့မႈေၾကာင့္ အီလန္ဂါက ေနရာလြတ္ရသြားၿပီး ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

 

နည္းျပးရန္းနစ္ရဲ႕လက္ေအာက္မွာေရာ္နယ္ဒိုဟာသြင္းဂိုးသိပ္မရေတာ့ေပမယ့္အသင္းအႏိုင္ရဖို႔အတြက္အသင္းနဲ႔ပိုမိုပူးေပါင္းလုပ္ေဆာင္လာတယ္လို႔ ေဆာင္းပါးရွင္ကေထာက္ျပထားပါတယ္။ေရာ္နယ္ဒိုအသင္းကိုျပန္လာလို႔အသင္းသားေတြစိတ္ဝမ္းကြဲၿပီးဒီလိုအျဖစ္မ်ိဳးေတြျဖစ္ရတယ္လို႔တခ်ိဳ႕ပရိတ္သတ္ေတြရဲ႕ေဝဖန္မႈေတြကို ေဆာင္းပါးရွင္ကအခုလိုအခ်က္အလက္ေတြနဲ႔ ေျခဖ်က္ျပခဲ့ၿပီးေရာ္နယ္ဒိုဟာသူဂိုးသြင္းႏိုင္ဖို႔ထက္အသင္းအႏိုင္ရေရးကိုသာဦးစားေပး ကစားေနကာသူ႔ရဲ႕ကစားပုံကိုအေျပာင္းအလဲလုပ္ေနၿပီလို႔ အခုလိုတင္ျပေပးသြားတာဘဲျဖစ္ပါတယ္။
crd

unicode

ဂိုသွင်းနိုင်ဖို့ထက်အသင်းအနိုင်ရရေးဦးစားပေးကစားလာနေတဲ့ သရဲနီဘုရင်ကြီး စီရော်နယ်ဒို

ယူနိုက်တတ်အသင်းဟာနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်နှစ်ပွဲဆက်တိုက်အနိုင်ရရှိခဲ့ပြီးနောက်မှာတော့ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်လေးနေရာအထိတတ်လှမ်းလာနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ယူနိုက်တတ်အသင်းရဲ့နောက်ဆုံးနိုင်ပွဲနှစ်ပွဲလုံးမှာ အသင်းရဲ့အဓိကတိုက်စစ်မှူးရော်နယ်ဒိုဟာသွင်းဂိုးမသွင်းနိုင်ခဲ့သလိုဂိုးဖန်တီးမှုလည်းမလုပ်နိုင်ခဲ့ပေမယ့်အသင်းရဲ့ဂိုးတွေမှာအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်နေကြောင်းအချက်အလက်တွေထွက်ပေါ်လာပါတယ်။မန်ယူအသင်းက ဝက်စ်ဟမ်းကို ၁-၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာ မန်ယူရသွားတဲ့ဂိုးကို ကာဗာနီကဖန်တီးပေးပြီး ရက်ရှ်ဖို့ဒ်ကသွင်းယူခဲ့တာမှန်ပေမယ့်ဒီဂိုးရသွားတဲ့ တကယ့်အကြောင်းအရင်းအမှန်က စီရော်နယ်ဒိုရဲ့လှုပ်ရှားမှုဘဲဖြစ်တယ်လို့ သိရပါတယ်။ဒါကိုထောက်ပြခဲ့တာက ဝက်စ်ဟမ်းနဲ့ပတ်သက်ပြီး လေ့လာသုံးသပ်သူတစ်ဦးဖြစ်ပြီး စီရော်နယ်ဒိုရဲ့ ဆရာကျတဲ့လှုပ်ရှားမှုသာမပါရင် ပွဲပြီးကာနီးမှာဂိုးရဖို့မရှိဘူးလို့လည်းဆိုပါတယ်။

၉၃ မိနစ်ရောက်မှ ရက်ရှ်ဖို့ဒ်သွင်းယူခဲ့တဲ့ ဒီဂိုးအတွက် လူစားဝင်လာသူတွေဖြစ်တဲ့ ကာဗာနီနဲ့ မာရှယ် တို့ကအဓိကကျခဲ့တာမှန်ပေမယ့်နည်းစနစ်ပိုင်းနဲ့ကြည့်ရင် ဂိုးရဖို့တကယ်လုပ်ဆောင်ပေးနိုင်ခဲ့သူက စီရော်နယ်ဒိုဘဲဖြစ်ပါတယ်။မန်ချက်စတာညနေခင်းသတင်းစာက ဆမ်မြူရယ်လုခ်ဟက်စ်က” ဝက်စ်ဟမ်းအသင်းကိုလေ့လာသုံးသပ်နေသူတစ်ဦးပြောတာကတော့ ဒီဂိုးဟာ စီရော်နယ်ဒိုကောင်းလို့ရခဲ့တာပါတဲ့။စီရော်နယ်ဒိုဟာသူ့လှုပ်ရှားမှုနဲ့ ဝက်စ်ဟမ်းကိုသတ်သွားတာပေါ့ဗျာ။ဂိုးဘက်ကိုပြန်ကြည့်ရင် စီရော်နယ်ဒိုဟာ ဂိုးရနိုင်တဲ့ဧရိယာမှာတော့မရှိပါဘူး။ဒါပေမယ့်သူဟာ ဝက်စ်ဟမ်းကစားသမားနှစ်ဦးသူ့နားကိုရောက်အောင် မျှားခေါ်ပြီးမှ မာရှယ်နဲ့ ကာဗာနီ တို့ကိုနေရာလွတ်တွေရအောင် လုပ်ပေးလိုက်တာပါ” လို့ သူ့တွစ်တာမှာပြောသွားပါတယ်။တကယ်တမ်းမှာလည်း စီရော်နယ်ဒိုဟာ ဘောလုံးရချိန်မှာသူ့ဆီလာပြီး ပြိုင်ဘက်နှစ်ဦးဖျက်ထုတ်ဖို့ကြိုးစားချိန်မှာ သူ့ကြောင့်နေရာလွတ်နေတဲ့ မာရှယ်ဆီဘောလုံးပေးလိုက်တာပါ။မာရှယ်က တောင်ပံကိုဖွင့်ပြီးနေရာယူထားပေးတဲ့ ကာဗာနီဆီဘောလုံးပေးလိုက်ရာမှာ ဒီဥရုဂွေးသားရဲ့ဖန်တီးပေးမှုကနေ ရက်ရှ်ဖို့ဒ်က အပိုင်ပိတ်သွင်းနိုင်ခဲ့တာပါ။

စီရော်နယ်ဒိုဟာ မန်ယူအသင်းအတွက်ပြိုင်ပွဲအရပ်ရပ် ၁၄ ဂိုးသွင်းထားပေမယ့် သူ့ကြောင့် မန်ယူရဲ့ဟန်ချက်ပျက်တယ်ဆိုပြီးဝေဖန်မှုတွေခံခဲ့ရပါတယ်။ဒါပေမယ့် နောက်ပိုင်းမှာ သူဟာအသင်းလိုက်ကစားသမားအဖြစ်ပိုမိုတာဝန်ယူလာတာကိုလည်းတွေ့ရပါတယ်။ဘရန်းဖို့ဒ်နဲ့ပွဲတုန်းကလည်း အီလန်ဂါသွင်းခဲ့တဲ့ဂိုးဟာလည်း သူကောင်းလို့ရရှိခဲ့တာဖြစ်ပါတယ်။အဲဒီပွဲမှာလည်းသူ့နားကို ဘရန်းဖို့ဒ်ခံစစ်ကစားသမားနှစ်ဦးရောက်လာအောင် လုပ်ခဲ့မှုကြောင့် အီလန်ဂါက နေရာလွတ်ရသွားပြီး ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

နည်းပြးရန်းနစ်ရဲ့လက်အောက်မှာရော်နယ်ဒိုဟာသွင်းဂိုးသိပ်မရတော့ပေမယ့်အသင်းအနိုင်ရဖို့အတွက်အသင်းနဲ့ပိုမိုပူးပေါင်းလုပ်ဆောင်လာတယ်လို့ ဆောင်းပါးရှင်ကထောက်ပြထားပါတယ်။ရော်နယ်ဒိုအသင်းကိုပြန်လာလို့အသင်းသားတွေစိတ်ဝမ်းကွဲပြီးဒီလိုအဖြစ်မျိုးတွေဖြစ်ရတယ်လို့တချို့ပရိတ်သတ်တွေရဲ့ဝေဖန်မှုတွေကို ဆောင်းပါးရှင်ကအခုလိုအချက်အလက်တွေနဲ့ ခြေဖျက်ပြခဲ့ပြီးရော်နယ်ဒိုဟာသူဂိုးသွင်းနိုင်ဖို့ထက်အသင်းအနိုင်ရရေးကိုသာဦးစားပေး ကစားနေကာသူ့ရဲ့ကစားပုံကိုအပြောင်းအလဲလုပ်နေပြီလို့ အခုလိုတင်ပြပေးသွားတာဘဲဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *